အရှေ့ကင်မရာကတော့ Pro 6 တုန်းကအတိုင်း 5MP ကိုပဲသုံးထားပေမယ့်
နောက်ကင်မရာကတော့ 12MP ချင်းအတူတူပေမယ့် Pro 6
ထက်ပိုမိုကြည်လင်ပြတ်သားစေဖို့ Pro 6 တုန်းကအသုံးပြုထားတဲ့ ƒ/2.2 aperture
အစား ƒ/2.0 aperture ကိုသုံးထားတာတွေ့ရပါတယ်။ 10-LED dual-tone ring
flash, phase detection နဲ့ laser-autofocus features တွေကတော့ Pro 6
တုန်းကအတိုင်းပါပဲ။
64 GB storage နဲ့ထွက်ရှိလာပြီး iPhone ကိုအတုခိုးထားတဲ့နောက်တစ်ချက်ကတော့ storage အတွက် ဘာကဒ်မှ ထပ်စိုက်လို့မရတဲ့အချက်ဖြစ်ပါတယ်။ 3060mAh battery ကိုအသုံးပြုလာတဲ့အတွက် Pro 6 ရဲ့ battery capacity ထက် (၂၀) ရာခိုင်နှုန်းပိုမိုမြင့်မားလာတာတွေ့ရပါတယ်။
Meizu Pro 6 တုန်းက ကင်မရာ နဲ့ battery ကြောင့် ပရိတ်သတ်တွေကို စိတ်ပျက်စေခဲ့တဲ့အပေါ် Pro 6s မှာ အကောင်းဆုံးပြင်ဆင်ထုတ်လုပ်ထားတယ်လို့ ယူဆရမှာဖြစ်ပါတယ်။ (၃၉၉) ဒေါ်လာ ဈေးနှုန်းနဲ့ တရုတ်ပြည် မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။
Credit to ==> Digital Times

www.pyaephyo.com

0 comments:
Post a Comment