♪ MPT ရဲ့ (၂) မိနစ်ပြော (၂)မိနစ် အလကား အစီအစဉ် စတင် ♫


မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ MPT က Promotion အစီအစဉ်အသစ်တစ်ခုဖြစ်တဲ့ “(၂) မိနစ်ပြော (၂) မိနစ်အလကား” အစီအစဉ်ကို စတင်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

MPT SIM ကတ် ကိုင်ဆောင်အသုံးပြုသူအချင်းချင်း ဖုန်းခေါ်ဆိုမှု (၂) မိနစ်ပြည့်တိုင်း နောက်ထပ် ဆက်ပြောတဲ့ (၂) မိနစ်စာကို အလကားရမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ (၄) မိနစ်စာ မနားတမ်းပြောရင် (၂)မိနစ်စာပဲ ဖြတ်တောက် မှာဖြစ်ပြီး တစ်နာရီတိတိ မနားတမ်းဖုန်းခေါ်ဆိုမှုအတွက် “(၂)မိနစ်ပြော (၂)မိနစ်အလကား” ပုံစံအတိုင်းသာ ဖြတ်တောက်မှာဖြစ်ပါတယ်။

အဆိုပါအစီအစဉ်ကို MPT ရဲ့ ဆွေသဟာ အစီအစဉ်ရယူထားသူအားလုံး ရယူအသုံးပြု နိုင်ပြီး အစီအစဉ် အသက်ဝင်ဖို့ *2222# ကိုအခမဲ့ဖုန်းခေါ်ဆိုရမှာဖြစ်ပါတယ်။



Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment