♪ ညှို့ငင်အား အကောင်းဆုံး အမျိုးသမီး ဟက်ကာများ ♫


#1. Cooke
Cooke ဟာ ဟက်ကင်း ဘာသာရပ်ကို သူမဘာသာ လေ့လာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းကတော့ ပလေဘွိုင်းမဂ္ဂဇင်း မော်ဒယ် တစ်ယောက် ဖြစ်ပါတယ်။ သူမ ဟာ ဟက်ကာ လို့ ခံယူထားပေမယ့် တကယ်တမ်းမှာတော့ ၀က်ဘ်ဆိုဒ်တွေပေါ်မှာ တရားမ၀င်ဖော်ပြထားတဲ့ ဓါတ်ပုံတွေ ၊ တနည်းအားဖြင့် ပါပါရာဇီတွေက ရိုက်ယူထားခဲ့တဲ့ ဓါတ်ပုံတွေနဲ့ Private ဓါတ်ပုံတွေကို ကို အများပြည်သူတွေကို ချပြပြီး စီးပွားရှာနေတဲ့ ၀က်ဘ်ဆိုဒ်တွေရဲ့ ယိုပေါက် နဲ့ Backdoor တွေကတဆင့် ဓါတ်ပုံတွေကို ပြန်လည်ရယူပြီး အဲဒီ စာမျက်နှာတွေကို တိုက်ခိုက်တဲ့ မိန်းကလေးငယ်တစ်ယောက် သာ ဖြစ်ပါတယ်။
.
ဒါကြောင့် သူ့ကို ဟက်ကာ လောက မှာ Hacker Fairy (မျှတတဲ့ ဟက်ကာမလေး) လို့ လည်း ခေါ်လေ့ရှိပါတယ်။
2
#2. Xiao Tian
တရုတ်နိုင်ငံ Security Team တစ်ခုမှာ အလုပ်လုပ်တယ် လို့ ဆိုထားပေမယ့် အဲဒီ Securtiy team ကိုတော့ ရှာဖွေမတွေ့နိုင်အောင် ဖွက်ထားခဲ့တဲ့ ရှောင်တန်းကတော့ တရုတ်အစိုးရ ရဲ့ ၀က်ဘ်ဆိုဒ် စာမျက်နှာတွေကို ဟက်ကင်းလုပ်ပြီး ထင်ရှားလာခဲ့တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး hacking အုပ်စု ရဲ့ အဖွဲ့ဝင်တစ်ယောက် လည်း ဖြစ်ပါတယ်။
3
#3. Anna Chapman
ရုရှားသူလေး ဖြစ်ပေမယ့် နယူးယောက် မြို့သူ အဖြစ် ပြောင်းလဲနေထိုင်ခဲ့တဲ့ အန်နာကတော့ ၂၀၁၀ ခုနှစ်မှာ အမေရိကန်အစိုးရ စစ်တပ် ၀က်ဘ်ဆိုဒ်တွေကို ဟက်ကင်းလုပ်ပြီး ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ အန်နာကို ရုရှသူလျှိုလုပ်မှု နဲ့ စွဲချက်တင်ခဲ့ပြီး နှစ်နိုင်ငံ အကျဉ်းသား လွှဲပြောင်းရေး ဥပဒေ အရ ရုရှားအကျဉ်းထောင် မှာ ထောင်နန်းစံခဲ့ရပါတယ်။
4
#4. Kristina Svechinskaya
ကမ္ဘာပေါ်မှာ လိင်ဆွဲဆောင်မှုအရှိဆုံး ဟက်ကာမ လေး အဖြစ် လူသိများတဲ့ ခရစ်တီးနား ကတော့ ရုရှသူပါ။ နယူးယောက်မှာ ပညာသင်လေ့လာခဲ့ပြီး စတိုးဆိုင်ကလေးတွကို ဟက်ကင်းလုပ်ရင်း နယူးယောက်ဘဏ်မှာ ဒေါ်လာ ၃ သန်းနီးပါး ဟက်ကင်း လုပ်လိုက်တဲ့အခါမှာတော့ လူသိများထင်ရှားလာခဲ့ပါတော့တယ်။ ခရစ်တီးနား မှာ ပတ်စပို့အတုပေါင်း ၄၀ ကျော် ရှိပြီး ၀က်ဘ်ဆိုဒ် ဆာဗာတွေထဲကို Trojan Horse လို့ ခေါ်တဲ့ စောင့်ကြည့်သတင်းပေး သူလျှို ပရိုဂရမ် ထည့်သွင်းတဲ့နေရာမှာ အလွန်နာမည်ကြီးသူ တစ်ယောက် ဖြစ်ပါတယ်။
5
#5. Ying Cracker
ရုတ်တရက်မြင်လိုက်ရင် ကုမ္ပဏီဝန်ထမ်းငယ်လေး တစ်ယောက် လို နူးညံ့သိမ်မွေ့တဲ့ မျက်နှာပြင် နဲ့ Ying ကတော့ ဆော့ဖ်ဝဲတွေကို ဟက်ကင်းလုပ်တဲ့နေရာမှာ နာမည်ကျော်သူတစ်ယောက်ဖြစ်ပါတယ်။ ဆရာပေါင်းများစွာဆီမှာ ဟက်ကင်းလုပ်တဲ့ အတတ်ပညာကို ဟိုတစ၊ ဒီတစ သင်ယူရင်း ကြီးပြင်းလာခဲ့တဲ့ ying ဟာ ဟက်ကင်းဆိုတာထက် ပိုပြီး ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ဆယ်ကျော်သက်ကလေးတွေကို ဆော့ဖ်ဝဲကနေ ဘယ်လို ဟက်ကင်းလုပ်ရမလဲ ဆိုတဲ့ ပညာရပ်ကို ဥပဒေမဲ့ သင်ကြားခဲ့တဲ့ သူတစ်ဦး ဖြစ်နေလို့ပါပဲ။
6
#6. Gigabyte
နာမည်ကျော် မားဘာဘုတ် နာမည်တစ်ခု နဲ့ ဆင်တူနေတဲ့ သူမ ရဲ့ မူလအမည်မှန် က kim Vanvaeck ဖြစ်ပါတယ်။ ဘယ်ဂျီယမ် သူ ဖြစ်ပါတယ်။ သူကတော့ ဟက်ကင်းဆိုတာထက် အဖျက်အမှောက် လုပ်ငန်းကို ပိုပြီး ကျွမ်းကျင်လှပါတယ်။ အဓိကအားဖြင့်တော့ စွမ်းရည်မြင့်၊ ဖျက်အားပြင်းတဲ့ ဗိုင်းရပ်စ်တွေကို ဆာဗာတွေထဲကို ထည့်သွင်းတဲ့ ကိစ္စမျိုးလိုပေါ့။ သူမ လက်သပ်မွေးထားတဲ့ ဗိုင်းရပ်စ်တွေက ‘coconut-A’, Sahay-A, Sharp-A စတာတွေပါပဲ။ ဒါကြောင့်လည်း ကင် ဆိုတဲ့ အမည်ပျောက်ပြီး “စွမ်းဆောင်ရည်မြင့်” လို့ အဓိပ္ပါယ်ရတဲ့ အမည်နာမ ကို မှည့်ခေါ်ခံရတာ ဖြစ်မှာပါ။
7
#7. Joanna Rutkowska
ဂျိုအန်နာ ကို တော့ အဖြူရောင် ဟက်ကာ လို့ ခေါ်ပါတယ်။ သူမ ဟာ အစိုးရ ကို ကူညီပြီး black hacker တွေနဲ့ Grey Hat Hacker တွေကို တိုက်ခိုက်ခဲ့လို့ပါပဲ။ Window Vista OS ရဲ့ အမှားအယွင်းတွေ ၊ ယိုပေါက် တွေ ၊ ဟာကွက်တွေ ၊ ဟက်ကာတွေ တိုက်ခိုက်နိုင်တဲ့ လမ်းကြောင်း တွေကို ရှာဖွေထုတ်ဖော်ပြခဲ့တဲ့အတွက် မိုက်ခရိုဆော့ဖ် မှာ အလုပ်လာလုပ်ဖို့ အမှုဆောင်အရာရှိချုပ် ဘီလ်ဂိတ် ရဲ့ ကမ်းလှမ်းခြင်းကို လက်ခံရရှိခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
8
#8. Raven Adler
ရှိရှိသမျှ လုံခြုံရေး စနစ်အားလုံး အတွက် ဘယ်နေရာကနေ တိုက်ခိုက်ရင် ကောင်းမလဲ ဆိုတဲ့ စနစ်တစ်ခုကို DefCon မှာ ဖော်ထုတ်ပြရင်း နာမည်ကြီးလာခဲ့သူပါ။ DefCon ဆိုတာ က ဟက်ကာတွေရဲ့ ရန်က ကာကွယ်ဖို့ စည်းဝေးကြတဲ့ ဟက်ကာတွေရဲ့ ကွန်ဖရင့်တစ်ခု ဖြစ်ပါတယ်။ အဲဒီမှာ ဖိတ်ကြားခံရတဲ့ ပထမဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။  နောက်ပိုင်းမှာတော့ DefCon ရဲ့ အကြီးတန်း လုံခြုံရေး အရာရှိတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဖက်ဒရယ်အစိုးရ ရဲ့ နောက်ကွယ်ကနေ အလုပ်လုပ်ပေးတဲ့ အွန်လိုင်းဒေတာဘေ့စ် တာဝန်ခံလည်း ဖြစ်ပါတယ်။
9
#9. Jude Milhon
ကွန်ပျူတာ ပရိုဂရမ်မာ အဖြစ် စတင်အသက်မွေးခဲ့တဲ့ Jude Milhon ကတော့ ကြေးစား ဟက်ကာ အဖြစ်ကို သာ ရောက်လာခဲ့တာ ဟက်ကင်းဘာသာရပ်ကို ဟုတ်တိပတ်တိ သင်ခဲ့ရသူတစ်ဦး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပရိုဂရမ်ကို ဘယ်သူတွေက လာပြီး ဖောက်ထွင်းဝင်ရောက်နိုင်သလဲ လို့ စဉ်းစားရင်း စာအုပ်ပေါင်းမြောက်များစါာ ဖတ်ရှုပြီး ဟက်ကာတစ်ဦး ဖြစ်လာခဲ့တယ် လို့ ဆိုပါတယ်။ ဟက်ကင်းအတတ်ပညာ ကို လူတွေ လက်ခံနိုင်အောင် ကြိုးစားနေဆဲအရွယ်ရှိနေဆဲ ၂၀၀၃ ခုနှစ်မှာတော့ ကင်ဆာရောဂါ နဲ့ ကွယ်လွန်သွားခဲ့တယ်။
10
#10. Natasha Grigori
နာတာရှာ ဟာ ပထမအစ မှာကတည်းက ဟက်ကာ အဖြစ် စတင် လုပ်ကိုင်ခဲ့သူ ပါ။ ၁၉၉၀ ခုနှစ်မှာ ကိုယ်ပိုင် ၀က်ဘ်ဆိုဒ် စာမျက်နှာကို ပြုလုပ်ခဲ့ပါတယ်။ Cracking Software, Hacking Tools, Hacking tips, စတာတွေကို ဘ၀တူ ပရိုဂရမ်မာတွေနဲ့ ဟက်ကာတွေကို အခမဲ့ဖြန့်ဝေခဲ့သူတစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းမှုတွေကို တိုက်ဖျက်ရင်း အရွယ်မရောက်သေးတဲ့ လူငယ်တွေ၊ ကလေးသူငယ် ညစ်ညမ်းဝက်ဘ်ဆိုဒ် တွေကို တိုက်ခိုက်တဲ့ အဖြူရောင်ဘက်တော်သား ဟက်ကာတစ်ဦး ဖြစ်လာခဲ့ပါတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment