တရုတ်ပြည်တွင်းက
စမတ်ဖုန်းထုတ်လုပ်သူ တစ်ခုဖြစ်တဲ့ OnePlus ကတော့ ၄င်းရဲ့ စမတ်ဖုန်းအသစ်ကို
လာမယ့် နိုင်ဝင်ဘာလ (၁၅) ရက်နေ့မှာ စတင်မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။
သတင်းပေါက်ကြားချက်တွေအရှOnePlus 3T ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး
ပြီးခဲ့တဲ့ ဇွန်လ တုန်းကထွက်ရှိခဲ့တဲ့ OnlePlus 3 ကို
အဆင့်မြှင့်တင်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။
OnePlus
ရဲ့ Twitter ပေါ်က post အရတော့ Qualcomm Snapdragon 821 (2.35 GHz Google
ရဲ့ Pixel ဖုန်းတွေမှာသုံးထားတဲ့) processor နဲ့အတူ နိုဝင်ဘာ (၁၅) ရက်မှာ
ထွက်ရှိလာမယ်ဆိုတာ သေချာပါတယ်။ လက်ရှိအချိန်မှာတော့ ဒီထက်ပိုပြီး
တိကျသေချာတဲ့ သတင်းအချက်အလက်တွေ မထွက်ရှိသေးပေမယ့် OnePlus 3T ဟာ RAM 8GB,
3500 mAh (or) 4000 mAh battery with fast charging, Android 7.0 Nougat
ကိုအခြေခံထားတဲ့ OxygenOS စတဲ့ specs တွေနဲ့ ထွက်ရှိလာမှာဖြစ်တယ်ဆိုတဲ့
ကောလာဟလ တွေ ပျံ့နှံ့လျက်ရှိတယ်လို့သိရပါတယ်။
Credit to ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment