♪ Huawei ရဲ့ ပထမဆုံး ရွေ့လျားဝန်ဆောင်မှု “ပြုပြင်ရွေ့လျား Huawei ကား” ♫

huawei-car

Huawei ရဲ့တစ်မူထူးခြားတဲ့ ရွေ့လျားဝန်ဆောင်မှု “ပြုပြင်ရွေ့လျား Huawei ကား” ဟာ ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပဲခူး၊ တောင်ငူ၊ မိတ္ထီလာ၊ ကလော၊ ညောင်ရွှေ၊ တောင်ကြီး၊ ရွှေညောင်၊ အောင်ပန်း၊ ပင်လောင်း၊ ရမည်းသင်း၊ ဖြူး၊ လှည်းကူး စတဲ့ မြို့ကြီး (၁၄)မြို့ကို သွားရောက်မှာဖြစ်ပြီး ပထမဆုံး ရွေ့လျားဝန်ဆောင်မှုဖြစ်ပါတယ်။

Huawei ရဲ့ “ပြုပြင်ရွေ့လျား Huawei ကား” ဝန်ဆောင်မှုဟာ တစ်နေရာတည်းမှာပဲ Huawei စမတ်ဖုန်းတွေအတွက် အခမဲ့ software နဲ့ firmware update ပြုလုပ်ခြင်းများ၊ အခမဲ့ အထွေထွေ စမတ်ဖုန်းသန့်စင်ခြင်းများ၊ အခမဲ့ဖုန်းအားသွင်းပေးခြင်းများနဲ့ အခြားလိုအပ်တဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုရယူရန် ရောက်ရှိလာသော သုံးစွဲသူများအနေနှင့် အခမဲ့ဝန်ဆောင်မှုများသာမကဘဲ လက်ဆောင်များကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

“Huawei က မြန်မာနိုင်ငံမှာ အကောင်းဆုံးနဲ့ အဆင့်မြင့်ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေတာနဲ့အညီ မကြာခင်ကပဲ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ (၁၆)ဆိုင်မြောက် ဝန်ဆောင်မှုစင်တာကို ဖွင့်လှစ်ခဲ့ပါတယ်။

မကွေးဝန်ဆောင်မှုစင်တာကို ဆောက်လုပ်နေသလို မော်လမြိုင်၊ နေပြည်တော်၊ ပြည်မြို့တို့က ဝန်ဆောင်မှုစင်တာတွေကို အခုနှစ်ကုန်မှာ ပြန်လည်ပြင်ဆင်ဖို့အတွက်ကို စီစဉ်နေပါတယ်။ Huawei ရဲ့ “ပြုပြင်ရွေ့လျား Huawei ကား” ဝန်ဆောင်မှုဟာ ကျွန်မတို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို တစ်နေရာတည်းမှာ ထူးခြားစစ်မှန်တဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးသွားမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ Huawei Device Myanmar ရဲ့ Service Director မချစ်ယုလှိုင်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ တောင်ကြီးမီးပုံးပျံပွဲတော်ဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ ကျော်ကြားထင်ရှားတဲ့ ပွဲတော်တစ်ခုဖြစ်လို့ Huawei ရဲ့”ပြုပြင်ရွေ့လျား Huawei ကား” အစီအစဉ်ကို တောင်ကြီးမြို့နဲ့အနီးတစ်ဝိုက်မှာ ပြုလုပ်ပေးတာ ဖြစ်ပါတယ်” လို့ မချစ်ယုလှိုင်က ပြောကြား ခဲ့ပါတယ်။

လက်ရှိမှာတော့ Huawei ဝန်ဆောင်မှုစင်တာ (၁၄)ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ မူဆယ်၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ ကလေး၊ မြိတ်နဲ့ မကွေးတို့မှာ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ Huawei ရဲ့ “ပြုပြင်ရွေ့လျား Huawei ကား” အစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Huawei Device Myanmar ရဲ့ Hotline 01-9000900  ကို မနက် ၈ နာရီမှ ည ၈ နာရီအထိ နေ့စဉ် စုံစမ်းမေးမြန်းနိုင်သလို Huawei Mobile (MM) ဖေ့ဘွတ်စာမျက်နှာမှာလည်း ကြည့်ရှုနိုင်ပါတယ်။

Huawei ရဲ့ “ ပြုပြင်ရွေ့လျား Huawei ကား ” အချိန်စာရင်း
၇.၁၁.၂၀၁၆ မနက် (၇း၀၀) နာရီ မှ နေ့လည် (၁၁း၀၀) နာရီ အထိ ပဲခူး ရွှေမုဌောဘုရားအနီး
 ၇.၁၁.၂၀၁၆ နေ့လည် (၃း၀၀) နာရီ မှ ညနေ (၇း၀၀) နာရီ အထိ တောင်ငူ ဗိုလ်မှူးဖိုးကွင်းလမ်း
၈.၁၁.၂၀၁၆ မနက် (၇း၀၀) နာရီ မှ နေ့လည် (၁၁း၀၀) နာရီ အထိ မိတ္ထီလာ ပွဲစားတန်းအနီး
၈.၁၁.၂၀၁၆ နေ့လည် (၃း၀၀) နာရီ မှ ညနေ (၇း၀၀) နာရီ အထိ ကလော မိုးပွင့်ကြယ်ဈေး
 ၉.၁၁.၂၀၁၆ မနက် (၇း၀၀) နာရီ မှ နေ့လည် (၁၁း၀၀) နာရီ အထိ ညောင်ရွှေ ညောင်ရွှေမြို့မဈေးအနီး
၉.၁၁.၂၀၁၆ မှ ၁၄.၁၁.၂၀၁၆ မနက် (၉း၀၀) နာရီ မှ ညနေ (၉း၀၀) နာရီ အထိ တောင်ကြီး အဝေရာမီးပုံးကွင်း
၁၅.၁၁.၂၀၁၆ မနက် (၇း၀၀) နာရီ မှ နေ့လည် (၁၁း၀၀) နာရီ အထိ ရွှေညောင် ရွှေညောင်ဈေး
၁၅.၁၁.၂၀၁၆ နေ့လည် (၃း၀၀) နာရီ မှ ညနေ (၇း၀၀) နာရီ အထိ အောင်ပန်း ယူနန်(၃) အနီး
၁၆.၁၁.၂၀၁၆ မနက် (၇း၀၀) နာရီ မှ နေ့လည် (၁၁း၀၀) နာရီ အထိ ပင်လောင်း ပင်လောင်းဈေး
၁၆.၁၁.၂၀၁၆ နေ့လည် (၃း၀၀) နာရီ မှ ညနေ (၇း၀၀) နာရီ အထိ ရမည်းသင်း KTA ဖုန်းဆိုင်အနီး
၁၇.၁၁.၂၀၁၆ မနက် (၇း၀၀) နာရီ မှ နေ့လည် (၁၁း၀၀) နာရီ အထိ ဖြူး ဖြူးမြို့မဈေး
၁၇.၁၁.၂၀၁၆ နေ့လည် (၃း၀၀) နာရီ မှ ညနေ (၇း၀၀) နာရီ အထိ လှည်းကူး လှည်းကူးဈေး



Credit to ==> Myanmar Digital Life Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment