♪ “အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ” ♫


မေး - ဖုန်းရဲ့အ၀င်အထွက် Call နံပါတ်တွေမပေါ်ဘူးဖြစ်နေတယ် ဆရာ။
ဖြေ - ကျွန်တော်တို့ကြုံဖူးတဲ့ Error ကတော့ Date & Time မှာနေရင်မပေါ်ပါဘူး။ အစ်ကို့ဖုန်းထဲက Setting ထဲက Date & Time ကိုတစ်ချက်လောက်ပြန်တိုက်ကြည့်ပေးပါ။ အဲ့ဒါမှအဆင်မပြေရင် Data တွေကို Back Up ယူပြီး Setting ထဲကနေ Factory Reset ချပေးပါ။

မေး - Xiaomi ဖုန်းကို China Region လား။ Global Region လားဆိုတာ ဘယ်လိုစစ်ဆေးလို့ရမလဲခင်ဗျာ
ဖြေ - ဖုန်းထဲက Setting ထဲက Language & Input ထဲကိုဝင်ကြည့်လိုက်ရင် China Language နှစ်ခုနှင့် English Language တစ်ခုပါရင် China Region ဖြစ်ပြီး Language တွေအများကြီးပါရင် Global Region ဖြစ်ပါတယ်။ Application အနေနဲ့ကြည့်မယ်ဆိုရင်လည်း China Application တွေပါပြီး Google Play Services မပါရင် China Region ဖြစ်ပြီး Google Play Services ပါပြီး China Application တွေမပါရင် Global Region ဖြစ်ပါတယ်။

မေး - ကျွန်တော့်ဖုန်းကWi-Fi နှင့် အင်တာနက် အလိုလိုပွင့်နေလို့ ကူညီပေးပါဦးအစ်ကို။ ကျေးဇူးတင်ပါတယ်။
ဖြေ - အဲ့ဒီ Error ကတော့ Virus ကိုက်နေရင် Wi-Fi တို့ အင်တာနက်တို့ အလိုလိုပွင့်ပြီး Application တွေ လည်း အလိုလို Download ဆွဲပါတယ်။ Phone Virus ကို သတ်ချင်တယ်ဆိုရင်တော့ System တစ်ခုလုံးကို Firmware အသစ်ပြန်တင်မှပဲ အဆင်ပြေပါလိမ့်မယ်။

မေး - Redmi Note 3 က Speaker အသံအက်နေတာ လဲလို့ရနိုင်လားခင်ဗျာ။
ဖြေ - လဲလို့ရနိုင်ပါတယ်ခင်ဗျာ။

မေး - ကျွန်တော့်ရဲ့ဖုန်း HTC Desire 210 လေး Touch Screen လဲချင်တာ။ အဲ့ဒီလိုလဲလိုက်ရင် ဘာဆိုး ကျိုးတွေရနိုင်ပါသလဲ။ အချို့ကတော့ပြောတယ်။ ပြန်လဲလိုက်ရင် အကြာကြီးသုံးလို့မရဘူးလို့ပြောတယ်။ ဟုတ်ပါသလားဗျာ။ မှန်ကွဲလျက်နဲ့ အသုံးပြုတာ ၄ လလောက်ကြာတော့ Back, Home Key က မရတော့ဘူး။ Menu Key ပဲရတယ်။ စာရေးရင်လည်း ဟိုရောက်ဒီရောက်ဖြစ်နေလို့ မှန်လဲပြီးသုံးချင်တာ အဆင်ပြေနိုင်ပါ့မလားဗျာ။ ပြောပြပေးပါဦး။
ဖြေ - ဆိုးကျိုးကတော့ ကိုယ်လဲခိုင်းတဲ့ Service ဆိုင်ရဲ့လက်ရာ သေသပ်မှုအပေါ်မူတည်ပါတယ်။ Touch လဲ ပြီး အကြာကြီးသုံးလို့ရဖို့ကလည်း ကိုယ်သုံးတဲ့အပေါ် သက်ဆိုင်ပါတယ်။ လဲသုံးမယ်ဆို အဆင်ပြေနိုင်ပါတယ်။

မေး - ကျွန်တော့်ဖုန်းက Samsung J2 ပါ။ ဖုန်းကမသုံးဘဲနဲ့ အားကုန်ကုန်သွားပါတယ်။ အဲ့ဒါဘယ်လိုလုပ်ရ မလဲခင်ဗျာ။
ဖြေ - ဘက်ထရီလဲစမ်းကြည့်ပါ။ မရရင် Service ဆိုင်မှာ Hardware စစ်ပေးစေချင်ပါတယ်။

မေး - Second Handset တွေကို ရှာပြီးတော့ ၀ယ်ချင်ပါတယ်။ ဘယ်လိုရှာဝယ်ရမလဲမသိလို့ပါ။
ဖြေ - ဟုတ်ကဲ့။ Second Handset တွေကိုတော့ Online မှာရှိပြီးတော့ ၀ယ်လို့ရပါတယ်။ Website တွေရှိသလို Facebook Page တွေနဲ့ Group တွေတော်တော်များများရှိပါတယ်။ Website လိပ်စာကတော့ www.ads. com.mm မှာ ကိုယ်အဆင်ပြေမယ့်မြို့ကိုရှာပြီး ရွေးဝယ်နိုင်ပါတယ်။ Facebook Page နှင့် Group တွေမှာဆိုရင်တော့ တော်တော်များများရှာပြီးဝယ်နိုင်ပါတယ်။

မေး - ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ဖုန်းက Huawei U-8661 ပါ။ ဘက်ထရီကအားမခံဘူး။ တစ်နာရီ လောက်နဲ့ အားကုန်ကုန်သွားပါတယ်။ ရေ၀င်ဖူးခြင်းရှိပါတယ်။ ဘယ်လိုလုပ်ရင်အဆင် ပြေနိုင်မလဲ ပြောပြပေးပါ ခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Huawei ဖုန်းတော်တော်များများကတော့ ရေ၀င်ဖူးတာမျိုးရှိရင် အတွင်း IC ပိုင်း ပျက်စီးတာ များပါတယ်။ ဘက်ထရီအသစ်လဲပြီး အသုံးပြု၍ထပ်ဖြစ်နေတယ်ဆိုရင် ပါဝါ IC လဲပေးမှအဆင်ပြေပါလိမ့်မယ်ခင်ဗျာ။

မေး - ကျွန်တော့်ဖုန်းလေးက iPhone 5S လေးပါ။ ကျွန်တော့်ဖုန်းလေး Passcode Lock ကျသွားလို့ Passcode Lock ဖြည်လို့ရမလား။
ဖြေ - ဟုတ်ကဲ့။ iPhone တွေ Passcode Lock ကျရင် ဖြည်လို့မရပါဘူးခင်ဗျာ။ Firmware ပြန်တင်မှ Passcode Lock ဖြည်ပါတယ်။ Firmware ပြန်တင်မှအဆင်ပြေမှာပါခင်ဗျာ။ အဆင်ပြေပါစေ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment