♪ 20MP selfie camera, split screen multitasking နဲ့ Vivo V5 ♫


စမတ်ဖုန်းတွေနဲ့ selfie ရိုက်တာတွေခေတ်စားလာတာနဲ့အမျှ စမတ်ဖုန်းကုမ္ပဏီတွေဟာ selfie camera အသားပေး စမတ်ဖုန်းတွေကို အပြိုင်အဆိုင်ထုတ်လုပ်လာကြတာတွေ့ရပါတယ်။ အခု နောက်ဆုံး ထွက်ရှိ လာတဲ့ selfie အသားပေး စမတ်ဖုန်းကတော့ Vivo V5 ဖြစ်ပြီး အရည်အသွေးမြင့် sensor နဲ့ LED flash ပါဝင်တဲ့ 20MP front-facing camera နဲ့ထွက်ရှိလာ တဲ့အတွက် စမတ်ဖုန်းအသုံးပြုသူတွေ ကြားမှာ ရေပန်းစားလျက်ရှိနေပါတယ်။

vivo-v5-smartphone-to-be-available-in-india-this-month

ကျောဘက်မှာတော့ Phase Detection AF sensor ပါဝင်တဲ့ 13MP ကင်မရာကိုအသုံးပြုထားပြီး ဓာတ်ပုံရုပ်ထွက် ကောင်းမွန်ရုံမက video ရုပ်ထွက်ကလည်း 1080p video တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

720p resolution သာထောက်ပံ့ထားတဲ့ 5.5” IPS LCD ကိုအသုံးပြုထားပေမယ့် screen ကို 2.5D curved Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ Display ရဲ့ အောက်ခြေက fingerprint ကလည်း (၀.၂) စက္ကန့် မြန်နှုန်းနဲ့ စွမ်းဆောင်မှာဖြစ်ပါတယ်။

vivo-v5-india-launch

နာမည်မရှိတဲ့ octa-core processor ကို RAM 4GB နဲ့ ထောက်ပံ့မောင်းနှင်ထားပြီး 32GB storage ပါဝင်ကာ microSD လည်းထပ်မံ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Android 6.0 Marshmallow ပေါ်မှာ Funtouck OS 2.6 ကိုတွဲဖက် အသုံးပြုထားပြီး Smart Split 2.0 ပါဝင်တဲ့အတွက် split-screen multitasking လုပ်ဆောင် နိုင်ပါတယ်။ 3000mAh battery ကိုအသုံးပြုထားပြီး အသံပိုင်းအတွက် အရည်အသွေးမြင့် AK4346 Hi-Fi audio chip ကိုအသုံးပြုထားပါတယ်။

Crown Gold နဲ့ Grey ဆိုပြီး အရောင်(၂) မျိုးနဲ့ ထွက်ရှိလာပြီး (၂၆၅) ဒေါ်လာ ဝန်းကျင်နဲ့ နိုင်ဝင်ဘာလ (၂၆) ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment