♪ သင့်ကို လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပေးနိုင်မယ့် Public Account တွေကို Viber မိတ်ဆက် ♫


Facebook Messenger ရဲ့ ခြေရာကို လိုက်တဲ့အနေနဲ့ Viber ဟာ Business Profile ကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကိုသူတို့က Public Account လို့ခေါ်တွင်ပြီး လုပ်ငန်းနဲ့ Brand ပိုင်းဆိုင်ရာတွေကို တင်ဆက်နိုင်မှာ ဖြစ်ပြီး သတင်းနဲ့ထောက်ပံ့မှုတွေ ရယူနိုင်မှာပါ။ သင့်အနေနဲ့ Business အကောင့်ကို စကားပြောဖို့အတွက် သင့် Contact ထဲကို Add လုပ်စရာမလိုဘူးလို့လည်း သိရပါတယ်။

လက်ရှိမှာ The Huffington Post, Yandex နဲ့ The Weather Channel တို့လို Brand တွေအပါအဝင် Public Account ပေါင်း ၁၀၀၀ ဝန်းကျင်ရှိကြောင်း ဆိုထားပါတယ်။ သင့်အနေနဲ့ ဒီအကောင့်တွေက Update တွေ ရရှိဖို့အတွက် Subscribe လုပ်ထားဖို့သာ လိုအပ်တာပါ။ အသုံးပြုသူတွေအနေနဲ့ ထဲကိုလည်း ဖွင့်စရာမလိုကြောင်း သိရပါတယ်။


အားလုံးသိကြသလိုပဲ Public Account တွေဟာ Bots နဲ့အလုပ်လုပ်တယ်လို့ ထင်စရာရှိပေမယ့် Viber အနေနဲ့ကတော့ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းမထားတာကြောင့် သင့်အနေနဲ့ Brand ပိုင်ရှင်တစ်ယောက်ဆိုရင် Public အကောင့်ကို တိုက်ရိုက်ပြုလုပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Public Account လုပ်ဆောင်ချက်အသစ်ဟာ Public Chat Option မှာလည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Public Celebrity တွေနဲ့ Conversation တိုက်ရိုက် Public အနေနဲ့ စကားပြောနိုင်တဲ့ လုပ်ဆောင်ချက်ကို Viber ဟာ၂၀၁၄ခုနှစ်တုန်းက ထည့်သွင်းခဲ့တာဖြစ်ပြီး သင့်အနေနဲ့ အဆိုပါလူရဲ့ Contact နံပါတ်တော့ လိုအပ်မှာ ဖြစ်ပါတယ်။ Viber ဟာ အသုံးပြုသူ သန်း ၈၀၀ကျော်ရှိပြီး ၂၆၆ သန်း ဟာ Active User တွေဖြစ်တယ်လို့ သိရပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment