♪ “Wave Money မှ မြန်မာနိုင်ငံ၏ မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှုကို ပြောင်းလဲပေးမည်” ♫


Wave Money သည် မြန်မာ့ ဗဟိုဘဏ်၏ မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်းမှတ်ပုံတင် လက်မှတ်ကိုပထမဆုံးရရှိထားသော ကုမ္ပဏီ ဖြစ်ပြီး Wave Money ကို မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း (၁၆၀) တွင် Wave ဆိုင်ပေါင်း ၄၀၀၀ ကျော်ထားရှိပြီး အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသားအားလုံး Wave Money ကိုအသုံးပြု၍ စိတ်ချယုံ ကြည်စိတ်ချစွာဖြင့် ငွေကြေး ဆိုင်ရာလုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည် ဖြစ်ကာ Wave Money သည် မြန်မာ့ဗဟိုဘဏ်၏ ပထမဆုံး မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှု လုပ်ငန်းမှတ်ပုံတင်လက်မှတ်ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ ၃ ရက်နေ့တွင် ရရှိခဲ့ သည်ဟုသိရသည်။ မြန်မာ့ဗဟို ဘဏ်၏ Deputy Governor ဖြစ်သူ ဒေါ်ခင်စောဦးမှ “မြန်မာ့ဗဟိုဘဏ်မှ ငွေကြေးလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေမယ့် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်ကဏ္ဍတွေ ပိုပြီး အားကောင်းလာစေဖို့ ရည်ရွယ်ချက်နဲ့ မိုဘိုင်းငွေကြေး ၀န်ဆောင်မှုစည်းကမ်းသတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ ပါတယ်။

ဒီစည်းကမ်းသတ်မှတ်ချက်တွေကို အစိုးရကချမှတ်ထားတဲ့ ဆင်းရဲမွဲ တေမှုလျှော့ချရေး မူဝါဒနဲ့ကိုက်ညီအောင် ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ရည်ရွယ်ချက်ကတော့ လုပ်ငန်းရှင်များနဲ့ပူးပေါင်းပြီး ပိုမို ကောင်းမွန်တဲ့ ငွေကြေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်မ တို့အနေနဲ့ Wave Money ကို ပထမဆုံးအဖြစ် မြန်မာ့ဗဟိုဘဏ်ရဲ့ မိုဘိုင်း ငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ပေးအပ် ခွင့်ရလို့ ၀မ်းမြောက်မိပါတယ်” ဟု ပြောသည်။

Wave Money ၏ CEO ဖြစ်သူ Brad Jones မှလည်း “မြန်မာနိုင်ငံမှာ လူဦးရေ ၂၀%သာ ဘဏ်ဝန်ဆောင်မှုကို ရရှိတာဖြစ်ပါတယ်။ Wave Money ရဲ့အဓိက ရည်ရွယ်ချက်မှာ ငွေကြေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ရင်း မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးလုပ်ငန်း များနှင့် လူမူရေးလုပ်ငန်း များမှာ အကျိုးအမြတ် များ ရရှိစေနိုင်ရန်ဖြစ်ပါတယ်။ ငွေကြေးလုပ်ငန်းများက ဆင်းရဲမွဲတေမှုများကို လျှော့ ချနိုင်ဖို့အတွက် လူတစ်ဦးချင်းကို ၀င်ငွေစီမံခန့်ခွဲဖို့နဲ့ များပြားတဲ့ ငွေစာရင်းပေးချေမှု တွေကို စီမံခန့်ခွဲနိုင်ဖို့ အတွက် အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။


ဒါ့အပြင် ဆင်းရဲ မွဲတေမှုကို လျှော့ချနိုင်ပြီး စီးပွားရေး၊ ကျန်းမာရေး များလုပ်ငန်းတွေမှာပါပြန်လည် ကယ်ဆယ်နိုင်ဖို့ကိုလည်း ကူညီ ပေးမှာပါ။ Wave Money က ဘဏ်ဝန်ဆောင်မှုကို မရရှိသေး တဲ့ မြန်မာနိုင်ငံ သားများအတွက် ငွေကြေးဝန်ဆောင်မှုများ ပေးစွမ်းနိုင်ဖို့ ကြိုးပမ်းသွားမှာပါ”ဟုပြောသည်။

Wave Money သည် ကျယ်ပြန့်သည့် တယ်လီနော၏ ကွန်ရက် ဖြန့်ချိမှုနှင့်အတူ နေရာအများစုတွင် များပြားလှသည့် ကိုယ်စားလှယ်များ ထားရှိပြီး သုံးစွဲသူများထံ ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ Wave Money သုံးစွဲသူများအနေဖြင့် အချိန်ကုန်ခြင်းမရှိဘဲ ငွေကုန် ကြေးကျ သက်သာသည့် မိုဘိုင်းငွေကြေး ၀န်ဆောင်မှုကို အဆင်ပြေပြေသုံးစွဲနေကြပြီ ဖြစ်သည်။ ယခုအခါမှာ Wave Money နှင့် ငွေလွှဲနိုင်ရုံသာမက ဖုန်းဘေပါ ဖြည့်နိုင်ပြီဟုလည်း သိရသည်။

Wave Money အကြောင်း အသေးစိတ်သိရှိလိုပါက Wave Money ၏ Official Facebook page ဖြစ်သော https://www.facebook.com/WaveMoney နှင့် www.wavemoney.com.mm တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။ အမြင့်မားဆုံး ဘဏ်လုံခြုံရေးစနစ်များ၊ သုံးစွဲသူများ၏အချက်အလက်များကို ကာကွယ် နိုင်ရန်အတွက် Wave Money ၏ လုပ်ဆောင်ချက်များကို အမြင့်မားဆုံးဘဏ်လုံခြုံရေးစနစ်များ၊ မြင့်မားသော အတွေ့အကြုံများနှင့် အကောင်းဆုံးလုံခြုံ ရေးစနစ်များဖြင့် သိမ်းဆည်းပေးထား သည်ဟုဆိုသည်။ Wave Money ၏ customer service center များမှလည်း ၂၄ နာရီ၊ ၇ ရက် ပတ်လုံးဝန်ဆောင်မှုပေးလျက်ရှိသည် ဟုလည်း သိရသည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment