♪ တစ်ပတ်စာ သင့်အတွက် ကံကြမ္မာ ♫


တနင်္ဂနွေ
ဒီတစ်ပတ်အတွင်း ဝင်ငွေကောင်းပါလိမ့်မည်။ လာဘ်ပွင့်ပြီး ငွေအလုံးအရင်းလိုက်ရတတ်ပါသည်။ အချစ်ရေးတွင် စန်းပွင့်နေတတ်ပါသည်။ အချစ်ရေးကံ ကောင်းပြီး ပျော်ရွှင်ရတတ်ပါသည်။ အိမ်ထောင်ရေးတွင် သူ တစ်ပါးကိစ္စကြောင့် အိမ်ပူအိမ်ဆူ ဖြစ်တတ်ပါသည်။ စီးပွားရေးအလုပ်အကိုင်ကြောင့် လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ရတတ်ပါသည်။ သူတစ်ပါးဖုန်းအသစ်ဝယ်ခြင်း၊ ဖုန်းပြုပြင်ခြင်းကိစ္စတွင် ကြားဝင် ကူညီရတတ်သည်။
ယတြာ။ သံဃာတော်တစ်ပါးအား ယပ်တောင်ကပ်လှူ၍ သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။
တနင်္လာ
ဒီတစ်ပတ်အတွင်း ငွေအကုန် အကျများရတတ်သည်။ ငွေကြေး နှင့်ပတ်သက်ပြီး စကားပြောရတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူနှင့် ခွဲခွာရတတ်ပါသည်။ အိမ်ထောင်ရေးတွင် ပျော်ရွှင်အေးချမ်းမှုများ ကြုံတွေ့ရတတ်ပါသည်။ လုပ်ငန်းအကြံအစည်တို့ အခက်အခဲအထင်အငေါ့များနှင့် ကြုံနေရတတ်ပါသည်။ ရေခြား၊ မြေခြား၊ နိုင်ငံရပ်ခြားမှအကူအညီရတတ်ပါသည်။ မိမိဖုန်းကိုသူတစ်ပါးက ငှားယူသုံးစွဲတတ်သည်။ ဖုန်းမေ့ကျန်တတ်ပါသည်။
ယတြာ။ အိမ်ဘုရားတွင် နန်းကြီးသုပ်ကပ်လှူ၍ သင်အလို ရှိရာကို ဆုတောင်းလိုက်ပါလေ။
အင်္ဂါ
ဒီတစ်ပတ်အတွင်း ငွေကြေး နှင့်ပတ်သက်၍ ဝင်လည်းဝင် မည်။ ထွက်လည်းထွက်တတ်ပါ သည်။ ငွေမမြဲတတ်ပါ။ အချစ် ရေးတွင် အဆင်ပြေလိုက်၊ မပြေ လိုက် ဖြစ်နေတတ်ပါသည်။ အိမ် ထောင်ရေးတွင် ဘာရယ်မဟုတ် ဘဲ ပြဿနာ မကြာခဏဖြစ်နေ တတ်ပါသည်။ လုပ်ငန်းအကြံအစည်တို့ မရေရာ၊ မသေချာ ဖြစ် နေတတ်ပါသည်။ အလုပ်ကိစ္စတို့ မပြီးပြတ် တိုးလို့တန်းလန်း ဖြစ်တတ်ပါသည်။ ဖုန်းအသစ်ဝယ်နိုင် ရန်အတွက် အကူအညီပေးမည့် သူပေါ်လာတတ်သည်။ ဖုန်းအသစ်လည်း ဝင်လာတတ်ပါသည်။
ယတြာ။ ကောက်ညှင်း ပေါင်းအား ဘုရားဆွမ်းတော် ကပ်လှူ၍ သင်အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။
ဗုဒ္ဓဟူး
ဒီတစ်ပတ်အတွင်း သူတစ်ပါးတို့၏ ငွေကြေးကိစ္စများတွင် ကြားညပ်တတ်သည်။ ရှောင်ထားပါ။ မရှောင်လျှင် ပြဿနာ ဖြစ်တတ်ပါသည်။  အချစ်ရေးတွင် မကြာခဏ စကားများလိုက်၊ စိတ်ကောက်လိုက် ဖြစ်နေတတ်ပါသည်။ အိမ် ထောင်ရေးတွင် တစ်ဦးနှင့်တစ်ဦး အေးတိအေးစက်ဖြစ်နေတတ်ပါသည်။ အလုပ်သစ်အလုပ်ပိုတို့ လုပ်ရတတ်သော အချိန်ဖြစ်ပါသည်။ အလုပ်နှင့်ဆိုင်သော ခရီး များရတတ်ပါသည်။ ဖုန်းအသစ် ဝင်လာခြင်း၊ ဖုန်းနှင့်သက်ဆိုင်သည့် အလှဆင် ပစ္စည်းများဝင် ခြင်းတို့ ဖြစ်တတ်ပါသည်။
ယတြာ။ အိမ်ဘုရားတွင် ပန်းသစ်တော်ကပ်လှူပြီး သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။
ကြာသပတေး
ဒီတစ်ပတ်အတွင်း ဝင်ငွေ ကောင်းပါလိမ့်မည်။ လာဘ်ပွင့်ပြီး ငွေအလုံးအရင်းလိုက်ရတတ်ပါသည်။ လုပ်ငန်းအကြံအစည်တို့ မရေရာ၊ မသေချာ ဖြစ်နေတတ်ပါသည်။ အလုပ်ကိစ္စတို့ မပြီးပြတ်တိုးလို့ တန်းလန်းဖြစ်တတ်ပါသည်။ အချစ်ရေးတွင် ချစ်သူ၏ အရေးပေ၊ ဂရုစိုက်ခြင်းကို ခံရတတ်ပါသည်။ အိမ်ထောင်ရေးတွင် အဆင်ပြေလိုက်၊ မပြေလိုက်ဖြစ် တတ်ပါသည်။ ဖုန်းအသစ်ဝင်လာခြင်း၊ ဖုန်းနှင့် သက်ဆိုင်သည့် အလှ ဆင်ပစ္စည်းများ ဝင်ခြင်းတို့ ဖြစ်တတ်ပါသည်။
ယတြာ။ ထန်းလျက်ခဲခွေးကျွေး၍ သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။
သောကြာ
ဒီတစ်ပတ်အတွင်း ငွေနှင့် ပတ်သက်၍ သတင်းကောင်းကြား ရပါလိမ့်မည်။ မကြာခဏလည်း လာဘ်ပွင့်၍ ငွေဝင်တတ်ပါသည်။ အချစ်ရေးတွင် ကြားလူအနှောင့်အယှက် ဝင်လာတတ်ပါသည်။ အိမ်ထောင်ရေးတွင် ပျားရည်ဆမ်းအချိန်များဖြင့် ပျော်ရွှင်ကျေ နပ်ရပါလိမ့်မည်။ အလုပ်နှင့်ပတ် သက်၍စိတ်မပါဘဲ ဖြစ်နေတတ်ပါသည်။ အခက်အခဲအချို့တွေ့ တတ်သလို ကြိုးစားအားထုတ်မှုလည်း နည်းနေတတ်ပါသည်။ ဖုန်းဖြင့် သတင်းကောင်းကြားရတတ်သည်။ ဖုန်းအလှဆင်ပြုပြင်ပြီး ကိုင်လိုစိတ်ပေါ်တတ်သည်။
ယတြာ။ မုန့်လုံးရေပေါ်ဝေ၍ သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။
စနေ
ဒီတစ်ပတ်အတွင်း အကြောင်းမဲ့ ငွေထွက်တတ်ပါသည်။ ငွေဆုံးရှုံးခြင်း၊ ငွေသိမ်းခံရခြင်းဖြစ်တတ်သည်။ သတိထားပါ။ အချစ်ရေးတွင် ရည်းစားဟောင်း၊ မိတ်ဆွေ ဟောင်းကြောင့် ပြဿနာဖြစ်တတ်ပါသည်။ အိမ်ထောင်ရေးတွင် အသေးအဖွဲ ကိစ္စ ကြောင့် စကားကတောက် ကဆဖြစ်တတ်ပါသည်။ အကြံဉာဏ် ကောင်းများပေါ်မည်။ အလုပ်တိုးချဲ့ရတတ်ပါသည်။ အခွင့်ရေးကောင်းများ ရရှိပါလိမ့်မည်။ သင်၏ဖုန်း၊ ပျက်စီး ပျောက်ဆုံးတတ်ခြင်း၊ အဟောင်းထွက်၍ အသစ်ဝင်ခြင်းတို့ ဖြစ်တတ်သည်။
ယတြာ။ သံဃာတော်တစ်ပါးအား ကြက်သားဆွမ်းလောင်းလှူ၍ သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။



Credit to ==> IJ Mobile


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment