♪ “Huawei က Fitness Tracker အသစ်ကိုမိတ်ဆက်” ♫


Huawei က ကိုယ်လက်ကြံ့ခိုင်မှု တိုင်းတာတဲ့ ကိရိယာတစ်ခုကိုမိတ်ဆက် လိုက်ပါတယ်။ Huawei Fit လို့ အမည် ပေးထားပြီးနာရီလို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ဝိုင်း ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး Always-On Monochrome အမျိုးအစားဖြစ်ပါတယ်။ Always-On Display ဖြစ်ပေမယ့် E-ink အမျိုးအစားဖြစ်တဲ့အတွက် ဘက်ထရီ စားသုံးမှု နည်းပါးပါတယ်။ လက်ပတ် ကလမ်းလျှောက်တဲ့ ခြေလှမ်း များကိုတိုင်းတာပေးနိုင်ပါတယ်။

 လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာ နှလုံးခုန်နှုန်းကိုစဉ်ဆက်မပြတ်တိုင်းတာပေးနိုင်ပါတယ်။ Best Buy, Amazon, Newegg တို့ကနေဒေါ်လာ ၁၂၉.၉၉ ဖြင့် ၀ယ်ယူနိုင်ပြီဖြစ်ပါ တယ်။ Huawei Fit ရဲ့ ပုံသဏ္ဍာန်ဟာယခင်နှစ်ထုတ် Pebble Time Round နဲ့ အလွန်ဆင်တူ ပါတယ်။ Huawei Fit နဲ့ Pebble Time Round ၂ ခုကိုဘေးချင်း ယှဉ်ထားရင် ကျွမ်းကျင်သူမှသာခွဲခြားနိုင်တယ်လို့ သိရပါ တယ်။ အနက်၊ လိမ္မော်၊ အပြာရောင် လက်ပတ်ကြိုးများကိုထုတ်လုပ်ပေးထားပါတယ်။ ၁၈ မီလီမီတာအကျယ်ရှိတဲ့ မည်သည့် လက်ပတ်ကြိုးနဲ့ မဆိုလဲလှယ်နိုင်ပါတယ်။

Fit က လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အိပ်စက်ခြင်းများကိုသိပါတယ်။ ခြေလှမ်း များ၊ အကွာအဝေး၊ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ အိပ်စက်ချိန်များကိုတိုင်းတာ ပေးနိုင်ပါတယ်။ Fit မှာသီးခြား GPS မပါပေမယ့် Android, iOS Device များနဲ့ ကြိုးမဲ့ ချိတ်ဆက်နိုင်ပြီးစမတ်ဖုန်းများရဲ့ GPS ကိုသုံးနိုင်ပါတယ်။ မာရသွန် အပြေးသမားများကိုလေ့ကျင့်ပေးတဲ့ စွမ်းဆောင်ချက်လည်းပါရှိပါတယ်။

စမတ်ဖုန်းထံဖုန်းနဲ့ စာများ ၀င်လာရင် လက်ပတ်က အချက်ပေးနိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် ၆ ရက် အသုံးခံတယ်လို့ Huawei က ပြောပါတယ်။ Standby သုံးရင် ရက် ၃၀ အသုံးခံပါတယ်။ ၂ နာရီအားသွင်းရင် ၁၀၀ ရာခိုင်နှုန်း ပြည့်ပါတယ်။

လက်ပတ်မှာ Swim Mode ပါတဲ့အတွက် ရေစိုခံ နိုင်ပါတယ်။ လက်ပတ်ကိုမောင်းနှင်တဲ့ Operating System ကိုတော့ မသိရ သေးပါဘူး။ Huawei က ယခင်က ချပ်ဝတ် တန်ဆာ ကွန်ပျူတာများမှာ Android OS ကိုအသုံးပြုခဲ့ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment