Windows PC တွေမှာ Guest Account ဆိုတာလိုအပ်ပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေ
(ဒါမှမဟုတ်) ဧည့်သည် တစ်ယောက်ယောက်က အရေးတကြီး ယာယီသုံးစရာရှိလို့ သင့်
ကွန်ပျူတာကို ခဏ အသုံးပြုဖို့ အကူအညီတောင်းတဲ့အခါမျိုးမှာ သင့်ရဲ့
ကိုယ်ပိုင်အကောင့်နဲ့ ပေးသုံးတဲ့အခါ သင့် ကွန်ပျူတာထဲက
ကိုယ်ပိုင်အချက်အလက်တွေကို ဝင်ရောက်ကြည့် ရှုနိုင်တဲ့ အတွက် စိတ်မချရပါဘူး။
ဒါ့ကြောင့် Guest Account သပ်သပ်ဖွင့်ထားပြီး Guest Account နဲ့ အသုံးပြု
စေခြင်းက သင့်ရဲ့ ကိုယ်ရေးကိုယ်တာတွေ မပေါက်ကြားဖို့အတွက် စိတ်ချရပါတယ်။
လက်ရှိအချိန်မှာ Windows 10 ကိုလူသုံးများလာတဲ့အတွက် Windows 10 မှာ Guest
အကောင့်ဖွင့် ရတာ အရင် Windows တွေမှာလို မလွယ်ကူတဲ့အတွက် ပုံ ဖွင့်နည်းကို
အသေးစိတ် ဖော်ပြလိုက်ပါတယ်။
Windows 10 မှာ guest account ဖွင့်ဖို့အတွက် Command Prompt ကိုအသုံးပြုရပါမယ်။ ပထမဦးဆုံး Command Prompt window ကိုဖွင့်ဖို့ Windows key နဲ့ X ကို ပြိုင်နှိပ်ပြီး menu ပေါ်လာတဲ့အခါ Command Prompt(Admin) ကိုရွေးပေးရပါမယ်။
Command Prompt box ပေါ်လာဖို့အတွက် User Account Control box ပေါ်လာတဲ့အခါ “Yes” ကို နှိပ်ပေးပါ။ NOTE : အသုံးပြုတဲ့စက်ရဲ့ User Account Setting ပေါ်မှာ မူတည်ပြီး User Account Control box မပေါ်လာဘဲ Command Prompt box တန်းပြီးပေါ်လာနိုင်ပါတယ်။
Vistor (စိတ်ကြိုက်နာမည်သတ်မှတ်နိုင်) ဆိုတဲ့ နာမည်နဲ့ guset account တစ်ခုဖွင့်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ရိုက်ပြီး Enter ခေါက်ပေးပါ။
Visitor account က ကန့်သတ်ထားပြီးသားဖြစ်တဲ့အတွက် Password ထားစရာမလိုတော့ပါဘူး။ ဒါ့ကြောင့် အောက်မှာ ပြထားတဲ့ အတိုင်းထပ်ရိုက်ပြီး . . . Password ရိုက်ခိုင်းတဲ့အခါ ဘာမှ ထပ်မရိုက်ဘဲ Enter ခေါက်လိုက်ပါ။ Password comfirm လုပ်ခိုင်းတဲ့အခါ ဘာမှမရိုက်ထားတဲ့အတွက် နောက်တစ်ခေါက် Enter ထပ်ခေါက်ပါ။ နောက်ဆုံးက “*” သင်္ကေတလေး ပါဖို့လိုပါတယ်။
ပုံမှန်အားဖြင့် အကောင့်အသစ်တွေထပ်ဖွင့်တိုင်း standard user အဖြစ် permission ရှိတဲ့ users group ထဲကို မှာပဲရှိနေတာဖြစ်တဲ့အတွက် Vistor user ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုကန့်သတ်ဖို့ guest group ထဲကို ရွေ့ပေးရပါမယ်။ ဒါကြောင့် Vistor user ကို user account ထဲကနေဖျက်ပစ်ဖို့အတွက် အောက်မှာပြထားတဲ့ အတိုင်း ရိုက်ပါ။
Guest group ထဲကို ထည့်ဖို့အတွက် အောက်မှာပြထားတဲ့ အတိုင်းရိုက်ပါ။
ပြီးရင်တော့ Commond Prompt ကိုပိတ်လို့ရပါပြီ။ ပုံမှာပြထားတဲ့အတိုင်း နည်းလမ်းနှစ်မျိုးနဲ့ ပိတ်လို့ရပါတယ်။
ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်အောက်ထောင့်မှာ user account စာရင်းကိုတွေ့မြင်နိုင်ပြီး ကြိုက်တဲ့ အကောင့် နဲ့ ဝင်ပြီး အသုံးပြုနိုင်ပါပြီ။
Personal account ကို သုံးနေရင်းနဲ့ Vistor အကောင့်ကို အလွယ်တကူ ပြောင်းလိုက်လို့ရပေမယ့် Vistor account ကနေ Personal account ကိုပြောင်းဖို့ကတော့ password သိဖို့ လိုအပ်ပါတယ်။

net user Visitor /add /active:yes
Visitor account က ကန့်သတ်ထားပြီးသားဖြစ်တဲ့အတွက် Password ထားစရာမလိုတော့ပါဘူး။ ဒါ့ကြောင့် အောက်မှာ ပြထားတဲ့ အတိုင်းထပ်ရိုက်ပြီး . . . Password ရိုက်ခိုင်းတဲ့အခါ ဘာမှ ထပ်မရိုက်ဘဲ Enter ခေါက်လိုက်ပါ။ Password comfirm လုပ်ခိုင်းတဲ့အခါ ဘာမှမရိုက်ထားတဲ့အတွက် နောက်တစ်ခေါက် Enter ထပ်ခေါက်ပါ။ နောက်ဆုံးက “*” သင်္ကေတလေး ပါဖို့လိုပါတယ်။
net user Visitor *
ပုံမှန်အားဖြင့် အကောင့်အသစ်တွေထပ်ဖွင့်တိုင်း standard user အဖြစ် permission ရှိတဲ့ users group ထဲကို မှာပဲရှိနေတာဖြစ်တဲ့အတွက် Vistor user ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုကန့်သတ်ဖို့ guest group ထဲကို ရွေ့ပေးရပါမယ်။ ဒါကြောင့် Vistor user ကို user account ထဲကနေဖျက်ပစ်ဖို့အတွက် အောက်မှာပြထားတဲ့ အတိုင်း ရိုက်ပါ။
net localgroup users Visitor /delete
Guest group ထဲကို ထည့်ဖို့အတွက် အောက်မှာပြထားတဲ့ အတိုင်းရိုက်ပါ။
net localgroup guests Visitor /add
ပြီးရင်တော့ Commond Prompt ကိုပိတ်လို့ရပါပြီ။ ပုံမှာပြထားတဲ့အတိုင်း နည်းလမ်းနှစ်မျိုးနဲ့ ပိတ်လို့ရပါတယ်။
ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်အောက်ထောင့်မှာ user account စာရင်းကိုတွေ့မြင်နိုင်ပြီး ကြိုက်တဲ့ အကောင့် နဲ့ ဝင်ပြီး အသုံးပြုနိုင်ပါပြီ။
Personal account ကို သုံးနေရင်းနဲ့ Vistor အကောင့်ကို အလွယ်တကူ ပြောင်းလိုက်လို့ရပေမယ့် Vistor account ကနေ Personal account ကိုပြောင်းဖို့ကတော့ password သိဖို့ လိုအပ်ပါတယ်။
Credit to ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment