♪ Ooredoo ၏ 4G/3G အသုံးပြုနိုင်မည့် Smart 12 Series စမတ်ဖုန်းများ စတင်ရောင်းချ ♫


Ooredoo ၏ 4G/3G အသုံးပြုနိုင်မည့် Smart 12 Series စမတ်ဖုန်းများ စတင်ရောင်းချလိုက်ကြောင်း သိရသည်။ Smart 12 3G Plus, Smart 12 4G Plus, Smart 12 4G Super Star and Smart 12 4G Lux Star အစရှိသည့် စမတ်ဖုန်းများအား မြန်မာနိုင်ငံတစ်ဝန်းရှိ Ooredoo Myanmar အမှတ်တံဆိပ် အရောင်းဆိုင်များနှင့် အခြားသော မိုဘိုင်းအရောင်းဆိုင်များတွင် ဖုန်းငွေဖြည့်အပိုလက်ဆောင် နှင့်အတူ ဝယ်ယူရရှိနိုင်မည်ဟု သိရသည်။

တစ်နှစ်အာမခံဖြင့် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ Smart 12 3G Plus မှာ ဆင်းကတ်နှစ်ကတ်သုံးဖြစ်ပြီး မျက်နှာပြင် ၅ လက်မဖြစ်ကာ ရှေ့ကင်မရာ 2MP နှင့် နောက်ကင်မရာ 5MP ပါရှိမည်ဖြစ်သည်။ အရောင်မှာ အနက်ရောင်ဖြစ်ကြောင်းနှင့် ၎င်းကို ၅၉,၉၉၉ ကျပ်ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ဝယ်ယူအသုံးပြုသူများ အနေဖြင့် တစ်လလျှင် ၃,၀၀၀ ကျပ် ငွေဖြည့်ပါက လစဉ် အပိုငွေဖြည့်လက်ဆောင် ၅,၀၀၀ ကျပ် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရွှေရောင် Smart 12 4G Plus ကို မြန်မာကျပ်ငွေ ၇၉,၉၉၉ ကျပ်ဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆင်းကတ်နှစ်ကတ်သုံးဖြစ်ပြီး မျက်နှာပြင်အကျယ် ၅ လက်မ ၊ နောက်ကင်မရာ 5MP နှင့် ရှေ့ကင်မရာ 2MP တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟန်းဆက်ကို ဝယ်ယူသူများအနေဖြင့် တစ်လလျှင် ငွေ ၅,၀၀၀ ကျပ် ဖြည့်ပါက အူရီဒူးမှ အပိုငွေဖြည့်လက်ဆောင် ၈,၅၀၀ ကျပ်ကို လစဉ် ရရှိမည်ဖြစ်သည်။ Smart 12 4G Super Star အား ဝယ်ယူလိုသည့် သုံးစွဲသူများအနေဖြင့် အနက်ရောင်၊ အဖြူရောင်နှင့် ရွှေရောင်များထဲမှ မိမိတို့ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ်ရယူနိုင်မည်ဖြစ်ပြီး မျက်နှာပြင်အရွယ်အစား ၅ လက်မ၊ နောက်ကင်မရာ 8MP နှင့် ရှေ့ကင်မရာ 5MP တို့ ပါဝင်လာမည်ဖြစ်ကြောင်း၊ Smart 12 4G Super Star ၏ ဈေးနှုန်းမှာ ၉၉,၉၉၉ ကျပ်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် လစဉ် ကျပ် ၅,၀၀၀ စီ ဖုန်းဘီလ်ဖြည့်လိုက်တိုင်း အပိုငွေဖြည့်လက်ဆောင် ၈,၅၀၀ ကျပ် ရရှိမည်ဖြစ်ကြောင်း သိရသည်။



Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment