♪ “KENBO O21S” ♫


ဖုန်းသုံးစွဲသူများအတွက် KENBO Smartphone မှလည်း ဖုန်းအမျိုးအစား များစွာကို ထုတ်လုပ်ရောင်းချပေးထား ပါတယ်။ KENBO Smartphone များ ထဲတွင် လူကြိုက်များတဲ့ ဖုန်းတစ်မျိုးကတော့ KENBO O21S ပဲဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် ဒီဇိုင်းဟာ ထောင့်စွန်းများတွင် အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ မျက်နှာပြင်အကျယ် 5.5 inches ရှိပြီး IPS နည်းပညာနဲ့ ထုတ်လုပ် ပေးထား ပါတယ်။

ရုပ်ထွက်အပိုင်းတွင် 1280 × 720 Pixels ပမာဏ အထိရရှိအောင် ဆောင်ရွက်ပေးထားခြင်းကြောင့် ဖုန်း အသုံးပြုတဲ့အခါတွင် မြင်ကွင်းကြည့်ရှုမှု အပိုင်း၌ အဆင်ပြေစေမှာဖြစ်ပါတယ်။ ဖုန်းတွင်းစွမ်းရည်အပိုင်း၌ Quad Core 1.3 GHz CPU ကို သုံးပေးထားခြင်းကြောင့် ဖုန်းအသုံးပြုတဲ့အခါတွင် လျင်မြန် သောတုံ့ပြန်မှုများကို ပေးစွမ်းပါလိမ့်မယ်။ RAM 2GB ပါဝင်ခြင်းကလည်း ဖုန်းသုံးတဲ့အခါတွင် ပိုမိုကောင်းမွန်စေပါလိမ့်မယ်။ မှတ်ဥာဏ်ပမာဏ အပိုင်း မှာ 16 GB ROM ဖြစ်ခြင်းကြောင့် ရုပ်ပုံ၊ ဗီဒီယို၊ သီချင်း၊ Application စတာ တွေကို များပြားစွာထည့်သွင်း သိမ်းဆည်းနိုင်မှာပဲဖြစ်ပါတယ်။

ဓာတ်ပုံ ရိုက်ကူးမှု အပိုင်းတွင် အဆင်ပြေစေဖို့အတွက်လည်း ကင်မရာပိုင်း ဆိုင်ရာ Function များစွာကို ထည့်သွင်းပေးထားပါသေးတယ်။ Selfie ရိုက်ကူး မှုအပိုင်းတွင် ပုံထွက်ကောင်းစေရန် အရှေ့ဘက်တွင် 5 Megapixels စွမ်းရည် ရှိသော ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ အနောက်ဘက်ကင်မရာ စွမ်းရည်မှာ 13 Megapixels စွမ်ရည်ရှိသောကြောင့် သဘာဝဆန်ဆန် အလှ တရားများ ဖန်တီးနိုင်ဖို့ အကောင်းဆုံးရုပ်ထွက်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ စက်လည်ပတ်မှုစနစ် Android 5.0 (Lollipop) ကို O21S မှာ သုံးပေးထား ပါတယ်။ ဖုန်းသုံးတဲ့အခါမှာကြာကြာသုံးနိုင်ဖို့အတွက် အားသိုလှောင်စွမ်း အဖြစ် 4000 mAh ရှိသော ဘက်ထရီကို သုံးပေးထား ပါတယ်။ 2G/3G မိုဘိုင်း ကွန်ရက်တွေမှာ ဖုန်းသုံးနိုင်မှာဖြစ်ပါတယ်။

<Specification>

Network - 2G/3G
Memory - 16 GB
CPU - Quad Core 1.3 GHz
Camera - 13 MP
Screen - 5.5 inches
OS - Android OS, v5.0
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment