♪ ကမ္ဘာ့အမြန်ဆုံး မိုဘိုင်းဖုန်း ဖြစ်လာဖို့ ရည်ရွယ်လာတဲ့ HTC Bolt ♫


Android 7.0 Nougat နဲ့ အတူ ကမ္ဘာ့အမြန်ဆုံး ဖုန်းလာဖို့ ရည်ရွယ်လာတဲ့ HTC Bolt ဟာ HTC သမားတွေအတွက် သီးသန့်ရည်ရွယ်ထုတ်လုပ်လိုက်တယ် လို့ ဆိုပါတယ်။

Android version အသစ် Android 7.0 Nougat ကို LTE-Advance network နဲ့ ချိတ်ဆက်ထားပါတယ်။ ကနေဒါနိုင်ငံ မပါဝင်ပဲ အမေရိကန် နဲ့ ဥရောပ ဈေးကွက်မှာတော့ နိုဝင်ဘာ ၁၁ ရက်နေ့ က ဒေါ်လာ ၆၀၀ နဲ့ စတင် ဈေးကွက်တင်ရောင်းချခဲ့ပါတယ်။ လှပတဲ့ အရွယ်အစား လေး ဖြစ်တဲ့ ၅.၅ လက်မ မျက်နှာပြင် ကို Quad HD နဲ့ တည်ဆောက်ထားပါတယ်။ Corning Gorilla Glass 5 မျက်နှာပြင် ဖြစ်တဲ့အတွက် ကြည်လင်တောက်ပတဲ့ ရုပ်ထွက် တွေကိုလည်း ရရှိစေနိုင်ပါတယ်။

htcbolt

အလူမီနီယမ် ကိုယ်ထည် မှာ ရေစိမ်ခံနိုင်တဲ့ နည်းပညာထည့်သွင်းထားပါတယ်။ ပြီးခဲ့တဲ့ လတွေက ထွက်လာခဲ့တဲ့ HTC 10 ရဲ့ ဒီဇိုင်း နဲ့ ဆင်တူလှပြီး  ငွေရောင် နဲ့ အနက်ရောင် နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ရှေ့ဘက် က 16 Megapixel ကင်မရာကလည်း Selfie ဖြစ်စေ၊ ပန်နိုရားမားတွေ အတွက် ဖြစ်စေ အဆင်ပြေစေတဲ့ အနေအထားပါပဲ။ Selfie အတွက်ကိုတော့ 8 Megapixel ထည့်သွင်းထားပါတယ်။

ကင်မရာပိုင်း မှာ တော့ Glass Lens၊ Dual LED flash Self timer up to 10 seconds ၊  Face detection ၊ Panorama ၊ Zoe capture Hyperlapse ၊ Slow motion video (720P@120 fps) ၊ 4K video recording with Hi-Res audio စတာတွေဟာ ကျေနပ်စရာ ကောင်းလွန်းလှပါတယ်။

ထူးခြားချက်အနေနဲ့ ယခု HTC Bolt မှာ ဆူညံသံတွေကို ၁၀၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တဲ့ HTC ရဲ့ ကိုယ်ပိုင် အသံနည်းပညာ ဖြစ်တဲ့ BoomSound Adaptive Audio စနစ်ထည့်သွင်းထားခဲ့ပါတယ်။

သိသင့်သိထိုက်တဲ့ အချက်အလက်တွေကိုတော့ ရွေးထုတ်ဖော်ပြပေးလိုက်ပါတယ်။
.
Dimensions and Weight – 6.06 x 3.04 x .32 in,  6.14 oz
Platform Android – Android 7.0 with HTC Sense
Main Camera – 16MP
Display – 5.5 in, Quad HD  (2560 x 1440 pixels) Corning® Gorilla® Glass 5 curve edge
SIM Card Type – Nano SIM
Battery – Capacity: 3200 mAh Multimedia
CPU Speed – Qualcomm® Snapdragon™ 810, octa-core, up to 2.0 Ghz
Memory – ROM: 32GB / RAM: 3GB
Connectivity – NFC/ Bluetooth® 4.1/Wi-Fi®: 802.11 a/b/g/n/ac (2.4 & 5 GHz)



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment