♪ " Lenovo Vibe K5 Note " ♫


သင့်ရဲ့ဖုန်းကို အဓိကအားဖြင့် ရုပ်ရှင်ကြည့်တာတွေနဲ့ ဂိမ်းကစားတာတွေမှာ အသုံးပြုဖို့အတွက်ပဲဆိုရင် ဒီ Lenovo Vibe K5 Note က အလွန်အသုံးဝင်မှာ သေချာပါတယ်။ ၄င်းက ရုပ်ရှင်ကြည့်တဲအခါ ဂိမ်းကစားတဲ့အခါတွေမှာ လိုအပ်တဲ့အချက်တွေကို ထည့်သွင်းပေးထားတာတွေ့ရပြီး လုပ်ဆောင်ချက်တွေကလည်း မြန်ဆန်တိကျမှုရှိပါတယ်။ ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ပေးထားပြီး အရှေ့ဘက်ဒီဇိုင်းပုံစံက ရိုးရိုးလေးပါပဲ။

နောက်ကျောဘက်ရဲ့အပေါ်အလယ်မှာ ကင်မရာတည်ရှိပြီး သူ့အောက်မှာ flash မီးနဲ့ အဝိုင်းပုံ fingerprint sensor တို့ ရှိပါတယ်။ ၄င်းအောက်မှာ Vibe ဆိုတဲ့ စာလုံးကြီးကို ထင်ရှားစွာမြင်တွေ့နိုင်ပြီး ဟိုးအောက်ဆုံးနားမှာ lenovo စာတန်းလေးကို ရေးသားထားပါတယ်။ ၄င်းစာတန်းအောက်မှာမှ သေသပ်တဲ့ စပီကာပေါက်တွေကို ထည့်သွင်းပေးထားမှာပဲ ဖြစ်ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano-SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးလို့ရပါတယ်။ ဖုန်းအရွယ်အစားက 152 x 75.7 x 8.5 mm ရှိပြီး 165 g အလေးချိန်သာလေးတာကြောင့် အနည်းငယ်ထူတဲ့ဖုန်းဖြစ်ပေမယ့် ပေါ့ပါး မှုရှိတာကို တွေ့ရပါတယ်။


မျက်နှာပြင် အကျယ်က ၅ လက်မခွဲရှိတဲ့အတွက် ရုပ်ရှင်ကြည့်တာတွေနဲ့ ဂိမ်းကစားတာတွေလည်း အဆင်ပြေပါတယ်။ ၄င်းမျက်နှာပြင်ကို LTPS IPS LCD နဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ full HD မြင်ကွင်းတွေကို ပြသပေးနိုင်သလို ၁ လက်မအနေအထားမှာ ပေးစွမ်းနိုင်တဲ့ သိပ်သည်းဆပမာဏကတော့ ~401 ppi pixels ပါ။ ဒါ့အပြင် multitouch စနစ်ကိုလည်း သုံးစွဲနိုင်တာကြောင့် ဂိမ်းကစားတဲ့အခါမှာ ပိုမိုမြန်ဆန်သွက်လက်တဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပါတယ်။


ကင်မရာပိုင်းဆိုရင်လည်း 13MP ရှိတဲ့ အနောက်ကင်မရာက ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 1080p ရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ Selfie ဓာတ်ပုံတွေကို အလှပဆုံး ရိုက်ယူနိုင်ဖို့အတွက်လည်း အရှေ့ကင်မရာမှာ 8MP rsolution ကို ထောက်ပံ့ပေးနိုင်ပါတယ်။ Internal memory က 32GB ပါရှိတဲ့အပြင် micro SD card ရဲ့ အထောက်အပံ့ကိုလည်း 256GB အထိ ရယူနိုင်ပါတယ်။ စွမ်းဆောင်ရည်တွေကို မြင့်မားစေဖို့ ယာယီမှတ်ဉာဏ်စွမ်းအား 3GB နဲ့ 4GB ဆိုတဲ့ version ၂ မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ အတွင်းပိုင်းမှာ Mediatek MT6755 Helio P10 chipset နဲ့ Octa-core (4x 1.8GHz Cortex-A53 & 4x1.0GHz Cortesx-A53 processor တို့ရဲ့ စွမ်းဆောင်ရည်တွေကို Mali-T860MP2 graphics card က အထောက်အပံ့ ပေးထားပါတယ်။ 


Lenovo Vibe K5 Note မှာ ထည့်သွင်းပေးထားတဲ့ RAM, Processor နဲ့ Graphics Card တို့ရဲ့ အရည်အသွေးတွေက နောက်ဆုံးပေါ်ဂိမ်းကြီးတွေကို ကောင်းမွန်စွာကစားနိုင်တဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်ပြီး multitasking တွေ ပြုလုပ်ရင်လည်း စက်ဟမ်းသွားခြင်းမရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်တွေကြည့်တဲ့အခါ ရုပ်ရှင်ရုံထဲမှာ ကြည့်နေရသလို ခံစားနိုင်မယ့်အသံတွေ ရရှိနိုင်အောင် ဂိမ်းကစားတဲ့အခါမှာလည်း သဘာဝကျတဲ့အသံတွေကို ထုတ်လွှတ်ပေးနိုင်အောင် TheatreMax နည်းပညာအပြင် အသံတွေကို ကြည်လင်ပြတ်သားစေတဲ့ Dolby Atmos system ကိုလည်း ထောက်ပံ့ပေးထားပါတယ်။


၎င်းဖုန်းကို ANT VR smartglass, Lenovo Umido ESoul DH2 Remote Controller တွေနဲ့ တွဲဖက်အသုံးပြုပြီး TheatreMax နည်းပညာရဲ့ အကောင်းဆုံး အတွေ့အကြုံတွေကို လက်တွေ့ကျကျ ခံစားနိုင်ပါတယ်။ ၄င်းပစ္စည်းတွေကတော့ package ထဲမှာမပါရှိဘဲ အပြင်ကနေ ထပ်မံဝယ်ယူသုံးစွဲရမှာ ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းအနေနဲ့လည်း Non-removable Li-Po 3500mAh ဘက်ထရီကို သုံးပေးထားတာကြောင့် အသုံးပြုနေရင်းနဲ့ ဘက်ထရီ ခဏလေးနဲ့ ကုန်သွားတဲ့ပြဿနာတွေ မရှိနိုင်ပါဘူး။ ၄င်းရဲ့ရိုးရှင်းတဲ့ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီတဲ့ ရွှေရောင်၊ ငွေရောင်နဲ့ မီးခိုးရောင်ဆိုတဲ့ ရွေးချယ်နိုင်တဲ့အရောင် ၃ မျိုးကို ထုတ်လုပ်ပေးထားမှာပဲ ဖြစ်ပါတယ်။

* Battery Life *

၎င်းမှာ Non-removable Li-Po 3500mAh Battery ကို ထည့်သွင်းပေးထားတဲ့အတွက် တစ်ခါ အားအပြည့်သွင်းထားတာနဲ့ ရုပ်ရှင်ဇာတ်ကား ၁ ကား၊ ၂ ကားလောက်ကို အေးအေးဆေးဆေး ကြည့်ရှုနိုင်ပြီး ဖုန်းပြောမယ်ဆိုရင်တော့ နာရီပေါင်း ၂၇ နာရီကျော်ခန့် သုံးစွဲနိုင်ပါတယ်။

* Design *

သတ္တုကိုယ်ထည်ရှိတဲ့ ဒီဖုန်းလေးရဲ့ဒီဇိုင်းပုံစံလေးက အရှေ့မျက်နှာပြင်မှာ အလွန်ရိုးရှင်းပြီး အနောက်ဘက်မှာတော့ functions တွေ အများကြီးကို ထည့်ပေးထားပါတယ်။ ထုတ်လုပ်ပေးထားတဲ့ အရောင်ကလည်း လူအသုံးများတဲ့ အရောင် ၃ ရောင်ဖြစ်ပြီး ကျန်တဲ့အပိုင်းတွေမှာတော့ ဘာမှသိပ်ထူးခြားတာကို မတွေ့ရပါဘူး။

* Processor *

ဖုန်းရဲ့လုပ်ဆောင်ချက်တွေအတွက် အတွင်းပိုင်းမှာ ထည့်သွင်းပေးထားတဲ့ အရာတွေက 1.8GHz octa-core Mediatek Helio P10 processor နဲ့ Mali-T860MP2 graphic card တို့ပဲဖြစ်ပြီး ၄င်းတို့ရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကြောင့် နောက်ဆုံးပေါ်ဂိမ်းကြီးတွေကိုတောင် အဆင်ပြေပြေ ကစားနိုင်ပါတယ်။

* Display and Camera *

မျက်နှာပြင်အကျယ်က 5.5-inch ကျယ်ပြီး 1080 x 1920 pixels ပမာဏရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ၁ လက်မအတိုင်းအတာအရဆိုရင် ~401 ppi pixels သိပ်သည်းဆပမာဏကို ပေးစွမ်းနိုင် ပါတယ်။ ကင်မရာပိုင်းမှာလည်း 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာတို့ကို ပံ့ပိုးပေးထားပါတယ်။

* Verdict *

ဒီ Lenovo Vibe K5 Note ဟာ စက်စွမ်းဆောင်ရည်ပိုင်း၊ ဘက်ထရီ စွမ်းအားပိုင်း၊ ကင်မရာအရည်အသွေးပိုင်း၊ မျက်နှာပြင်မြင်ကွင်း စွမ်းအားပိုင်း စတာတွေအားလုံးကလည်း သူ့ရဲ့တန်ဖိုးနဲ့ ကိုက်ညီမှုရှိတာကို တွေ့ရတဲ့အတွက် ဝယ်ယူသုံးစွဲမယ်ဆိုရင် အဆင်ပြေနိုင်မယ့် ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

Specification

» Network : GSM/HSPA/LTE (Dual-SIM)
» Weight : 165 g
» Display : 5.5", LTPS IPS LCD capacitive touchscreen
» Dimensions : 5.98 x 2.98 x 0.33 inch
» Memory : 32GB, 3GB RAM, microSD, up to 256GB
» Camera : 13 Megapixel, Front : 8 Megapixel
phase detection autofocus, dual-LED (dual tone) flash, Geo-tagging, touch focus, face detection, HDR, panorama
» Connectivity : GPS, WLAN, Bluetooth v4.1, microUSB v2.0
» OS : Android OS, v 5.1 (Lollipop)
» Chipset : Mediatek MT6755 Helio P10
GPU : Mali-T860MP2
» Features : Fingerprint, accelerometer, gyro, proximity, compass

Price » 299,000 Ks
Contact Phone » 01-381035 ( KMD )

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment