♪ " iOS 10.2 Beta 2 အား လူထုမှ စတင်စမ်းသပ်နိုင် " ♫


ယခုလ၏လဆန်းပိုင်းတွင် Apple သည် iOS 10.2 ၏ ပထမဆုံး beta build အား စတင်ဖြန့်ဝေပေးခဲ့ ပြီး public beta testing ပရိုဂရမ်တွင် ပါဝင်သူများအနေဖြင့် စမ်းသပ်သုံးစွဲနိုင်မည်ဖြစ်သည်။ ထို့နောက် ရက်သတ္တပတ်မျှအကြာတွင် Apple သည် beta 10.2 အား update ထပ်မံပြုလုပ်ပေးနိုင်ခဲ့သည်

ယခုအခါ လူထုတွင်း beta စမ်းသပ်သူများအနေဖြင့် iOS 10.2 beta 2 အား သုံးစွဲခွင့်ရရှိပြီးဖြစ်ပြီး developer များသုံးစွဲခွင့်ရပြီး တစ်ရက်အကြာမှာပင် ရရှိခဲ့ခြင်းဖြစ်သည်။ Apple ၏ beta ပရိုဂရမ်တွင် ပါဝင်ထားသူများအနေဖြင့် Software အသစ်အား Settings > General> Software Update မှတစ်ဆင့် ရယူနိုင်မည်ဖြစ်သည်။ Beta အသစ်တွင် Apple TV app ပါဝင်ခဲ့ပြီး Apple TV ပိုင်ရှင်များကို ကူညီနိုင်မည်ဖြစ်ကာ ၀ယ်ယူထားသော TV shows နှင့် ရုပ်ရှင်များကို အလွယ်တကူကြည့်ရှုနိုင်မည်ဖြစ် သည်။

အဆိုပါ app ကိုအောက်တိုဘာပွဲတွင်ပြသခဲ့ပြီး MacBook Pro အသစ်နှင့် အထူးပြသ ခဲ့ခြင်းဖြစ်သည်။ နောက်ထပ်အသစ်ပါဝင်လာသည်မှာ Emergency SOS Feature ဖြစ်ပြီး အရေးပေါ်ပါဝါခလုတ် ငါးကြိမ် ဆက်တိုက်နှိပ်လျှင် ခေါ်ပေးမည်ဖြစ်သည်။ Music app တွင် ပိုမိုကြီးမားသော Shuffle နှင့် Repeat ခလုတ်များပါဝင်လာသည်။ ယခင်ကတည်းက iOS 10.2 beta တွင် emoj အသစ်၊ wallpaper အသစ်၊ Video app အတွက် widget များပါဝင်ခဲ့သည်။ Camera setting ကို save လုပ်နိုင်လာပြီး သီချင်းများကိုလည်း ကြယ်တစ်လုံးမှငါးလုံးထိ rating သတ်မှတ်ပေးနိုင်မည်ဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment