Gesture စနစ်များသည်လည်း နောက်ဆုံးပေါ်ဖုန်းများတွင် မပါမဖြစ်သော
အရာတစ်ခုပါ။ အခု L2 တွင်လည်း Gesture (ဖုန်း၏ App များကို ၀င်တဲ့အခါ
ပိုမိုလွယ်ကူစေခြင်း) နည်းပညာပါဝင်အောင် ဆောင်ရွက်ပေးထားပါတယ်။
ဖုန်းများကို ရွေးချယ်ဝယ်ယူသည့်အခါတွင် အချို့သောသူတွေက ထုတ်လုပ်ရာ
နိုင်ငံကို လေ့လာဆန်းစစ်ကြပါတယ်။
Gesture ဖုန်းကတော့ စင်္ကာပူအမှတ် တံဆိပ်ဖြစ်ပါတယ်။ L2 ဟာ ဆင်းကတ်(၂)ကတ်လည်း ထည့်သွင်းအသုံးပြုနိုင် မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ဆင်းကတ်(၂)ကတ် ကိုင်ဆောင် သူများ၊ လုပ်ငန်းနှင့် ကိုယ်ရေးကိုယ်တာ ခွဲခြား၍ ဖုန်းအသုံးပြုသူများ အဆင်ပြေ စေပါ လိမ့်မယ်။ ဖုန်းမျက်နှာပြင်အတွက် IPS Display ကိုအသုံးပြု ပေးထား ပါတယ်။
မျက်နှာပြင်အကျယ်အ၀န်းဟာ 5 inches ရှိခြင်းကြောင့် မြင်ကွင်းကျယ်သော ဖုန်းဖြစ်ပါတယ်။ ဖုန်းကိုကြည့်ရှုအသုံးပြုသည့်အခါတွင် ပုံရိပ်ကောင်းများ ခံစားနိုင်စေဖို့အတွက် လည်း 720×1280 pixels ပမာဏ နဲ့ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 140×69×7.5 mm ဖြစ်ပါ တယ်။ ဘက်ပေါင်းစုံမှ ဓာတ်ပုံရိုက်ကူးနိုင်စေဖို့ အတွက်လည်း ကင်မရာနှစ်မျိုးနှစ်စား ထည့်သွင်းပေးထားပါတယ်။
အဓိက ကင်မရာသည် 13MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ပါ။ ပြုပြင်ပြောင်းလဲမှုမရှိဘဲနဲ့ ဓာတ်ပုံများကို အလှဆုံးဖန်တီးပေးနိုင် ပါတယ်။ မှတ်ဥာဏ်ပမာဏပိုင်းနှင့်ပတ်သက်၍လည်း RAM ကို 1GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 8GB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။
USB, WiFi, Bluetooth စနစ်များကိုလည်း ထောက်ပံ့ ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် Android Version ကတော့ Lollipop ပါ။ ပါရှိသော CPU ရဲ့စွမ်းရည်မှာ MTK 6735P Quad-core 1.3 GHz ဖြစ်ခြင်း ကြောင့် ဖုန်းကို အသုံးပြုသည့်အခါတွင် လျင်မြန်သော တုံ့ပြန်မှုများကို ပေးစွမ်း ပါလိမ့်မယ်။ ဘက်ထရီအမျိုးအစား ကတော့ 2400 mAh ဖြစ်ပါတယ်။
<Specification>
Network - 2G, 3G, 4G
Screen - 5 inches
Memory - 8 GB
Bluetooth - Yes
CPU - Quad Core 1.3GHz
OS - Android OS,v5.1
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com
0 comments:
Post a Comment