♪ Galaxy S7 ‘Jet Black’ version ထုတ်ဖို့ Samsung စီစဉ်နေ ♫


Samsung အနေနဲ့ လာမယ့် ဒီဇင်ဘာလထဲမှာ Galaxy S7 ကို Jet Black version အဖြစ် ထပ်မံထုတ်လုပ်ဖို့ စီစဉ်နေကြောင်း The Korea Herald သတင်း website ရဲ့ ဖော်ပြချက်အရသိရပါတယ်။
အခုလိုထပ်မံ ထုတ်လုပ်မယ့် အရောင်အသစ်ဟာ iPhone 7 နဲ့ iPhone 7 Plus တို့ရဲ့ လက်ရှိဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ Jet Black နဲ့ Matte Black ကို ပြိုင်ဆိုင်ဖို့အတွက်ဖြစ်ပြီး battery ပြဿ      နာကြောင့် ရောင်းချမှုရပ်ဆိုင်းလိုက်ရတဲ့ Galaxy Note 7 ရဲ့ ဆုံးရှုံးနစ်နာမှုတွေကိုပါ ပြန်လည် ဖြည့်တင်းဖို့အတွက် ရည်ရွယ်တာဖြစ်တယ်ဆို ပါတယ်။
အခုနှစ် အစောပိုင်းမှာ iPhone 6s နဲ့ 6s Pluse ကို Rose Gold အရောင်နဲ့ ထုတ်ပြီးနောက်မှာ Samsung က Galaxy S7 Pink Gold version ဆိုပြီးထုတ်ခဲ့ဖူးတဲ့အတွက် ဒီသတင်းသာ အမှန်တကယ်ဖြစ်လာမယ့်ဆိုရင် တော့ Samsung အနေနဲ့ အခုနှစ်အတွင်းမှာတင် Apple ကို အတုယူတာ (၂) ခုမြောက်ဖြစ်လာမှာဖြစ်ပါတယ်။


Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment