♪ “KENBO Fly One” ♫


Fly One ဖုန်းမှာ အသံပိုင်းစနစ်ကို ထူးခြားကောင်းမွန်စေဖို့အတွက် Auro 3D Audio စနစ်ကို တပ်ဆင်ပေး ထားပါတယ်။ အရောင်အမျိုးအစား ပေါင်း ၁၆ သန်းအထိ အနုစိတ်ခွဲခြားပုံဖော်ပေးနိုင်တဲ့ Sharp Screen ကို သုံးထားပြီး သူ့ရဲ့မျက်နှာပြင်အရွယ်အစားက 5.5 inches ရှိပါတယ်။

ဂိမ်းကစားတာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် 1280*720 Pixels HD ရုပ်ထွက်ကို ထုတ်ပေးနိုင်တာမို့ ကြည်လင်တောက်ပတဲ့ အမြင်အာရုံကိုခံစားထိတွေ့နိုင် မှာဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ Speaker 2 ခုကို အသံစစ် ထုတ်အားပိုမိုကောင်းမွန်စေရန် Fly One မှာ ထည့်သွင်းပေးထားတဲ့အပြင် ဖုန်းကိုအထက် အောက်ပြောင်းပြန်အနေအထားနဲ့ စကားပြောဆိုနိုင်ဖို့အတွက် MIC 2 ခုကို ဖုန်းအထက်နဲ့အောက်မှာ ထည့်ပေးထားပါတယ်။

စွမ်းဆောင်ရည် မြင့်မားတဲ့ Quad Core 1.3 GHz CPU ကို ဖုန်းမှာတပ်ဆင်ပေးထားတာမို့ ဖုန်းအသုံးပြုတဲ့အခါမှာ ထစ်ငေါ့ခြင်းမရှိ ဘဲ မြန်ဆန်သွက်လက်နေမှာပါ။ ဗီဒီယို၊ ဓာတ်ပုံ၊ သီချင်း၊ အခြားအချက်အလက်များကို 16 GB ROM ပါဝင် တာမို့ များပြားစွာ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ RAM ပမာဏကိုတော့ 2GB ကို ထည့်သွင်းပေးထားပါတယ်။

GSM နဲ့ WCDMA မိုဘိုင်းကွန်ရက်တွေမှာ ဖုန်းအသုံးပြုနိုင်မှာဖြစ်ပြီး Android စက်လည်ပတ်မှုစနစ် ဗားရှင်း 6.0 Marshmallow ကို သုံးပေးထားပါတယ်။ ကိုယ်ထည်ကို Air Aluminium (Metal Line) သတ္တုကို အသုံးပြုထားတာကြောင့် မတော်တဆထိခိုက်မိတဲ့ဒဏ်များကို ခံနိုင်ရည် ရှိစေမှာပါ။ ဘက်ထရီအား ကတော့ 2500 mAh အထိ သိုလှောင်နိုင်စွမ်းရှိပြီး အရှေ့ဘက်တွင် 5 Megapixels ကင်မရာ၊ အနောက်ဘက်တွင် 8 Megapixels ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။

 ဈေးနှုန်းသက်သက်သာသာနဲ့ နည်းပညာမြင့်မြင့် ဖုန်းကို သုံးချင်တယ်ဆိုရင်တော့ KENBO Smartphone က ထုတ်လုပ်ထားတဲ့ Fly One ဖုန်းဟာ သုံးစွဲသူများအတွက် အဆင်ပြေစေပါလိမ့်မယ်။

<Specification>
Network - 2G/3G
Memory - 16 GB
CPU - Quad Core 1.3 GHz
Camera - 8 MP
Screen - 5.5 inches
OS - Android OS, v6.0
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment