♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫


မေး - ကျွန်တော့်ဖုန်းက Honor H30 C00 ပါ။ အားသွင်းပုံပြပြီး အားမ၀င်လို့ပါ။ ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါအစ်ကို။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ဘက်ထရီကို အသစ်လဲကြည့်ပါလားအစ်ကို။ USB ခေါင်းနဲ့ Charger ကြိုးကြောင့်တော့ ဖြစ်တာမဟုတ်လောက်ပါဘူးဗျာ။ 730 Huawei တွေမှာ အဲ့ဒီ Error မျိုးတတ်ရင် Battery နဲ့ Battery Socket နားမှာရှိတဲ့ Resistor လေးကြောင့်အဖြစ်များပါတယ်။ ဒါကြောင့် Honor H30 C00 မှာပဲ ဘက်ထရီလဲလို့ မရရင်တော့ Resistor လေးတွေစစ်ပါဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung Grand Prime ပါ။ ဖုန်းက Logo တွေထိ အကုန်တတ်တယ်ဗျာ။ တစ်ခါတစ်လေဖုန်းကပူပြီး ပြန်ပြုတ်ကျသွားတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကိုရေ။ Firmware ကျတာလဲဖြစ်နိုင်ပါတယ်ဗျာ။ ဒါကြောင့် ဖုန်းကို Firmware တင်ကြည့်ပါ။ တကယ်လို့မှမရဘူးဆိုရင် အစ်ကိုရေ SD ကတ် ဒါမှမဟုတ် Sim ကတ်ဖြုတ်ပြီး စမ်းကြည့်ပါ။ ပြန်ကောင်းတယ်ဆိုရင် ကတ်တစ်ကတ်ခြင်းစီပြန်ထည့်ပြီး စမ်းကြည့်ပါ။ SD ကတ်ကြောင့်လား Sim ကတ်ကြောင့်လားပေါ့။ SDကတ်ကြောင့်ဆို Format ချကြည့်ပါ။ မရဘူးဆိုရင်တော့ SD ကတ်အသစ်လဲရပါမယ်ဗျာ။

မေး - ကျွန်တော့် iPhone 5S မှာ Photos တွေ မပေါ်ဘူးဖြစ်နေတယ်။ iTunes နဲ့ချိတ်မှ ပုံတွေပေါ်နေပါတယ်။ ဘယ်လိုဖြစ်နိုင်လဲ ပြောပေးပါ။
ဖြေ - ကွန်ပျူတာထဲမှာ Back Up ယူထားတဲ့ပုံတွေကိုပြန်ထည့်တဲ့အခါမှာ သတိမထားမိရင်ဖြစ်တတ်ပါတယ်။ ပုံသွင်းနေတာမပြီးသေးခင် ကြိုးဖြုတ်လိုက်တာမျိုးမှာဖြစ်တတ်ပါတယ်။ iTunes နဲ့ချိတ်နေ တုန်းကြိုးဖြုတ်တာကို သတိထားသင့်ပါတယ်။ အများအားဖြင့် Firm-ware ပြန်တင်ပြီးထည့်မှ အဆင်ပြေပါမယ်။

မေး - ကျွန်တော်ကိုင်နေတဲ့ဖုန်းလေးက Android ဖုန်းလေးပါ။ ကျွန်တော့်ဖုန်းမှာ Flash မီးမလင်းလို့ ဘယ် Software ကိုသုံးရင် အဆင်ပြေမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Android ဖုန်းတွေမှာ Flash Alerts ဆိုတဲ့ Apk လေးက Android ဖုန်းအားလုံးနီးပါး အဆင်ပြေပါတယ်။ တခြား Flash Software သုံးလို့အဆင်မပြေတဲ့ဖုန်းတွေမှာတောင် Flash Alerts ဆိုတဲ့ Software လေးကိုသုံးရင် အဆင်ပြေသွားကြပါတယ်။ သုံးကြည့်လိုက်ပါ။ တချို့ Version နဲ့ Software နဲ့မကိုက်တဲ့ Android ဖုန်းတွေကတော့ အဆင်ပြေမှာမဟုတ်ပါဘူး။ Version နဲ့ Software နဲ့ကိုက်ညီမယ့် Application ကို ရှာပြီးထည့်ကြည့်မှ အဆင်ပြေပါလိမ့်မယ်။

မေး - Sony ဖုန်းမှာ Root ဖောက်ပြီး Myanmar Font ပြောင်းတာ ပြောင်းမရဘူးဖြစ်နေပါတယ်။ ဘယ်လို လုပ်မှရမှာလဲဗျာ။
ဖြေ - Myanmar Font ပြောင်းတာ အဆင်မပြေဘူးဆိုတာက Sony တစ်မျိုးထဲမှာမဟုတ်ပါဘူး။ တခြားဖုန်း တွေမှာဆိုလည်းဖြစ်တတ်ပါတယ်။ လုပ်လို့ရတဲ့နည်းရှိပါတယ်။ Internal ပြည့်နေရင်မရပါဘူး။ SD ကတ် စိုက် ထားမယ်ဆိုရင်တော့ Software တွေကို SD ကတ်ထဲပြောင်းဖို့လိုပါတယ်။ Internal Specs က လွှတ်သွားပြီ ဆိုရင်တော့ ပြောင်းလို့ရပါတယ်။

မေး - Android ဖုန်းတွေမှာ Root ဖောက်ပြီး Myanmar Font ထည့်တာနဲ့ Root မဖောက်ဘဲ Myanmar Font ထည့်တာ ဘာကွာခြားချက်ရှိလဲ သိချင်လို့ပါခင်ဗျာ။
ဖြေ - Android ဖုန်းတွေမှာ Root မဖောက်ဘဲ Myanmar Font ထည့်ရင် အပေါ်ယံ Apk ပဲထည့်လို့ရပါတယ်။ Root မဖောက်ဘဲ Myanmar Font ထည့်တာက အသုံးပြုရတဲ့အခါအဆင်မပြေပါဘူး။ Root မဖောက်ဘဲ ထည့်တဲ့ Font က Contract နဲ့ Message လောက်ပဲ များသောအားဖြင့် အဆင်ပြေပါတယ်။ Browser ထဲတို့ Website ထဲတို့ Facebook တို့ကိုအသုံးပြုတဲ့အခါ အဆင်မပြေတာတွေရှိပါတယ်။ မိမိ Android ဖုန်းမှာ Root မဖောက်ခဲ့ရင် မိမိအသုံးပြုချင်တဲ့ Application (or) Game တွေက Root Access တောင်းတဲ့ Application (or) Game တွေဖြစ်နေရင်လည်း အသုံးပြုလို့မရပါဘူး။ Root ဖောက်ပြီး Myanmar Font ထည့်မယ်ဆိုရင် တော့ မိမိကြိုက်ရာနေရာမှာ Myanmar Font ကို အဆင်ပြေပြေမြင်ရပြီး Firmware ပြန်မတင်မခြင်း Font က ပျောက်သွားမှာလည်း မဟုတ်ပါဘူး။ Root ဖောက်ပြီး မြန်မာ Font ထည့်တဲ့အတွက် Facebook, Browser, Website တို့မှာလည်း အဆင်ပြေပြေဖတ်လို့ရသွားမှာ ဖြစ်ပါတယ်။ မိမိဖုန်းမှာအသုံးပြုထားတဲ့ Application (or) Game တွေထဲက Root Access လိုတဲ့ Game (or) Application ဆိုရင်လည်း Root ဖောက်ထားတဲ့အ တွက် အဆင်ပြေပြေအသုံးပြုနိုင်မှာပါခင်ဗျာ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment