♪ Momolay founder ကို စိုးလင်းမြတ်နဲ့ တွေ့ဆုံခြင်း ♫


(၂၀၁၅) ဖေဖော်ဝါရီတုန်းက စတင်တည်ထောင်ခဲ့တဲ့ အွန်လိုင်းဖျော်ဖြေရေး တစ်ခုဖြစ်တဲ့ Momolay App ရဲ့ တည်ထောင်သူ ကိုစိုးလင်းမြတ်နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး Social Media နဲ့ ပတ်သတ်လို့ မေးမြန်းဖြစ်ခဲ့ ပါတယ်။

Momolay မှာ တာဝန်ယူထားတဲ့ အပိုင်း

Momolay မှာကျွန်တော်လုပ်တဲ့အပိုင်းကတော့ (၂)ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းကတော့ Product Management ပေါ့။ Momolay မှာ ဘာ feature တွေထည့်မယ့်၊ မထည့်ဘူး။ ဘာတွေပြောင်းမယ်၊ မပြောင်းဘူး ဆိုတာကို ဆုံးဖြတ်တာပါ။ အဲဒါကလည်း User တွေရဲ့ Feedback ပေါ်မှာမူတည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Version အသစ်တစ်ခု ထွက်တိုင်း User တွေရဲ့ Feedback ကိုတောင်းတယ်။ ကိုယ်တိုင်လည်းသုံးကြည့်တယ်။ အဲဒီမှာမှ ဘာတွေအဆင်ပြေတယ် ၊ ဘာတွေအဆင်မပြေဘူးဆိုတာ သိပြီးတော့မှ နောက် Version  တစ်ခုအတွက်ပြင်ဆင်တာမျိုးပေါ့။ နောက်တစ်ပိုင်းကတော့ Server အပိုင်း ၊ Programming ပိုင်းကိုလည်းဝင်ပြီးရေးတယ်ပေါ့။ လောလောဆယ်တော့ Momolay မှာ အဲ့(၂) ပိုင်းကိုလုပ်နေပါတယ်။

Product Management

ကျွန်တော်ကတော့ Software Engineering ၊ Programming အပိုင်းထက် Product Management ပိုင်းကို အဓိကလုပ်ထာပါ။ ဒီမှာကတော့ Team ကနည်းနည်းသေးတာပေါ့။ Department တွေများတဲ့ တကယ့် ကုမ္ပဏီအကြီးကြီးတွေမှာဆိုရင် တော့ Product Management ပိုင်းဆိုတာကတော့ Software တွေမှာရှိတဲ့ လိုအပ်ချက်တွေ (User တွေ ၊ ရှယ်ယာ Holder တွေ ၊ Client တွေဘက်က) ကို Programmer တွေ သိရှိနားလည်ဖို့ အတွက် Translate လုပ်ပေးရတာပါ။ အဲ့ဒီမှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် Solution ရှာရတယ်ပြီးရင် Programmer တွေကိုပြောရတာပေါ့။ ပြောတဲ့နေရာမှာလည်း Programmer တွေဘက်က Techinical Term တွေသုံးတယ်၊ Client ဘက်ကရိုးရိုး Layman Term တွေသုံးတယ်၊ အဲလိုအသုံးအနှုန်းချင်းမတူတဲ့အတွက် Product Management ပိုင်းကနေ ဆက်စပ်ပေးရတာမျိုးပါ။

Social Media နဲ့ပတ်သတ်လို့ အမြင်

Social Media လို့ပြောရင်တော့ မြန်မာပြည်မှာ အဓိကတော့ Facebook ပေါ့။ အွန်လိုင်းမှာဆိုရင် ဘာပဲလုပ်ချင် လုပ်ချင် Facebook ကိုအသုံးပြုနေကြတာများတယ်။ သတင်းဖတ်ချင်ရင်လည်း Facebook ၊ တစ်ခုခုဝယ်ချင်ရင်လည်း Facebook ၊ သူငယ်ချင်းတွေနဲ့ စကားပြောရင်လည်း Facebook စသဖြင့်ပေါ့ Facebook ကစွယ်စုံသုံးလိုမျိုးဖြစ်နေတယ်။ နောက်ပြီး ဒီမှာက email တောင်သိပ်မသုံးကြဘူး။ email သုံးမယ့် အစား Facebook messenger ကနေ message ပို့လိုက်တယ်။ ဒါမျိုးပေါ့။ ကောင်းတာ ၊ ဆိုးတာ ဆိုတာကတော့ ရှိတာပေါ့။ အကောင်းဘက်ကဆိုရင် Communication ပိုင်းလွယ်ကူအဆင်ပြေတယ်။ လိုချင်တာရှာလို့ရတယ်။ အဆိုးဘက်ကဆိုရင်တော့ Rumours တွေများတယ်။ ဟုတ်တာတွေရော ၊ မဟုတ်တာတွေရော Facebook ပေါ်မှာရှိတယ်။ အကောင့်ဖွင့်ရတာလွယ်တော့ Fake အကောင့်တွေဖွင့်ပြီး ကောလာဟလတွေဖြန့်တာမျိုး ၊ messenger ကနေ ဖုန်းဘေတောင်းတာမျိုး ၊ ခြိမ်းခြောက်တာမျိုးတွေ တွေ့ရတယ်ပေါ့။ အဆိုးနဲ့ အကောင်းကတော့ နေရာတိုင်းမှာရှိနေတာပါပဲ။ သတိထားပြီး ချင့်ချိန်တတ်ဖို့တော့ လိုတာပေါ့။

Kyarlay အကြောင်း

Kyarlay က ကျွန်တော်တို့ရဲ့ Project အသစ်ပေါ့။ အောက်တိုဘာမှစတာပါ။ e-commerce platform ပေါ့ website ရှိမယ်၊ Android app ရှိမယ်၊ Facebook Page ရှိမယ်ပေါ့။ e-commerce platform ဆိုပေမယ့် general မဟုတ်ပါဘူး။ Moms and Babies (မိခင်နဲ့ကလေး) products တွေကိုပဲ ရောင်းချတာပါ။ ရည်ရွယ်ချက်ကတော့ မိဘတွေအနေနဲ့ ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ ကလေးအတွက်လိုအပ်မယ့် ပစ္စည်းတွေကို အွန်လိုင်းကနေ အလွယ်တကူမှာနိုင်ဖို့ပါ။

Kyarlay ကို တကယ်တမ်းက officially launch မလုပ်ရသေးပါဘူး။ စပြီးစမ်းသပ်တဲ့ပုံစံမျိုးပဲရှိပါသေးတယ်။ ဒါတောင် အောက်တိုဘာလ အတွင်းမှာတင် အော်ဒါ အတော်များများရပါတယ်။ အခုလ (၂၆)၊ (၂၇) နိုဝင်ဘာလရဲ့ နောက်ဆုံး စနေ၊ တနင်္ဂနွေမှာ လှည်းတန်းစင်တာ မှာ မိတ်ဆက်ပွဲ လုပ်ဖို့ရှိပါတယ်။ လာတဲ့သူတွေကို kyarlay android app ကိုသွင်းပေးမယ်၊ တစ်ခါတည်းဝယ်လို့ရအောင် diplay တွေပြထားမယ်၊ ဝယ်တဲ့နေရာမှာလည်း ခြင်းတောင်းယူပြီးပစ္စည်းတွေ ထည့်ပြီး ဝယ်တာမျိုးမဟုတ်ဘူး။ app ကိုသုံးပြီး ပစ္စည်းတစ်ခုချင်းစီမှာ ပြထားတဲ့ QR Code တွေကို Scan ဖတ်လိုက်တာနဲ့ အဲ့ပစ္စည်းရဲ့ အကြောင်းအရာနဲ့ ဈေးနှုန်းတွေပေါ်လာမယ်။

အဲဒီတော့မှ ကြိုက်တဲ့ ပစ္စည်းကို ရွေးပြီး Order လုပ်လိုက်ရုံပါပဲ။ အွန်လိုင်းမှာ အော်ဒါမှာသလိုပါပဲ။ ပိုက်ဆံချက်ချင်းပေးစရာမလိုသလို ပစ္စည်းချက်ချင်း မရတာတော့ ရှိတာပေါ့။ ကျွန်တော်တို့ဘက်က သုံးရက်အတွင်းအရောက်ပို့ပေးမှာဖြစ်ပါတယ်။ ပွဲလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ App သုံးနည်းကို သင်ပေးချင်လို့ပါ။ နောက်ပိုင်းကျရင် အိမ်ကနေပဲ App ကနေ လှမ်းဝယ်လို့ရမှာဖြစ်ပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment