Price:
359,000 Ks
Contacts - 01245180
အားသာချက်
ဒီဇိုင်းပိုင်းဆွဲဆောင်မှုရှိသလို ကင်မရာပိုင်းလည်း ကောင်းမွန်လှပါ တယ်။ 4G ကွန်ရက်စနစ်ကို SIM slot နှစ်ခုလုံးက အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြင်ကွင်းပိုင်းလည်း မြင့်မားကောင်းမွန်တဲ့အပြင် မြန်မာစနစ်ကလည်း အထူးအဆင်ပြေလှပါတယ်။ HTC Sense 7 စနစ်ကလည်း သဘောကျစရာပါ။
အားနည်းချက်
USB OTG စနစ်ထောက်ပံ့ပါဝင်ခြင်းရှိတဲ့အပြင် ရှေ့ကင်မရာစနစ်က ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်မယ်ဆိုရင်တော့ နိမ့်တယ်လို့ဆိုရမှာပါ။ GPU စနစ်ကတော့ သီးခြားပါဝင်ခြင်းမရှိတဲ့အတွက် ဂရပ်ဖစ်အမြင့်ဂိမ်းတွေ ဆော့ကစားရာမှာတော့ အဆင်ပြေမှာမဟုတ်ပါဘူး။
မြင်ကွင်းနှင့် ကင်မရာ
၅.၅ လက်မရှိတဲ့ Super LCD Display အမျိုးအစားမြင်ကွင်းရဲ့ pixel သိပ်သည်းမှုက 401 ppi ရှိပြီး resolution 1080x1920 ထိ ထောက်ပံ့ ပေးနိုင်တဲ့အတွက် ကြည်လင်ကောင်းမွန်တဲ့ရုပ်ထွက်ရှိမှာဖြစ်ပါတယ်။ 13 MP ကျောဘက်နဲ့ 4 MP အမျိုးအစား ရှေ့ကင်မရာတွေ ပါဝင်ပါတယ်။ ဓာတ်ပုံအတွက် OIS (Optical Image Stabilization) စနစ်ထောက်ပံ့ပါဝင်တဲ့အတွက် လက်တုန်ခါမှုကြောင့် ဓာတ်ပုံတွေမှုန်ဝါးမှာကို ပူစရာ မလိုပါဘူး။
ဘက်ထရီနှင့် အလေးချိန်
Li-Ion 2800mAh ဘက်ထရီက 3G ဖုန်းခေါ်ဆိုမှုကို ၁၄ နာရီကျော်ကြာအသုံးပြုနိုင်မှာဖြစ်တဲ့အပြင် အားသွင်းမြန်ဆန်တဲ့ Fast Charging စနစ်ကလည်း သဘောကျစရာပါ။ အလေးချိန် ၁၅၆ ဂရမ်က ရှိသင့်တာထက်ပိုလေးတဲ့အလေးချိန်ထက် ပိုလေးတယ်လို့ခံစားရပေမယ့် ဖုန်းကိုယ်ထည်က ကိုင်တွယ်ရတာကျစ်လျစ်မှုရှိပါတယ်။
သုံးသပ်ချက်
မြန်ဆန်တဲ့ Octa-core CPU ကိုအသုံးပြုထားတဲ့အပြင် 4G LTE စနစ် ထောက်ပံ့ပါဝင်လာတဲ့ဒီဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းမဆိုးလှတဲ့အပြင် ရှေ့ဘက်ကင်မရာနဲ့ ဗီဒီယိုကို 1080p နဲ့ရိုက်ကူးနိုင်တာကလည်း သဘောကျစရာပါ။ UI အသစ်ကလည်း သုံးစွဲသူကိုအထူးဆွဲဆောင်နိုင်ပေမယ့် GPU စနစ်သီးခြားမပါဝင်တာကတော့ ဒီဖုန်းရဲ့အားနည်းချက်လို့ဆိုရမှာပါ။ Fingerprints စနစ်နဲ့ OTG စနစ်တွေမပါဝင်တဲ့အပြင် ကျပ်သုံးသိန်းခွဲဝန်းကျင်ရှိတဲ့ဒီဖုန်းက တခြားပြိုင်ဘက် မော်ဒယ်တွေနဲ့ယှဉ်မယ်ဆိုရင်တော့ အနည်းငယ်များတယ်လို့ဆိုရမှာဖြစ်ပါတယ်။
Network GSM - 2G/3G/4G
SIM Dual SIM
OS Android v 6.0 (Marshmallow)
Chipset MediaTek Helio X10
CPU Octa-Core 1.5GHz
GPU no
Memory 3 GB RAM, Internal 32GB, MicroSD up to 256GB
Camera 13 MP (f/2.0), Front 4 MP (f/2.0)
Wi-Fi Wi-Fi 802.11 a/b/g/n
Sensors Accelerometer, proximity, compass
Battery Li-Ion 2800 mAh

www.pyaephyo.com
0 comments:
Post a Comment