♪ အနာဂတ် မှာ ပေါ်ထွက်လာဦးမယ့် လက်တော့ပ် ဆယ်မျိုး ♫
ဒီကနေ့ ခေတ် နည်းပညာကမ္ဘာကြီးမှာပေါ်ထွက်လာတဲ့နည်းပညာတွေက တော့ အံသြစရာကောင်းလွန်း လှပါ တယ်။ အချိန်နဲ့ အမျှ ပြောင်း လဲနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ် ဒါမှမဟုတ် ၂ နှစ်လောက်ကမှ စပြီး ဖြစ်ပေါ်ခဲ့တာတွေကို ဘယ်သောအခါမှ  အကုန်သိရှိမှာမဟုတ်ပါဘူး။
လွန်ခဲ့တဲ့ နှစ်၃၀ လောက်တုန်းက ဘယ်သူ တစ်ဦးတစ်ယောက်မှ တစ်ကိုယ်ရည်သုံးကွန်ပြုတာတွေကို မလိုအပ်ခဲ့ပါဘူး။ နှစ် ၂၀ လောက်အကြာ မှာတော့ ကျွန်ုပ်တို့ ရဲ့ ဘိုးဘေးတွေဟာ သေးငယ်တဲ့ စာပွဲတင် PC တွေ၊ ဒီကနေ့ ခေတ်မှာခေါ်တာကတော့ Laptop လို့ ခေါ်တာပေါ့။ အဲဒီအချိန်တွေကနေစပြီးတော့ ဒီဇိုင်းအမျိုးမျိုးနဲ့ Laptop တွေ၊ ကို ထုတ်လုပ်ခဲ့ကြပါ တယ်။ လူတိုင်းကတော့ ထွက်ပေါ်လာတဲ့ ပစ္စည်းတွေကို မသိရှိခဲ့ပါဘူး။ကျွန်တော်တို့ တွေအနေနဲ့  ဒီ အနာဂတ်မှာပေါ်ထွက်လာဦးမယ့် laptop ဆယ်မျိုး စွဲဆောင်မှုကောင်းတဲ့ဒီဇိုင်းတွေ၊ မြှင့်မားလာတဲ့ နည်းပညာ တွေအသုံးပြုထားတဲ့ ပစ္စည်းတွေကို အသုံးပြုလို ကြပါတယ်။ အထူးသဖြင့်တော့ သူ တိုက ပိုပြီး ပေါ့ပါး လာမယ်၊ ultra-sleek နဲ့  အံသြစရာ ကောင်းလောက်အောင် ကွေးညွှတ်လာနိုင်မယ်။ ပါဖောမန့်တွေလည်း မြင့်တက်လာမယ်။
အံ့သြဖို့ကောင်းတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါ က ဘာလဲဆိုတော့ တချို့ စိတ်ကူးတွေ ဟာ Concept အိုင်ဒီယာတွေပါ။ အဲဒီ လိုမျီုး စိတ်ကူးယဉ်အိုင်ဒီယာ စိတ်ကူးအကြမ်းထည် အဆင့်ကနေ ပြင်ပ လူနေမှုကမ္ဘာကို ထွက်ပေါ်လာကြတာကိုပါပဲ။
Moonlight Laptop
ပြထားတဲ့ အပေါ်ဆုံး ပုံရိပ်က သိပ်မကြာတော့တဲ့ကာလတွေမှာ မိတ်ဆက်လာမယ့် လရောင်လက်တော့ပ် လို့ ဆိုရမှာပါ။ Teo Braun က Moonlight တွေဟာ သဘာဝမကျတဲ့ ပုံစံတွေနဲ့ ထွက်ရှိလာ မှာကို ကြိုသိနေပါတယ်။ ဟုတ်ပါတယ် သူ့ ရဲ့လှပမှုကတော့ စွဲမက်စရာကောင်းလှပါတယ်။ သူ့ ရဲ့ ဒီဇိုင်းက Moon “ လ” ရဲ့ အကွေးသဏ္ဍန်ကို ရယူထားတာဖြစ်ပြီး၊ အသွင်အပြင် က dual-curved မျက်နှာပြင်က ဆိုရင်  အကြီးဆုံးအနေဖြင့် 16:9 နဲ့  အသေးဆုံးကဆိုရင် 4:3 အထိရှိမှာဖြစ်ပါတယ်။ သူ့ မှာပါတဲ့ mouse system က ကြိုးမဲ့စနစ်ပါ။
3c04dd6f3bf13be9e9892f777da19f17
MAC Folder
အခု ဒီဆောင်းပါးကို ရေးနေတဲ့ အချိန်မှာ Apple ရဲ့ Macbook အသစ်ကို ကြော်ငြာခဲ့ပြီးပါပြီ။ Apple ဟာ Concept ဒီဇိုင်းလောကကို အားပေးပေမယ့် ဘယ်တော့မှ စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။ Macbook တွေပြီးတဲ့နောက်မှာတော့ Mac Folder တွေ ထွက်ရှိလာမှာ ဖြစ်ပါတယ် ဆိုရင် ဘယ်သူမှ ယုံချင်မှာ မဟုတ်ပါဘူး။ ဒီဇိုင်နာ Tryi Yeh က iPod Touch နဲ့ တူတဲ့ iPhone ရဲ့မျက်နှာပြင်တွေကို အသုံးပြုပြီး ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။  Touch Screen အသုံးပြုပြီး ကွေးညွတ်လို့  ရအောင် ဒီဇိုင်းဆွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပါးလွှာပြီး စွမ်းဆောင်ရည်မြှင့်တဲ့ Keyboard တွေကို အသုံးပြုထားပြီး၊ notebook တွေမှာ အသုံးပြုတဲ့ ကာကွယ်မှုပေးတဲ့ ကာဗာတွေကို အသုံးပြုထားပါ တယ်။
 vaio_zoom
Vaio Zoom
ဒီ Vaio Zoom notebook ရဲ့ ဒီဇိုင်းက ထုတ်ချင်းပေါက်မြင်တွေ့ လို့ ရနိုင်မယ့် မှန်မျက်နှာပြင်နဲ့ ဖြစ်ပြီး ပုံစံက ကြည်လင်ပြတ်သားတယ် ပြီးတော့ လည်း စက်ကို ပိတ်ထားမယ်ဆိုရင်တော့ ထုတ်ချင်းခတ်မြင်တွေ့ နိုင်မှာ မဟုတ်ပါဘူး။ စက်ကို ဖွင့်လိုက်တာနဲ့  ထုတ်ချင်းခတ်မြင်တွေ့ နိုင်တာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ notebook တစ်လုံးဖြစ်အောင်ပြု လုပ်ပေးခဲ့သလို ပါပဲ။
plant_book3
plant_book7
Plant Book
lg_e_book2
LG Ecological
ဒီ LG Ecological လက်တော့ပ်  တွေကဆိုရင် စွမ်အင်ရရှိစေဖို့ အတွက် fuel cell ဘက်ထရီတွေကို အသုံးပြု ထားပါတယ်။ပြီးတော့ အသွင်းဒီဇိုင်ကတာ့ organic light-emitting diode (OLED ) မျက်နှာပြင် နည်းပညာကို အသုံးပြုထားပါတယ်။ Red Dot ဆုအတွက်တော့ လက်ခံရယူနိုင်စေဖို့ သင့်တော်တဲ့  အသွင်းဒီဇိုင်းနဲ့ ပါ။
original_156757_8aspqd8f_ldrwrot8lsdnifdd
COMpenion
Compenion လက်တော့ပ် မှာဆိုရင် Felix Schmidberger ပါဝင်တဲ့  ဘေးတိုက်ရွေ့ လို့ ရတဲ့ OLED မျက်နှာပြင် နှစ်ခုပါဝင်အသုံးပြုထား ပါတယ်။ တစ်ခုကတော့ keyboard အတွက်ဖြစ်ပြီး၊ ကျန်တစ်ခုကတော့ ဘယ်နေရာမှာ အသုံးပြုသင့်သလဲ။
5-16-07-flexipda
Flexi PDA
PDA ခေတ်မရှိတော့ပေမယ့် နောင်တစ်ချိန်မှာ ဖုန်းတွေကို စိတ်ကုန်သွားမယ့် user တွေအတွက် ဒီ Flexi PDA ကလည်း အရမ်းကောင်းပါတယ် ဒါပေမဲ့လည်း သူ့ ရဲ့ဒီဇိုင်းတွေနဲ့ ပုံစံတွေက သဘာဝကျတဲ့ ပုံစံနဲ့ ကမ်းလှမ်းခဲ့တာတော့မဟုတ်ပါ ဘူး။ ကွေးညွတ်တဲ့ မျက်နှာပြင် နဲ့ ထွက်ပေါ်လာမယ် လို့ ဆိုပါတယ်။ ဖုန်းတွေလို အပြင်မှာ သုံးလို့ရစေမယ့် အကြောင်းကတော့ ကမ္ဘာ့ပထမဆုံး ရေစိမ်ခံ PDA လက်တော့ပ် တစ်လုံးဖြစ်လို့ ပါပဲ။
Fujitsu Fab PC
တကယ့်ကိုပဲ Fujitsu Fab PC က လျှပ်စစ်နည်းပညာအသုံးပြုတဲ့ စာရွက်တစ်ရွက် လို ပုံစံဖြစ်ပါတယ်။ e-ink ပြီးတော့လည်း tissue တွေနဲ့ ဖုံးအုပ်ထားပြီး ကွေးလို့ ညွတ်လို့ ရနိုင်ပြီး ပေါ့ပါးတဲ့ laptop တစ်လုံးဖြစ်ပါတယ်။ သူ့ ရဲ့ပုံစံက ရုံတွေမှာသုံးတဲ့ ဖိုင်တွေလို့ ပဲ ဖွင့်လိုက်တဲ့အခါမှာ တူညီမှုရှိပါတယ်။
123673xcitefun-d-roll-laptop-3
Droll
Hua Hua ရဲ့ D-roll သို့ မဟုတ် Digital roll  လက်တော့လေးဖြစ်ပြီး အနာဂတ်မှာ ထွက်ပေါ်လာဦးမယ့် laptop ဆိုတာကို သက်သေပြခဲ့ပါတယ်။ သူ့ မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ မျက်နှာပြင်နဲ့  Keyboard တွေကို အသုံးပြု ထားပြီး သူ့ ရဲ့အလယ်ဝန်ရိုးပုံစံဒီဇိုင်းကို သင်တွေ့ ရှိရမှာဖြစ်ပါတယ်။ သူ့မှာ USB port နှစ်ခုနဲ့  သီးခြားခွဲထားလို့ ရတဲ့ ကင်မရာလည်း ပါဝင်အသုံးပြုထားပါတယ်။
ဒီမှာ ဖော်ပြထားတဲ့ လက်တော့ပ်တွေထဲကနေ တချို့ နည်းပညာတွေကို သုံးစွဲသူ ရှေ့မှောက်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ တချို့ကတော့ စမ်းသပ်ဆဲ စိတ်ကူးထည်၊ အကြမ်းထည် အဆင့်သာ ရှိပါသေးတယ်။ ပြောရရင် အခုအချိန်မှာ လုပ်ကိုင်နေဆဲ ပရောဂျက်တစ်ခု အဆင့်ပဲ ရှိနေသေးတာပေါ့။ Concept Design ထုတ်ကုန်တွေရဲ့ သမိုင်းအရ ကြည့်မယ် ဆိုရင် အဲဒီအထဲက တချို့ ပရောဂျက်တွေ က အကောင်အထည် ဖြစ်မလာခဲ့ကြပဲ ဇာတ်သိမ်းခန်းရေးသွားခဲ့ပေမယ့် တချို့ စိတ်ကူးထည်ကတော့ အစိတ်အပိုင်းကလေး တစ်ခု အဖြစ် နဲ့ ဈေးကွက်တင်ခဲ့ပါတယ်။ သေချာတာကတော့ သူတို့တွေဟာ တမျိုးမဟုတ်တမျီုး ဆိုသလို နည်းလမ်းတစ်မျီုးနဲ့ ကျွန်တော်တို့ ရှေ့မှောက်ကို ရောက်ရှိလာကြတော့မှာ သေချာပါတယ်။
Credit to ==> Digital Times
<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
www.pyaephyo.com
0 comments:
Post a Comment