♪ " Windows ထဲမှာ ဒါတွေကို လဲသင့်တယ် " ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ) ♫


ကွန်ပျူတာ OS လောကမှာ Windows က အထင်ကရဖြစ်တာ မှန်ပါရဲ့။ ဒါပေမဲ့ Windows 10 အဆင့်ရောက်တဲ့အထိ သူ့ထဲမှာ ညံ့မြဲညံ့ဆဲအစိတ်အပိုင်းကို တွေ့နေရပါသေးတယ်။ အဲဒီအစိတ်အပိုင်းတွေ အတွက် အစားထိုးလဲလှယ်ပြီး သုံးစွဲနိုင်တဲ့ Third party app တွေလည်း ထွက်နေပါပြီ။ ဖြစ်နိုင်ရင် Windows ထဲက အဲဒီအစိတ်အပိုင်းတွေ ပိုကောင်းတဲ့ဟာတွေနဲ့ လဲလှယ်ပြီး သုံးစွဲသင့်ပါတယ်။ လဲလှယ်ပစ်သင့်တဲ့ Windows အစိတ်အပိုင်းတွေကို ဒီလိုတွေ့ရပါမယ်။

File Explorer
နာမည်မျိုးစုံအပြောင်းခံရပြီး ခုထက်ထိ မစွံတဲ့အထဲမှာ File explorer ပါပါတယ်။ Windows 3.1 မှာတုန်းက သူ့ကို File Manager တဲ့ Windows XP မှာကျတော့ Windows Explorer ဆိုပြီး ဖြစ်လာတယ်။ အခုထွက်ထားတဲ့ Windows 10 မှာ File Explorer ပါတဲ့။ နာမည်တွေ ဘယ်လိုပဲပြောင်းပြီးခေါ်ခေါ် Windows ထဲမှာ အဆင်သင့်တွဲထည့်ပေးလိုက်တဲ့ File Explorer ဟာ အဓိကကျတဲ့နေရာအတော်များများမှာ အရည်အသွေးညံ့ပါတယ်။ ဘာကြောင့်အရည်အသွေးညံ့တယ် ပြောရပါသလဲ။


နမူနာပြရရင် File Explorer ဟာ Tab တွေဖွင့်ပြီး အလုပ်လုပ်နိုင်စွမ်း မရှိပါဘူး။ ပြီးတော့ Pane နှစ်ခုကို တစ်ပြိုင်တည်းပြနိုင်စွမ်း မရှိပါဘူး။ သူ့ကိုအစားထိုးမယ်ဆိုရင် ပိုပြီးကောင်းတဲ့ Free Commander Software ရှိပါတယ်။ Free Commander tab တွေသုံးနိုင်တယ်။ Pane တွေ တစ်ခုမက ပြပေးနိုင်တယ်။ ပါသင့်ပါထိုက်ရဲ့သားနဲ့ File Explorer မှာပါမလာတဲ့ Feature အတော်များများကိုလည်း Free Explorer မှာပါမလာတဲ့ Feature အတော်များများကိုလည်း Free Commander မှာတွေ့ရပါမယ်။ www.snipca.com/20816 ကနေ download ချပြီး အခမဲ့သုံးနိုင်ပါတယ်။ သူ့မှာ ပြည့်စုံတဲ့ help ဖိုင်လည်း ပါပါတယ်။ PC တစ်ခုလုံးကို သင့်တော်သလို explore လုပ်နိုင်ဖို့ အခုပဲ လုပ်ငန်းစလိုက်ပါတော့။

Disk Clean-up
PC ထဲက Junk ဖိုင်တွေ Temp ဖိုင်တွေကိုရှင်းလင်းပစ်နိုင်ဖို့ Windows ထဲမှာ Disk clean-up ကို တစ်ပါတည်းထည့်ပေးထားပါတယ်။ သူက အလုပ်လုပ်တာ သိပ်ပြီးနှေးပါတယ်။ သူ့ထက်စာရင် အလုပ်လုပ်တာပိုမြန်ပြီး စိတ်ချရတဲ့ Software ကိုပြောင်းသုံးသင့်ပါတယ်။ Windows ထဲက Disk clean-up က သုံးမဖြစ်လို့လား မဟုတ်ပါဘူး။ ဒါပေမဲ့ စွမ်းဆောင်သင့်တဲ့ အတိုင်းအတာတစ်ခုထိရောက်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဥပမာပြရရင် ရေချိုးခန်းထဲက ကြွေပြားတွေ အညှိတက်တဲ့အခါ မှာ ကြွေပြားကြေးချွတ်ဆေးက အကောင်းဆုံးလုပ်ပေးနိုင်ပါတယ်။ ရေနွေးနဲ့ ရေလောင်းဆေးလို့ မပြောင်ပါဘူး။ Windows Disk Clean-up က ရေနွေးနဲ့လောင်းဆေးသလို ဖြစ်နေပါတယ်။


မလိုလားအပ်တဲ့ဖိုင်တွေ ပြောင်စင်သလောက် မပြောင်စင်ပါဘူး။ ဒီကိစ္စအတွက် အစွမ်းထက်တာက CCleaner ပါ။ သူ့ကို www.snipca.com/20817 ကနေ download ချပြီး အခမဲ့သုံးနိုင်ပါတယ်။ Drive cleaning လုပ်တဲ့နေရာမှာ သူက ဆရာတစ်ဆူပါ။ Windows ရဲ့ disk clean-up ထက်သာတဲ့အချက်က သူ့ဟာ IE နဲ့ Edge browser တွေက ချန်ထားခဲ့တဲ့ အမှိုက်သရိုက်တွေကို ရှင်းပေးနိုင်ရုံတင်မကဘဲ တခြား browser ပေါင်းစုံက ထားခဲ့တဲ့အမှိုက်သရိုက်တွေပါ ရှင်းလင်းပေးနိုင်တာဖြစ်ပါတယ်။ Software နဲ့ drive installation လုပ်ရာက ကျန်ခဲ့တဲ့ Junk ဖိုင်တွေကိုလည်း CCleaner က ရှင်းပေးနိုင်ပါတယ်။ CCleaner ဟာ disk-clean-up ထက် အားသာချက်အတော်များများလည်းရှိပါတယ်။ အဲဒါတွေထဲမှာ တစ်ထပ်တည်းတူတဲ့ဖိုင်ပွားတွေကို ရှာထုတ်ပေးနိုင်တဲ့အချက်နဲ့ Unistall လုပ်ပေးနိုင်တဲ့အချက်တို့ ပါပါတယ်။

Zipping / Unzipping
ဖိုင်တွေသိမ်းတဲ့အခါ ဖိုင်တွေကို တစ်နေရာကနေတစ်နေရာပို့တဲ့အခါ လွယ်ကူမှုရှိအောင် ဖိုင်ချုံ့သွင်းရတဲ့အလုပ်ကို လိုအပ်ပါတယ်။ များသောအားဖြင့် RAR ဖိုင်အနေနဲ့ ချုံ့ပေးမယ့် ZIP ဖိုင်အနေနဲ့ ချုံ့တာမျိုးလည်း ရှိပါတယ်။ ဖိုင်တွေကို ချုံ့သွင်းတဲ့အခါ Archive ထဲက ဖိုင်တွေကို ဖြည်ထုတ်တဲ့အခါ Windows ထဲမှာ တစ်ပါတည်းထည့်ပေးလိုက်တဲ့ ZIP Tool က ကောင်းပါတယ်။ ZIP နဲ့ ချုံ့သွင်းထားတဲ့ဖိုင်တွေကို ZIP Tool က ကောင်းပါတယ်။ ZIP နဲ့ ချုံ့သွင်းထားတဲ့ဖိုင်တွေကို encrypt split ၊ password protect ဆိုတာတွေ မလုပ်ချင်သေးသရွေ့ Windows ရဲ့ ZIP tool က ကောင်းပါတယ်။ ဒါပေမဲ့ ချုံ့သွင်းထားတဲ့ဖိုင်တွေနဲ့ပတ်သက်တဲ့ Windows ရဲ့ tool ဟာ သိပ်ပြီးအကန့်အသတ်ရှိပါတယ်။ သူ့အစားသုံးသင့်တာက Peazip ပါ။ www.snipca.com/20818 ကနေ download ချပြီး အခမဲ့ သုံးနိုင်ပါတယ်။ Portable version လည်းရှိပြီး လုံခြုံစိတ်ချရပါတယ်။ လောလောဆယ်ထွက်ထားတဲ့ 7 Zip ဆိုရင် ကွန်ပျူတာထဲ ဟက်ကာတွေဝင်နိုင်အောင် ယိုပေါက်တွေထားခဲ့တာ တွေ့ရပါတယ်။ Peazip ဟာ ဖိုင် format ပေါင်း ၁၈၀ ကျော်ကို open extract နဲ့ encrypt လုပ်နိုင်ပါတယ်။

Screen Capture
ကွန်ပျူတာဆိုင်ရာပညာပေးသင်ခန်းစာတွေထုတ်တဲ့အခါ computer မှာပေါ်တဲ့ပြဿနာတွေကို ပညာရှင်ဆီတင်ပြတဲ့အခါ web page ထဲက လိုတဲ့နေရာတွေကိုကွက်ပြီး ဖြတ်ထုတ်ယူတဲ့အခါမျိုးတွေမှာ Screen shot တွေက သိပ်ပြီးအသုံးဝင်ပါတယ်။ ဒီလိုအလုပ်မျိုးအတွက် screen capture tool ကို သုံးရပါတယ်။ ဒီလို capture ဖမ်းနိုင်ဖို့အတွက် Windows ကပေးထားတဲ့ tool နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံးက သိပ်ပြီးကောင်းလှတယ် မဟုတ်ပါဘူး။ ပထမ tool တစ်ခုက screen တစ်ပြင်လုံးကို capture လုပ်တဲ့ tool ပါ။ Screen ပုံကို copy ကူးမယ်ပြီးရင် Clipboard ပေါ်တင်ပေးမယ်။ Paint လို program ထဲမှာ သွားပြီး Paste လုပ်ဆိုတဲ့ program မျိုးပါ။


အခြေခံအဆင့်လောက်ပဲရှိတဲ့ ဒီ Tool ကို print screen လို့ ခေါ်ပါတယ်။ Keyboard ပေါ်မှာကြည့်ရင် print screen key အနေနဲ့ တွေ့ရပါမယ်။ နောက်ထပ်တွေ့ရမယ့် tool တစ်ခုက Snipping tool ဖြစ်ပါတယ်။ သူကတော့ screen capture tool နဲ့ နည်းနည်းတူလာတယ်။ Option တွေ အတော်အသင့်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း အကန့်အသတ်တွေရှိတုန်းပါပဲ။ သူ့ထက်စာရင် screen capture လုပ်နိုင်ရုံမကဘဲ image editing ပါ တစ်ပါတည်းလုပ်နိုင်တဲ့ Pic Pick က ပိုပြီးကောင်းပါတယ်။ www.snipca.com/20823 ကနေ download ချပြီး အခမဲ့ သုံးနိုင်ပါတယ်။ အခပေး version ကိုသုံးရင်ဖြင့် အလွန်ပြောင်မြောက်တဲ့ တန်ဆာဆင်မှုလုပ်ဆောင်ချက်တွေကို တွေ့ရပါမယ်။

Disc Burning
အခုအချိန်မှာ CD/DVD burn တယ်ဆိုတဲ့ကိစ္စဟာ အတော်ကြီးနည်းသွားပါပြီ။ ဒါပေမဲ့ ဖိုင်တွေ share လုပ်တဲ့အခါမှာဖြင့် ဗိုင်းရပ်စ်ကူးစက်ဖို့ အခွင့်အလမ်းပိုနည်းတဲ့ disc burning က အသုံးဝင်နေပါသေးတယ်။ Windows ရဲ့ Disc burning ဟာ တကယ့်ကို အခြေခံအဆင့်ဖြစ်ပါတယ်။ Disc burning လုပ်လို့ ဖြစ်တယ်ဆိုရုံလောက်အဆင့်ပဲရှိပါတယ်။ ဒီကိစ္စအတွက် အခမဲ့သုံးနိုင်တဲ့ Software နှစ်မျိုးရှိပါတယ်။ အပီအပြင် အခမဲ့သုံးနိုင်တာက Burnware free ပါ။ သူ့ကို www.snipa.com/20819 ကနေ download ချပြီး အခမဲ့သုံးနိုင်ပါတယ်။ သုံးရတာ သိပ်ပြီးရိုးရှင်းလွယ်ကူပါတယ်။ 


Data disc, bootable disc, ISO image, Audio CD နဲ့ DVD video တွေ အစုံ burn နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ DVD drive ၀ယ်ရင် အခမဲ့ထည့်ပေးတဲ့ Nero 9 essential ဖြစ်ပါတယ်။ ဘယ်ကွန်ပျူတာအတွက်မဆို အခမဲ့သုံးနိုင်ပါတယ်။ Disc burning အတွက် သိပ်ပြီးပြည့်စုံတဲ့ Software ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment