♪ Google Pixel သုံးစွဲသူများ 4G LTE ချိတ်ဆက်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေ ♫


Google ၏ Pixel စမတ်ဖုန်းသစ်တွင် မြန်ဆန်သော AWS ကြိမ်နှုန်းများနှင့် တွဲဖက်သုံးစွဲရန် ပြုလုပ် ထားသောကြောင့် အမေရိကမြောက်ဘက်နှင့် တောင်ဘက်မှ Band 4 ချိတ်ဆက်ရာတွင် အဆင်မပြေမှုများ ရှိကြောင်း သိရသည်။ Google ၏ကိုယ်ပိုင်ဖိုရမ်များတွင် Band 4 LTE ကို Pixel နှင့်ချိတ်ဆက်ရာတွင် ကြုံတွေ့သော ပြဿနာများကို သုံးစွဲသူများက ရေးသားထားသည်။

အဆိုပါ ပြဿနာမှာ Pixel သုံးစွဲသူတိုင်း မဖြစ်ပေါ်ဘဲ Band 4 LTE ရှိသော ဒေသနှင့် ကွန်ရက်အချို့တွင်သာ ကြုံတွေ့ရသည်။ Pixel နှင့် Pixel XL စမတ်ဖုန်းနှစ်မျိုးမှာ Band 4 LTE ချိတ်ဆက်ရာ၌ ပြဿနာရှိကြောင်း MobileSyrup ကဖော်ပြခဲ့သည်။ တစ်ခါတစ်ရံတွင် လှိုင်းများကို မိနစ်အနည်းငယ်မျှ ချိတ်ဆက်မိသော်လည်း အခြားအချိန်များတွင် reboot ပြန်လည်ပြုလုပ်ရန် လိုအပ်သည်။

ထိုပြဿနာမှာ software သို့မဟုတ် hardware တစ်ခုခုကြောင့် ဖြစ်ပေါ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။ Pixel သုံးစွဲသူတချို့အနေဖြင့် ကွန်ရက်များတွင် Band 4 LTE နှင့်ချိတ်ဆက်ရာတွင် ပြဿနာများ ရှိကြောင်း ၊ ကုမ္ပဏီအနေဖြင့် အဆိုပါကိစ္စကို စုံစမ်းလျက်ရှိကြောင်း Google မှ အတည်ပြုထုတ်ပြန်သွားခဲ့သည်။


Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment