ရှောင်မီက ဘေးဘောင်များ မပါတဲ့ Mi Mix Concept Phone ကို
မိတ်ဆက်လိုက်ပါတယ်။ ၆.၄ လက်မ (2040×1080 Pixels ) Display တပ်ဆင်ထားပြီး
တရုတ်မှာ နိုဝင်ဘာလ ၄ ရက်နေ့မှာ ရောင်းချမှာပါ။ Screen-to-Body Ratio မှာ
၉၁.၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Snapdragon 821 Processor မောင်းနှင်မှာပါ။
မျက်နှာပြင်ရဲ့ အထက်မှာ ဘောင်မပါတဲ့အတွက် 5MP Front Camera ကို မျက်နှာပြင်ရဲ့ အောက်ဘက်ဘောင်ရှိ ညာဘက်အောက်ထောင့်မှာ တပ်ဆင်ထားတာက ထူးခြားပါတယ်။ On-Screen Button များကို အသုံးပြုထားတဲ့အတွက် မျက်နှာပြင်အောက်မှာ Physical or Capacitive Buttons များ မပါရှိပါဘူး။ အနောက်ဘက်မှာတော့ 16MP Camera နဲ့ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာကို တပ်ဆင်ထားပါတယ်။
Mi Mix မှာ 4400mAh Battery တပ်ဆင်ထားပါတယ်။ 4GB RAM /128GB Storage Version ကို ဒေါ်လာ ၅၁၆ နဲ့ 6GB RAM/256GB Version ကို ဒေါ်လာ ၅၉၀ သတ်မှတ်ထားပါတယ်။

Credit to ==> Myanmar Digital Life Journal
www.pyaephyo.com
0 comments:
Post a Comment