စွမ်းဆောင်ရည်မြင့်မားပြီး လုပ်ဆောင်ချက်အသစ်များစွာပါ ၀င်လာသော
Predator 21X Gaming Laptop ကို Acer က စတင်မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပါသည်။
အဆိုပါ Laptop ကို မျက်နှာပြင်ကွေး Curved Screen
ပုံစံဖြစ်အောင်ဖန်တီးပေးထား ကာ မျက်နှာပြင်အရွယ်အစားကတော့ 21.0 လက်မရှိပါတယ်။
ထို့အပြင် eye-tracking technology ကိုပါ ထည့်သွင်းပေးထားသောကြောင့် ဂိမ်းများကို ဆော့ကစားသည့် အခါတွင် သာမန်ထက် ပိုမိုထူးခြားကောင်းမွန်သော အတွေ့အကြုံတွေကို ရရှိခံစားနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်စေဖို့အတွက်
7th Generation Intel Core Processor နှင့် NVIDIA Geforce GTX 1080 GPU
နှစ်ခုတို့ကို ထည့်သွင်းပေးထားသောကြောင့် လုပ်ဆောင်ချက်တွေကို
မြန်ဆန်ပေါ့ပါးစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည့်အ ပြင် အပူစွန့်ထုတ်မှု အကောင်းဆုံးဖြစ်စေဖို့အတွက် Cooling Fan ၅ ခုကိုပါ ထည့်သွင်းပေးထားသည်။
အသံထွက်ပိုင်းပိုမိုကောင်းမွန်စေဖို့အတွက်
Speaker ၄ ခုနှင့် Subwoofer ၂ ခုတို့လည်း ပါရှိပါသည်။ အဆိုပါ Acer
Predator 21X Gaming Laptop ကို လက်ရှိတွင် Pre-Order အနေဖြင့်လည်း
မှာယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ထို့အပြင် eye-tracking technology ကိုပါ ထည့်သွင်းပေးထားသောကြောင့် ဂိမ်းများကို ဆော့ကစားသည့် အခါတွင် သာမန်ထက် ပိုမိုထူးခြားကောင်းမွန်သော
အသံထွက်ပိုင်းပိုမိုကောင်းမ
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment