♪ Whatsapp User အားလုံး Video Calling ပြုလုပ်နိုင်တော့မည် ♫


Whatsapp User တွေရဲ့ တောင်းဆိုမှုအများဆုံး Feature တစ်ခုဖြစ်တဲ့ Video Calling Feature ကို Whatsapp User တွေအားလုံး အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။

Whatsapp အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းက Video Calling Feature ပါဝင်တဲ့ Beta Version ကို စမ်းသပ်ဖို့ သက်သက် ထုတ်လုပ်ပေးခဲ့ပြီး Beta Tester အဖြစ် Register ပြလုပ်သူတွေသာ စမ်းသပ် အသုံးပြုလို့ရခဲ့တာဖြစ်ပါတယ်။ Whatsapp Company က Beta Version ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ပြင်ဆင်ထားတဲ့ Version အသစ်ကို မကြာမီရက်အနည်းငယ်အတွင်းမှာ ထုတ်လုပ်ပေးတော့မှာဖြစ်တဲ့အတွက် User တွေအားလုံး Video Calling ပြုလုပ်နိုင်တော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ တင်္နလာနေ့က ကြေကြာလိုက်တာဖြစ်ပါတယ်။

https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f285078%2fvid-call

Video Calling အတွက် icon အသစ်ထပ်မံ ပါဝင်လာမှာမဟုတ်ဘဲ ယခင်ပါဝင်ပြီးသား voice call icon ကိုနှိပ် လိုက်တဲ့အခါမှာ Video Call နဲ့ Voice Call ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Skype နဲ့ အခြား app တွေမှာပါဝင်တဲ့ လူအများကြီးနဲ့ ဆက်သွယ်နိုင်တဲ့ group video call တော့ ပါဝင်လာမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment