♪ “ASUS Zenfone Max” ♫


ASUS Zenfone Max ကို ဖောင်းကြွပုံစံ သားရေအမျိုးအစားဖြင့် ပုံဖော် ပေးထားပါတယ်။ Zenfone Max ရဲ့ဒီဇိုင်းဟာ လှပကြော့ရှင်းပြီး ပြိုင်ဘက် ကင်းသော စွမ်းရည်အပြည့်ဖြင့် ဖွဲ့စည်းတည်ဆောက်ထား ပါတယ်။ ထို့အပြင် Rear-etching နည်းပညာဖြင့် Zenfone Max ၏ ထိတွေ့မှုအသစ်ကို ခံစား နိုင်ပါတယ်။ ပါးလွှာသည့် ပုံစံထုထည်အနေအထားအဖြစ် Zenfone Max တွင် 5.2 mm နှင့် အလေးချိန်အားဖြင့် 202 Grams သာရှိပြီး ပေါ့ပါးသော ဒီဇိုင်း ပုံစံ အနေအထားဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ASUS Zenfone Max တွင် ၅.၅ လက်မ အကျယ်အနေအထားနှင့် 1280 × 720 HD IPS မျက်နှာပြင် အမျိုးအစားဖြင့် ဖန်တီးတည်ဆောက်ထားသောကြောင့် အမြင် အာရုံကို 178 ဒီဂရီ အနေအထားမျိုးဖြင့် ဆွဲဆောင်ဖမ်းယူစေနိုင်ပါတယ်။ နာမည်ကျော် SHARP ကုမ္ပဏီ၏ LCD နည်းပညာဖြင့် ASUS Zenfone Max သည် ကျွန်ုပ်တို့၏ အမြင်အာရုံကို 267 PPI Pixel Density နီးပါး ညှို့ယူ ဆွဲဆောင်စေပါတယ်။ ထို့အပြင် ASUS Zenfone Max တွင် ASUS ၏ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်သော TruVival နည်းပညာကို ထည့်သွင်း တည်ဆောက်ထားသောကြောင့် မူလပုံစံအလွှာ လေးလွှာအစား ပါးလွှာ လှသည့် အလွှာနှစ်လွှာပုံစံကို ပြောင်းလဲကာ အမြင်အာရုံ တောက်ပမှုကို ဖြစ်ပေါ်စေပါတယ်။

ဖန်သား Cover နှင့် Touch Panel ပုံစံတို့ကြောင့် လေခို နေမှုကို ပယ်ဖျောက်စေပြီးလျှင် ASUS Zenfone Max အပေါ် ထိတွေ့မှု အားလုံးသည် သုံးစွဲသူတို့ကို ကောင်းမွန်သော ခံစားမှုအတွေ့အကြုံများ ရရှိစေနိုင်ပါလိမ့်မယ်။ Gorilla Glass 4 ဖန်သား နည်းပညာတို့ဖြင့် တည်ဆောက်ထားသောကြောင့် ASUS Zenfone Max သည် ယခင် ဖန်သား နည်းပညာသုံး ဖန်သားများထက် ပိုမိုပါးလျပြီး မာကျောသော မျက်နှာပြင် ကိုပိုင်ဆိုင်ထားပါတယ်။

Zenfone Max တွင် Qualcomm ၏ Quad Core Snapdragon 410 Processor ကို ထည့်သွင်းအသုံးပြုထားပါတယ်။ အမြင့်မားဆုံး စွမ်းဆောင်ရည်နှင့် မြင့်မား သည့်စွမ်းအင်ချွေတာနိုင်စွမ်း တို့ကြောင့် သုံးစွဲသူ တို့၏ ကင်မရာအသုံးပြုရာတွင် ပုံရိပ်များကို လျင်မြန်စွာဖြင့် ရိုက်ကူးမှတ်တမ်း တင်နိုင်ခြင်းအပြင် HD Video မှတ်တမ်းများရိုက်ကူးခြင်းနှင့် တည်းဖြတ်ရာ တွင်လည်း ဘက်ထရီစွမ်းအား အသုံးပြုမှုကို သက်သာစေနိုင်သောကြောင့် ကြာရှည်စွာဖြင့် အသုံးပြုနိုင် ပါတယ်။ Category 4 LTE နည်းပညာကြောင့် အင်တာနက် အသုံးပြုရာတွင် တစ်စက္ကန့်ကို 150 မီကာဘိုက် ဖြင့် လျင်မြန် သော အင်တာနက်လိုင်းဆွဲအားကို ရရှိစေနိုင်ပါတယ်။


Zenfone Max တွင် 450 MHz Adreno 306 GPU နည်းပညာ၊ OpenGL ES 3.1 နည်းပညာ၊ 2 GB RAM နှင့် 802.11 b/g/n တို့၏ နည်းပညာတို့ကို ထည့်သွင်းအသုံးပြုထားပါ တယ်။ ဆင်းကတ်နှစ်ကတ်လည်း တစ်ပြိုင်တည်း သုံးနိုင်ပါတယ်။

<Specification>

Network - GSM/WCDMA/LTE
Processor - Quad Core 1.2 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.0
Storage - 16 GB
OS - Android OS, v5.0.1
Contact - 09-73171214

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment