♪ ကမ္ဘာ့ပထမဆုံး 5TB Storage ပါဝင်တဲ့ Hard Drive ကို Seagate ထုတ်လုပ် ♫


Seagate ဟာ သူတို့ရဲ့နာမည်ကျော် Backup Plus Portable Hard Drives လိုင်းတွေထဲက နောက်ဆုံးထွက်အနေတနဲ့ 5TB ပမာဏအထိ သိုလှောင်သိမ်းဆည်းထားနိုင်မယ့် Drive အသစ်တစ်မျိုးကို ထုတ်ဖော်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီ 5TB ပမာဏ အမျိုးအစားဟာ ကမ္ဘာပေါ်မှာ အများပြားဆုံး ပမာဏ Portable Hard Drive ဖြစ်ကြောင်းဆိုပါတယ်။ ဒါဟာလည်း မှန်တယ်လို့ ဆိုရမှာပါ။

5TB External drive ဟာ Seagates ရဲ့ လတ်တလောထုတ်လုပ်ထားတဲ့ 5TB BarraCuda hard drive နဲ့ နည်းပညာချင်း တူညီပြီး ကမ္ဘာ့အများဆုံး ၂.၅လက်မ Drive အဖြစ်နဲ့ တည်ရှိခဲ့ပါတယ်။ နည်းပညာအဆင့်မြှင့်လာမှုကြောင့် ပိုမိုကြီးမားတဲ့ ၃.၅လက်မအရွယ် External Hard Drive တွေနဲ့ မတူညီပဲ 5TB Backup Plus Portable မှာ အပိုပါဝါရင်းမြစ်တွေမလိုအပ်တော့တာကြောင့် Mobile Device တွေနဲ့လည်း တွဲဖက်အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

5TB Backup Plus Portable မှာ ဘယ် Drive မှာမှမရှိသေးတဲ့ Storage အပြင် USB 3.0 နဲ့ ချိတ်ဆက်နိုင်တဲ့ Data Transfer လုပ်တဲ့နှုန်းကိုလည်း တစ်စက္ကန့်ကို 120MB ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ၀.၈လက်မသာထူတဲ့ Case ဟာ Seagate ရဲ့ ၀.၃၈လက်မအထူသာရှိတဲ့ Backup Ultra Slim, ၀.၄လက်မ အထူရှိတဲ့ Backup Slim Drives တွေထက်စာရင် အနည်းငယ် ထူသွားပေမယ့် သင့်အနေနဲ့ အဆိုပါပစ္စည်းတွေထက် နှစ်ဆလောက်ပိုမိုသိုလှောင်နိုင်မှာပါ။

5TB Backup Plus Portable Hard Drive ကို ဈေးနှုန်းဒေါ်လာ ၁၉၀နဲ့ ဒီလနှောင်းပိုင်းမှာ စတင်ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment