♪ “Lenovo Vibe K5 Note” ♫


Lenovo မှ Vibe K5 Plus, K4 Note, Vibe X3, Vibe Shot စတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ဈေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချ ပေးခဲ့ပြီး အခုထပ်မံ၍ စွမ်းဆောင်ရည်မြင့် Lenovo Vibe K5 Note စမတ်ဖုန်း ကို ဈေးကွက်အတွင်း ထပ်မံတင်ပို့ပေးလိုက်ပြန်ပါတယ်။ Vibe K5 Note စမတ်ဖုန်းဟာဆိုရင်ဖြင့် တိကျသောထောင့်ချိုး၊ ကျစ်လျစ် မာကျောပြီးလှပ သေသပ်သော Metallic Body ဖြင့် တည်ဆောက်ထားပါတယ်။ 

အလေးချိန် အားဖြင့် 165 grams သာရှိ၍ ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 152x75.7x 8.5 mm နှင့် မျက်နှာပြင်အကျယ် ၅.၅ လက်မရှိပြီး ခိုင်ခန့်သော ဒီဇိုင်းဖြင့် ဖွဲ့စည်းထားတယ်။ အမြင်အာရုံကို 1080x1920 pixels ဖြင့် ထောက်ပံ့ပေးထားပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆသည် 401 PPI ဖြစ်သည့်အပြင် Multitouch စနစ်တွင်လည်း လက်ချောင်းပေါ်က ထိတွေ့မှုများအတွက် စိတ်ရှိသလိုရွေ့လျားစေနိုင်မှာဖြစ်ပါ တယ်။

Lenovo Vibe K5 Note Smart-phone တွင် အဓိက,ကင်မရာ 13MP စွမ်းရည်ရှိ၍ အရှေ့ကင်မရာမှာ 8MP ပါဝင်ပြီး Dual–LED (dual tone) Flash နှင့် ဖုန်းရဲ့ အချက်အလက်လုံခြုံရေးနဲ့ ဖုန်းလုံခြုံရေးကိုလည်း Finger Print ပါရှိတဲ့အတွက် Security အပိုင်းကို စိတ်ချစွာ အသုံးပြုနိုင်ပါလိမ့်မယ်။

မှတ်ဥာဏ်အပိုင်းတွင် မြန်နှုန်းမြင့် 64-bit Octa Core နှင့် 4GB RAM ၏ ပေါင်းစပ်ထားမှုပါဝင်ပြီး၊ Internal Storage 32 GB ပါဝင်၍ SIM Card နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်သော Dual SIM Smartphone အမျိုးအစား ဖြစ်ပြီး SIM Slot (၂) ခုလုံးတွင် GSM/WCDMA မည်သည့် SIM Card ကိုမဆို ထည့်သွင်းအသုံးပြု နိုင်ပြီး 4G ကွန်ရက်စနစ်အပြည့်အ၀ရရှိစေနိုင်မှာပါ။ Dolby Atom ကို အသုံးပြုထားတာကြောင့် စကားပြောသံများ၊ သီချင်းသံ များနှင့် သဘာဝအသံများကို တိကျရှင်းလင်းထင်သာစွာ နားဆင်နိုင်ပြီး မည်သည့်အသံဖိုင်မျိုးကိုမဆို ပြည့်ဝသောစွမ်းရည်များဖြင့် ခံစားနိုင်မှာ ပဲဖြစ်ပါတယ်။


OS အပိုင်းတွင် Marshmallow Android 6.0 Version အသုံးပြု ထားပြီး ဘက်ထရီပိုင်းအနေနဲ့ လည်း Li-Po 3500 mAh အသုံးပြုထားပါတယ်။ Lenovo Vibe K5 Note သည် Silver, Grey, Gold အရောင်သုံးမျိုး ထုတ်လုပ် ပေးထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment