♪ “Samsung Galaxy S7 edge” ♫


Samsung ဟာ သူ၏ဖုန်းအသစ် Note 7 ကို ထုတ်လုပ်ရောင်းချခဲ့ပေမယ့် မမျှော်လင့်သော ပြဿနာများနဲ့ ရင်ဆိုင်ခဲ့ရပြီး ရောင်းချမှုရပ်နားခဲ့ပါတယ်။ အခုအခါမှာတော့ J Series အသစ်များကို မိတ်ဆက်ရောင်းချနေ ပါတယ်။ ဆုံးရှုံးမှုများကိုပြန်လည် ရယူဖို့အတွက် ဖုန်းအသစ်ထုတ်လုပ်ဖို့လည်း ပြင်ဆင် နေပါတယ်။ ချို့ယွင်းချက်များကို ဖုန်းအသစ်တွင် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ထားမှာဖြစ်ပါတယ်။

Samsung မှ ထုတ်လုပ်ထားသည့် ဖုန်းများထဲတွင် S7 edge ဟာ အကောင်းဆုံးဖုန်း တစ်လုံးဖြစ်ပါတယ်။ Galaxy S7 edge ကတော့ ရေစိုနဲ့ ဖုန်ဒဏ်ခံနိုင်အား IP68 ရှိခြင်းကြောင့် မိုးရေထဲ ဖုန်းသုံးစရာရှိရင်တောင် စိတ်ပူစရာမရှိစေရန် ဆောင်ရွက်ပေးထားသောဖုန်း ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးကန်ဘေးတွင် အသုံးပြုသည့်အခါမှာလည်း လွတ်ကျသွားမှာကို စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချအသုံးပြုနိုင်ပါမယ်။ မိုးရာသီအတွက်လည်း အဆင်ပြေစေတဲ့ဖုန်းဖြစ်ပါ တယ်။

IP ပမာဏများနဲ့ ပတ်သက်တဲ့ ရေစိုနဲ့ ဖုန်ဒဏ်ခံနိုင်တဲ့ညွှန်းကိန်းများမှာ ရှေ့ဘက်ကိန်းဂဏန်း က ဖုန်ဒဏ်ခံနိုင်မှုကိုပြသ ပြီး၊ နောက်ဘက် ကိန်းဂဏန်းကတော့ ရေစိုခံနိုင်မှု ကိုပြသပါတယ်။ IP68 စံသတ်မှတ်ချက်ကတော့ Galaxy S7 edge တွင် ဖုန်ဝင်ရောက်မှုကို ပြည့်ဝစွာတားဆီးကာကွယ်ပေးနိုင် သလို ရေအောက် ၁.၅ မီတာတွင် မိနစ်(၃၀)ထိ ရေဖိအားကို ကောင်းစွာ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေး ထားခြင်းဖြစ်ပါတယ်။ အဖုံးပိတ်စရာမလိုဘဲ ရေစိုနဲ့ ဖုန်ဒဏ်ကို ခံနိုင်ရည်ရှိစေတာကတော့ USB အပေါက်၊ SIM ထည့်သွင်းရန် အပေါက်နဲ့ နားကြပ်အသုံးပြုရာအပေါက်တွေမှာ ရာဘာစည်းကို ကောင်းစွာ တပ်ဆင်ထား ခြင်းကြောင့်ပဲဖြစ်ပါတယ်။

ကျောဘက်နဲ့ ရှေ့ဘက်ကင်မရာ နှစ်ခုလုံးမှာ ပိုပြီးအလင်းအားကောင်းစေတဲ့ Lens (F1.7) ကို Galaxy S7 edge မှာ အသုံးပြုထားတာကြောင့် အလင်း အားနည်းတဲ့ အခြေအနေမျိုးမှာတောင် ပိုမိုထွန်းလင်းလှပကြည်လင် ပြတ်သား တဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ပိုမိုထူးခြားတာကတော့ အရှေ့ဘက်ကင်မရာမှာ ပိုမိုအလင်းလိုအပ်တဲ့ အခါ ဖုန်းမျက်နှာပြင်ကို Flash မီးအသွင် အလင်းပေးဖို့ အသုံးပြုနိုင်တာကြောင့် အမှောင်ထဲမှာ Selfies ရိုက်ကူးရာတွင် အထူး အဆင်ပြေစေပါတယ်။ အရင်က ထွက်ရှိခဲ့တဲ့ Galaxy ဖုန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဖြစ်တဲ့ လူကြိုက်များ Beauty Mode ကိုလည်း ထပ်မံ ထည့်သွင်းထားပြီး သဘာဝအလင်းရဲ့အစွမ်းနဲ့ အသုံးပြုသူ၏မျက်နှာပြင်ကို ပိုပြီးအထူးပြုတာကြောင့် မီးမောင်းထိုးလှပနေစေအောင် အဆင့်မြှင့်တင် ပေးခြင်းပါ။

S7 edge ရဲ့ ကင်မရာကို ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ အလိုအလျောက် အလျင်မြန် ဆုံး ချိန်ညှိဖမ်းယူ ရိုက်ကူးနိုင်ဖို့ Dual Pixel နည်းပညာဖြင့် ဖွဲ့စည်းဖန်တီးပေးထားပါတယ်။ Pixel တိုင်းမှာ Photodiodes နှစ်ခု ပါဝင်ခြင်းကြောင့် ရိုက်ကူးလိုသည့်အရာကိုေ၀၀ါးမှုမရှိဖို့ အလျင်မြန်ဆုံး ချိန်ညှိပေးနိုင်ပါတယ်။ ပိုကြီးမားတဲ့ Pixel ဖွဲ့စည်းမှု (14um) နဲ့အတူ အလင်း အားကောင်းစေသော Lens (F1.7) ကို အသုံးပြုထားခြင်းကြောင့် အလင်းအား နည်းတဲ့အချိန်မှာပင် ပိုမိုလင်းလက်တဲ့ ပုံရိပ်များကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Motion Panorama လုပ်ဆောင်ချက်ကို အသုံးပြုပြီး ရှုခင်းတွေကို သက်ဝင် နေတဲ့ မြင်ကွင်းကျယ်ဓာတ်ပုံအဖြစ် သိမ်းဆည်းနိုင်ဦးမှာပါ။

S7 edge တွင် မော်ဒယ်နံပါတ် (၃)မျိုး (၃)စားရှိပါတယ်။ G935 သည် USA အတွက်ဖြစ်ပြီး၊ G935 F ကတော့ Global ပါ။ G935 FD သည် အရှေ့တောင် အာရှအတွက်ဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 150.9×72.6×7.7 mm ဖြစ်ကာ အလေးချိန်မှာ 157g ရှိပါတယ်။ ဖုန်း ကိုယ်ထည်တွင် Gorilla Glass 4 Back Panel ပါရှိပါတယ်။ Samsung Pay ကိုလည်း ရောင်းချရာဒေသပေါ်မူတည်၍ အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် ဖြစ်သော Super AMOLED Capacitive touchscreen အကျယ် အ၀န်းကတော့ 5.5 inches ဖြစ်ပြီး မြင်ကွင်း စွမ်းရည်အတွက်ထောက်ပံ့ ပေးထားသော Pixels ပမာဏမှာ 1440×2560 ဖြစ်ပါတယ်။

၁လက်မမှာ ရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 534 ppi ပါ။ Android Version Marshmallow ကို သုံးစွဲနိုင်မယ့်ဖုန်းပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 4 GB ထည့်သွင်းပေးထားပြီး ROM ပမာဏကို 32GB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။ အများဆုံး ချဲ့ထွင်နိုင် မယ့် မှတ်ဥာဏ်ပမာဏကတော့ 200 GB အထိဖြစ်ပါတယ်။ CPU ရဲ့ စွမ်းရည်သည် Quad-Core 2.3GHz Mongoose+ Quad-Core 1.6GHz Cortex-A53 ဖြစ်ပါတယ်။

Bluetooth Version ကတော့ 4.2 ပါ။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်မှာ (၃)မျိုး (၃)စား ရှိပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားသည် Li-Ion 3600 mAh ဖြစ်ပြီး 3G Network တွင် စကား ပြောဆိုဖို့ ၂၇ နာရီနီးပါး ခံနိုင်စွမ်း ရှိမှာဖြစ်ကာ သီချင်းနားထောင်ဖို့အတွက်လည်း ၇၄နာရီနီးပါး ခံနိုင်ရည် ရှိပါမယ်။

အားသွင်းမြန် ဆန်သော စနစ်လည်း ပါရှိသောကြောင့် မိနစ် ၃၀ အားသွင်းရုံဖြင့် ၆၀ ရာခိုင်နှုန်း အားပြည့်စေပါတယ်။ ဆန်းသစ်သော အခြား စနစ်များစွာလည်း အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ S7 Edge (32GB) သည် တန်ဖိုး 935,000/- ကျပ် ၀န်းကျင်ရှိပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment