♪ “OPPO A37” ♫


OPPO ရဲ့ ၂၀၁၆ အတွင်းမှာလှုပ်ရှားမှုတွေဟာ အလေးပေး စောင့်ကြည့်စရာ ကောင်းလာခဲ့တာကိုတွေ့နေ ရပါတယ်။ OPPO က ဒီ ၂၀၁၆ မှာ ဗျူဟာပိုင်း အပြောင်းအလဲအဖြစ် စမတ်ဖုန်းကနေ ကင်မရာဖုန်းကို ပြောင်းလဲကာ ကင်မရာပိုင်း အသားပေးထားတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးခဲ့တာတွေ့ရ ပါတယ်။ အထူးသဖြင့် Selfie ရိုက်ကူးခြင်းကို ကြိုက်နှစ်သက်သူများ အတွက် ရည်ရွယ်ပြီး ရှေ့ကင်မရာစွမ်းရည်ကောင်းမွန် သောဖုန်းများကို ထုတ်လုပ် ရောင်းချခြင်းဖြစ်ပါတယ်။ 

အခုနောက်ဆုံး မိတ်ဆက်ထားသော OPPO ရဲ့ စမတ်ဖုန်းဟာ ရှေ့ကင်မရာပိုင်းစွမ်းရည် အရမ်းကောင်းမွန်ပါတယ်။ အခြား သော စမတ်ဖုန်းများ ၏ အနောက်ဘက် ကင်မရာစွမ်းရည်ကို အရှေ့ဘက်တွင် အသုံးပြုနိုင်အောင် ဖန်တီးထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ်။ Selfie ရိုက်ကူး တဲ့အခါတွင် ပုံရိပ်ကောင်းများပေးစွမ်းနိုင်မယ့် OPPO F1s စမတ်ဖုန်းရဲ့ ရှေ့ကင်မရာငယ် စွမ်းရည်မှာ 16 MP ရှိပါတယ်။ မျက်နှာပြင်အကျယ်အ၀န်း 5.5 inches ရှိပြီး Octa-core 1.5 GHz စွမ်းရည်ရှိသော CPU တပ်ဆင် ပေးထား ပါတယ်။

F1s တွင် အသုံးပြုနိုင်မယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 3075 mAh စွမ်းရည်ရှိပြီး မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM 3 GB နှင့် ROM 32 GB ပါရှိပါတယ်။ OPPO ရဲ့ နောက်ဆုံးပေါ်ဖုန်းများထဲတွင် တစ်လုံး အပါအ၀င်ဖြစ်သော OPPO A37 ဟာ ၂၀၁၆ မှာ ချပြလိုက်တဲ့ တတိယမြောက် ကင်မရာဖုန်းပဲဖြစ်ပါတယ်။ 4G ကွန်ရက်စနစ်မှာ အသုံးပြုနိုင် မယ့်ဖုန်းဖြစ်ပါ တယ်။ 4G ကွန်ရက်ကို အဆင့်မြှင့်တင်နေသော အချိန်အခါဖြစ်ခြင်းကြောင့် လည်း သုံးစွဲသူများအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Premium ထုတ်ကုန်တစ်ခုလိုမျိုး သတ္ထုစပ်ကိုယ်ထည်မျိုးကို အသုံးပြုရမှာ ဖြစ်ပြီး ဒီနေ့ခေတ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ဆန်မှုကို ပေးအပ်ထားပါတယ်။

ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 143.1×71×7.7 mm ဖြစ်ကာ၊ အလေးချိန်မှာ 136g ရှိပါတယ်။ သူ့ရဲ့ကင်မရာပိုင်းကိုကြည့်ရင် ရှေ့ကင်မရာ က 5MP, f/2.4 နဲ့ နောက်ကင်မရာက 8MP, f/2.0 ရှိပြီး ကြီးမားတဲ့ sensor အမျိုး အစားသုံးထားတဲ့ အားသာချက်ကြောင့် အလင်းဝင်မှုပိုင်းမှာ သူနဲ့ အလားတူ ထုတ်ကုန်တွေနှင့် ယှဉ်ရင် အများကြီးသာလွန် ကောင်းမွန်နေတာ ကို တွေ့ရမှာဖြစ်ပါတယ်။ Geo-tagging, Touch focus, Face Detection, Panorama စသော ကင်မရာ ဆက်စပ်ပတ်သက်စနစ်များလည်း အသုံးပြု နိုင်ပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ပါ။ ဒါက ဒီနေ့ စမတ်ဖုန်းသုံးစွဲသူတွေမှာ လိုအပ်နေ တဲ့အချက်ကို ပေးစွမ်းထားတာပဲဖြစ်ပါတယ်။


အထူးသဖြင့် Value for Price ဖုန်းအမျိုးအစားပါ။ ပေးရတာနဲ့ထိုက်တန်တဲ့ အရည်အသွေးမျိုး ရရှိစေမယ့် ဖုန်းအမျိုးအစားအဖြစ် သတ်မှတ်နိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ 5 inches အရွယ်အစားရှိပြီး မျက်နှာပြင် ရုပ်ကြွသဘောမျိုးခံစားရစေဖို့ 2.5D Arc Edge screen ကိုပါ အသုံးပြုပေးထားပါတယ်။ ဖုန်းတစ်လုံးအတွက် ပြင်ပအစိတ်အပိုင်းတွေထဲမှာ အထူးအရေးပါတဲ့ မျက်နှာပြင်ကိုကာကွယ် ပေးနိုင် စေဖို့ Corning ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Gorilla Glass 4 နဲ့ ဖုံးအုပ်ပေးထားပါသေးတယ်။ မျက်နှာပြင်က HD အဆင့်ရုပ်ထွက် အရည်အသွေး ပေးစွမ်းနိုင်မယ့် IPS LCD အမျိုးအစားကို သုံးထားပေးပြီး Pixels ပမာဏ သိပ်သည်းဆကတော့ 720× 1280 ဖြစ်ကာ တစ်လက်မမှာ ရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294ppi ပါ။ ပြတ်သားတဲ့ ရုပ်ထွက် မျိုးကိုပါ ပေးစွမ်းနိုင်စေဦးမှာဖြစ်ပါတယ်။

4G ကွန်ရက်စနစ်မှာသုံးနိုင်တဲ့ဖုန်းအပြင် Dual SIM နှစ်ကတ်စလုံးအတွက် ကြိုက်တဲ့ကတ်ပေါက်မှာ ထည့်သွင်းပါစေ 4G စနစ်ကို အပြည့်အ၀ရရှိစေဦး မှာဖြစ်ပါတယ်။ ဒါက မိုဘိုင်းသုံးစွဲသူတွေအတွက် တကယ့်ကိုကောင်းတဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ SD ကတ်ကို သီးသန့်စိုက်ထည့် သုံးနိုင်စေဖို့ တတိယမြောက် slot ပေါက်ကိုလည်း ထောက်ပံ့ပေးထားလို့ အချိန်မရွေး နောက်ထပ် SD ကတ်တစ်ခုကို data များများသိုလှောင်နိုင်စေဖို့ အသုံးပြုနိုင် စေပါတယ်။ Qualcomm Snapdragon 410 chipset ကို အသုံးပြုပေးထားပြီး quad-core 1.2GHz နှုန်းနဲ့ အလုပ်လုပ်ပေးမှာ ဖြစ်သလို 2GB RAM နဲ့ တွဲဖက် ပေးထားတဲ့အချက်ကြောင့် ဖုန်းအသုံးပြုတဲ့နေရာမှာ မြန်ဆန်သွက်လက်စွာ နဲ့သုံးနိုင်စေပါလိမ့် မယ်။


Internal Storage အတွက် 16GB ကို တစ်ပါတည်း ထည့်သွင်းပေးထားပြီး ထပ်တိုးသုံးမယ်ဆိုရင်တော့ 128GB အထိ တိုးမြှင့်နိုင် ပါတယ်။ GPU အမျိုးအစားကတော့ Adreno 306 ပါ။ Bluetooth Version မှာ 4.0 ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ထပ် အားသာချက်က OPPO ရဲ့ UI (user interface) ဖြစ်တဲ့ ColorOS 3.0 ကို Android OS 5.1 ပေါ်ကနေ အသုံးပြု ပေးထားလို့ ဖုန်းကိုပိုမိုမြန်ဆန်လွယ်ကူစွာနဲ့ အသုံးပြုနိုင်သလို battery အား အသုံးပြုမှုကိုလည်း အများကြီးသက်သာစေဦးမှာဖြစ်ပါတယ်။

တစ်ပါတည်း ထည့်ပေးထားတဲ့ 2630mAh စွမ်းအားရှိသော Li-Ion battery ကလည်း အခုလိုဖုန်းမျိုး အတွက် အတော်လေး ကောင်းမွန်ပြီးသားဖြစ်ပါတယ်။ ဖုန်းကို လှပသောအရောင်များဖြင့်လည်း ထုတ်လုပ်ပေးထားပါသေးတယ်။ ဈေးနှုန်း တန်ဖိုးမှာ ၁၉၉,၀၀၀ိ/-ကျပ် ၀န်းကျင်ရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment