♪ Facebook Live အတွက် Video Filter တွေယူဆောင်လာတော့မယ့် Prisma ♫


Facebook ပေါ်မှာ Live video တင်တဲ့သူတွေအနေနဲ့ စိတ်ကြိုက် Filter တွေထည့်သွင်းနိုင်စေဖို့အတွက် Prisma က စမ်းသပ်နေပြီဖြစ်ပါတယ်။

ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ပန်းချီကား ဆန်ဆန် ဆွဲဆောင်မှုရှိစေတဲ့ Prisma က Facebook Live Video တွေအတွက် filter (၈) ခုကို ထပ်မံမိတ်ဆက်လိုက်ပြီး Live လွှင့်နေစဉ်အတွင်းမှာတင် style တွေကို အလဲအလှယ်ပြုလုပ်လို့ရအောင်လည်း စီစဉ်ထားတယ်လို့သိရပါတယ်ထားတယ်လို့သိရပါတယ်။

iPhone 7 နဲ့ iPhone 6s အသုံးပြုသူတွေသာ ဒီ Feature ကိုရရှိနိုင်မှာဖြစ်ပြီး Prisma ရဲ့ CEO ဖြစ်တဲ့ Alexey Moiseenkov ကိုယ်တိုင် စမ်းသပ်အသုံးပြုထားတဲ့ Video File လေးကို သူ့ရဲ့ ကိုယ်ပိုင် Facebook အကောင့်ပေါ်မှာ မိတ်ဆက်ပေးထားပါတယ်။

https://www.facebook.com/darkolorin/videos/1260872517310374/ ဒီ Link မှာ ဝင်ရောင်ကြည့်ရှုနိုင်ပါတယ်။
Facebook ရဲ့ camera app ထွက်ရှိအပြီးမှာ ဒီ Feature ပါဝင်လာမှာဖြစ်ပြီး video တွေမှာ filter တွေ အသုံးပြုဖို့အတွက် AI စနစ်ပါ ပါဝင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် Prisma ရဲ့ နောက်ထွက်ရှိလာမယ့် Android Update မှာ social feature အသစ်တွေ ထည့်သွင်းပေးဖို့ရှိနေပြီး Offline processing speed ပိုမိုမြန်ဆန်လာကာ GIF support ပါ ပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment