♪ “Huawei Mate 9 BREATH-TAKING PHOTOGRAPHY” ♫


တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Huawei အနေနဲ့ ပြီးခဲ့တဲ့ အပတ်က ဂျာမနီနိုင်ငံမြူးနစ်မြို့ မှာကျင်းပခဲ့တဲ့ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Mate series အသစ်တွေနဲ့လက်ပတ်ကိရိယာတစ်ခုကို မိတ်ဆက် ပေးခဲ့ပါ တယ်။ Huawei ရဲ့ Mate Phablet အသစ်တွေဟာ သုံးစွဲသူစိတ်ကြိုက် နောက်ဆုံးပေါ်ဒီဇိုင်းမျိုးနဲ့ ဖြစ်ပါတယ်။ ပုံမှန်ပွဲထုတ်မိတ်ဆက်နေကြဖုန်းအနေ နဲ့ Mate 9 ကိုမိတ်ဆက်ပေးလိုက်သလို Mate 9 Porsche လို Laxury ပုံစံ မျိုးနဲ့နောက်ထပ်ဖုန်းတစ်မျိုးကိုပါ မိတ်ဆက်ပေးထားပါသေးတယ်။ ဒီတစ်ပတ် အတွက် Huawei ရဲ့နောက်ဆုံးပေါ်ဖုန်းတွေအကြောင်းကို လေ့လာကြည့်ရ အောင် . . .

<Huawei Mate 9>

၅.၉ လက်မ IPS Full HD Display တပ်ဆင်ထားပြီးမျက်နှာပြင်ကို 2.5D Glass ဖြင့် ကာကွယ်ထားပါတယ်။ Phablet အမျိုးအစားဖြစ်ပြီး ၇.၅ မီလီမီတာသာ အထူရှိပါတယ်။ အလေးချိန်မှာ ၁၉ဝ ဂရမ်ရှိပါတယ်။ စွမ်းဆောင်ရည်မြင့် Octa-Core Kirin 960 Chipset မောင်းနှင်မှာဖြစ်ပါတယ်။ Chipset မှာ စွမ်းရည်မြင့် ARM Mali-G71 MP8 GPU တပ်ဆင်ထားပါတယ်။ 4GB RAM ထည့်သွင်းပေးထားပါတယ်။ Mate 9 ရဲ့ထူးခြားချက်မှာ ဒုတိယ မျိုးဆက် Leica Camera ကိုအနောက်ဘက်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ 20MP f/2.2 Monochrome နဲ့ 12MP f/2.2 Color Camera များ ဖြစ်ပါတယ်။ ကင်မရာ များမှာ Optical Image Stabilization နည်းပညာပါ ပါတယ်။ ဒါ့အပြင် ကင်မရာ များဟာ Laser, Phase-Detect, Depth, Contrast Detection တို့ ပါဝင်တဲ့ 4 In 1 Hybrid Autofocus နည်းပညာကိုသုံးနိုင်ပါတယ်။ အနောက်ဘက်မှာ LED Flash 2 ခုကိုလည်း တပ်ဆင်ထားပါတယ်။ Huawei က ဓာတ်ပုံ အရည်အသွေးကို မကျစေဘဲ Zoom ဆွဲနိုင်တဲ့ Hybrid Zoom စွမ်းဆောင်ချက် ပါတယ်လို့ ပြောပါတယ်။ Mate 9 ဟာ 4K Video ရိုက်ကူးနိုင် တဲ့ Huawei ရဲ့ပထမဆုံးဖုန်း ဖြစ်လာပါတယ်။ အရှေ့ဘက်မှာ 8MP Camera ပါပါတယ်။ 64GB Storage, 4000 mAh Battery, Dual-SIM, LTE, Fingerprint Sensor, Android 7.0 Nougat များထည့်ထားပါတယ်။ အညို၊ ငွေ၊ ရွှေ၊ အဖြူ၊ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။

<Huawei Mate 9 Porsche Design>

Huawei အနေနဲ့ ဆန်းသစ်တဲ့ဒီဇိုင်းလုပ်ဆောင်ချက်တွေနဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ဖို့ကြိုးစားလာတာကို P9 မှာတည်းက တွေ့မြင်နိုင်ပါလိမ့်မယ်။ အခုလည်း Mate 8 နဲ့ ပုံစံပိုင်းတူညီတဲ့ Mate 9 ကိုမိတ်ဆက်ခြင်းနဲ့ အတူ လုံးဝ ကွဲပြားတဲ့ ဒီဇိုင်းဖြစ်စေမယ့် Porsche Design နဲ့ဖြစ်ကာ ဘေးဘောင်တွေ ကလည်း Curve ပုံစံမျိုး ဖြစ်ကာ Home Button ထည့်သွင်းပေးထားပါတယ်။ နက်မှောင်တဲ့အလူမီနီယမ်ကိုယ်ထည်ဟာ သုံးစွဲသူတွေအတွက် နှစ်ခြိုက်စရာ ပါ။ မျက်နှာပြင်ပိုင်းမှာတော့ Mate 9 ကပိုမိုကျဉ်းမြောင်းပြီး 5.5inches သာ ရှိမှာဖြစ်ပါတယ်။ Storage ပိုင်းမှာဆိုရင်တော့ 256GB အထိကို သိမ်းဆည်း ထားနိုင်မှာဖြစ်ပါတယ်။ မြန်ဆန်သွက်လက်တဲ့ ဖုန်းရဲ့လုပ်ဆောင်ချက်တွေကို ကိုင်တွယ်စေဖို့အတွက်ကတော့ RAM 6GB ဖြစ်ပါတယ်။ Leica ရဲ့လုပ်ဆောင် ချက်ကလည်း Hybrid zoom ကိုပါသုံးစွဲလာနိုင်ပါတယ်။ ဒုတိယမျိုးဆက် Leica Camera ကိုအနောက်ဘက်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ 20MP f/2.2 Monochrome နဲ့ 12MP f/2.2 Color Camera များ ဖြစ်ပါတယ်။

ကင်မရာများမှာ Optical Image Stabilization နည်းပညာပါပါတယ်။ ဒါ့အပြင် ကင်မရာများဟာ Laser, Phase Detection, Depth, Contrast Detection တို့ပါဝင်တဲ့ 4 In 1 Hybrid Autofocus နည်းပညာကိုသုံးနိုင်ပါတယ်။ ဘက်ထရီ စွမ်းအားပိုင်းကို ကြည့်လိုက်မယ်ဆိုရင်တော့ တစ်ရက်တာလုံး သုံးနိုင်စေဖို့အတွက် မိနစ် ၂ဝ လောက်အားသွင်းလိုက်တာနဲ့ ရနိုင်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၁၃၉၅ လောက်ကျသင့်နိုင်ပြီး၊ ဥရောပ ဈေးကွက် ကိုတော့ ၂ဝ၁၆ နှစ်ကုန်ပိုင်းလောက်မှာ ဖြန့်ချိနိုင်ပြီး၊ ကမ္ဘာ့ဈေးကွက်ကိုတော့ ၂ဝ၁၇ ဇန်နဝါရီ လောက်မှသာ တင်ပို့နိုင်ပါလိမ့်မယ်။

<Huawei fit>

ထိတွေ့မျက်နှာပြင်တပ်ဆင်ထားပြီး Always-On Monochrome အမျိုး အစားဖြစ်ပါတယ်။ Always-On Display ဖြစ်ပေမယ့် E-ink အမျိုးအစား ဖြစ်တဲ့အတွက် ဘက်ထရီစားသုံးမှုနည်းပါးပါတယ်။ လက်ပတ်ကလမ်းလျှောက် တဲ့ ခြေလှမ်းများကိုတိုင်းတာပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ နှလုံးခုန်နှုန်းကိုစဉ်ဆက်မပြတ်တိုင်း တာပေးနိုင်ပါတယ်။ Huawei Fit ရဲ့ ပုံသဏ္ဌာန်ဟာ ယခင်နှစ်ထုတ် Pebble Time Round နဲ့ အလွန်ဆင်တူပါ တယ်။ Huawei Fit နဲ့ Pebble Time Round 2 ခုကိုဘေးချင်းယှဉ်ထားလျှင် ကျွမ်းကျင်သူမှသာ ခွဲခြားနိုင် တယ်လို့သိရပါတယ်။ Fit က လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အိပ်စက်ခြင်းများကိုသိပါတယ်။ ခြေလှမ်းများ၊ အကွာအဝေး၊ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ အိပ်စက်ချိန်များကိုတိုင်း တာပေးနိုင်ပါတယ်။ Fit မှာ သီးခြား GPS မပါပေမယ့် Android, iOS Device များနဲ့ ကြိုးမဲ့ ချိတ်ဆက် နိုင်ပြီး စမတ်ဖုန်းများရဲ့ GPS ကို သုံးနိုင်ပါတယ်။

မာရသွန်အပြေးသမားများကို လေ့ကျင့်ပေးတဲ့စွမ်းဆောင်ချက်လည်းပါရှိပါ တယ်။ စမတ်ဖုန်းထံဖုန်းနဲ့ စာများဝင် လာရင် လက်ပတ်က အချက်ပေးနိုင်ပါ တယ်။ တစ်ခါအားသွင်းထားရင် ၆ရက် အသုံးခံတယ်လို့ Huawei က ပြောပါ တယ်။ Standby သုံးရင် ရက် ၃ဝ အသုံးခံပါတယ်။ ၂ နာရီအားသွင်းရင် ၁ဝဝ ရာခိုင်နှုန်းပြည့်ပါတယ်။ လက်ပတ်မှာ Swim Mode ပါတဲ့အတွက် ရေစိုခံ နိုင်ပါတယ်။ လက်ပတ်ကိုမောင်းနှင်တဲ့ Operating System ကိုတော့ မသိရ သေးပါဘူး။ အနက်၊ လိမ္မော်၊ အပြာရောင် လက်ပတ်ကြိုးများကို ထုတ်လုပ် ပေးထားပါတယ်။ ၁၈ မီလီမီတာအကျယ်ရှိတဲ့မည်သည့် လက်ပတ်ကြိုးနဲ့မဆို လဲလှယ်နိုင်ပါတယ်။ Best Buy, Amazon, Newegg တို့ကနေ ဒေါ်လာ ၁၂၉.၉၉ ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

<အံ့မခန်းအမြန်နှုန်း>

Huawei Mate 9 မှာ Kirin 960 Processor အသစ်တပ်ဆင်ထားပြီး ဥာဏ်ရည် မြင့် Machine Learning Algorithm ပါတဲ့အတွက်အမြန်နှုန်းကတော့ အံ့မခန်း ပါပဲ။ Hardware နဲ့ Software တို့ သင့်တင့်သော အချိုးကျစွာပူးပေါင်း အလုပ် လုပ်နိုင်တဲ့ စွမ်းရည်ကြောင့် Huawei Mate 9 ဟာအလွန်လျင်မြန်နေပါတယ်။

<လျင်မြန်ဖို့ မွေးဖွားလာတဲ့ စမတ်ဖုန်း>

ဘယ်လိုအလုပ်မျိုးကိုမဆို Huawei Mate 9 က အလွန်လျင်မြန်စွာလုပ်ပေးနိုင် ပါတယ်။ Kirin 960 Processor တပ်ဆင်ထားတဲ့အတွက် Apps များအသုံးပြု ခြင်း၊ ဗီဒီယိုကြည့်ခြင်းနဲ့ HD Games များကစားခြင်းတို့ ပြုလုပ်ရင် စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပါတယ်။

<CPU>

Core A73 2.4GHz လေးလုံးနဲ့ Core A53 1.8GHz လေးလုံးတပ်ဆင်ထားတဲ့ ဆန်းသစ်သည့် ARM Cortex A73 CPU ကိုအသုံးပြုထားပါတယ်။ စွမ်းဆောင်ရည် အပိုင်းမှာ ၁၈ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာပါတယ်။

<GPU>

အံ့မခန်း Mali-G71 Octa-Core GPU က စွမ်းဆောင်ရည်ကို ၁၈၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပါတယ်။

<RAM>

LPDDR4 RAM အသစ်ကအမြန်နှုန်းကို ၄၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေ ပါတယ်။

<ROM>

UFS 2.1 Flash Memory အသစ်ကြောင့် ဒေတာကူးပြောင်းမှုအမြန်နှုန်း ဟာeMMC 5.1 ထက် ၁၀၀ ရာခိုင် နှုန်းပိုမိုမြန်စေပါတယ်။

<3D API>

Vulkan Graphics Library က ဂိမ်းကစားတဲ့အခါမှာအသေးစိတ်ကျသည့် ပုံရိပ်များအတွက် ဖရိမ်နှုန်းကို ၂ ဆ ထုတ်လုပ်ပေးပါတယ်။

တုန့်နှေးခြင်းကို Mate 9 မှာ မြင်တွေ့ရမှာမဟုတ်ပါဘူး။ Huawei ရဲ့ ဆန်းသစ်တဲ့ Machine Learning Algorithm က အသုံးပြုသူရဲ့ အမူအကျင့် များကိုလေ့လာမှတ်သားထားပြီး CPU, RAM, ROM တို့ရဲ့ အလုပ်များ ကို ဦးစားပေးစနစ်ဖြင့် လုပ်စေတဲ့အတွက် စွမ်းဆောင်ရည် တိုးတက်စေပါတယ်။

<Smart Anticipation>

Huawei Mate 9 က App ဦးစားပေးစနစ်ကိုတည်ဆောက်ဖို့ အသုံးပြုသူရဲ့ အမူအကျင့်များကိုအလိုအလျောက် သင်ယူမှတ်သားထားပါတယ်။ သူ့ရဲ့ နည်းပညာကစွမ်းအင်အရင်းအမြစ်ကိုအဆင်သင့်ဖြစ်ဖို့ အသုံးပြုသူရဲ့ နောက်လုပ်မယ့်အလုပ်ကိုတွက်ချက်ပေးပါတယ်။ လုပ်ဆောင်ချက်များကို Cloud မှာမလုပ်ဘဲဖုန်းမှာလုပ်တဲ့ အတွက် စွမ်းရည်နဲ့လုံခြုံမှုအပိုင်းမှာပိုမို ကောင်းမွန်ပါတယ်။

<Smart Resource Allocation>

Huawei Mate 9 က စွမ်းဆောင်ရည်ကောင်းမွန်ဖို့အတွက် CPU , RAM , ROM တို့ကိုဦးစားပေးစနစ် သတ် မှတ်ခြင်းဖြင့် စွမ်းအင်အရင်းအမြစ်များကို အလို အလျောက် စီမံခန့်ခွဲပါတယ်။ နောက်ကွယ်မှာ Run နေသည့် စွမ်းအင်သုံး မှုများတဲ့ Apps များကိုပိတ်ပေးပါတယ်။ CPU ရဲ့တွက်ချက်မှုကိုတိုးတက် စေပါတယ်။ RAM အတွက် မန်မိုရီကိုလှည့်ပတ်ရှင်းလင်းပေးပါတယ်။ အသုံး များတဲ့ Apps များအတွက် မန်မိုရီများကိုဖန်တီးပေးပါတယ်။ ROM မှာလည်း Storage များတဲ့အတွက် အလုပ်များကိုတွင်ကျယ်စွာလုပ်နိုင်ပါတယ်။

<Android Core Components Optimization>

F2FS File System အသစ်က I/O Storage စွမ်းရည်ကိုတိုးတက်စေပါတယ်။ ဒီစနစ်ကဓာတ်ပုံများပိုမို လျင်မြန် စွာကြည့်နိုင်ဖို့ Database Engine ကို မြန်ဆန်စေပါတယ်။ လက်ဖြင့်ထိတွေ့မှုကိုလျင်မြန်စွာတုံ့ ပြန်နိုင်ပါတယ်။

<ဘက်ထရီ>

Huawei Mate 9 ရဲ့ ဘက်ထရီသက်တမ်းကအံ့မခန်းပါပဲ။ အရွယ်ကြီးမားတဲ့ 4000mAh Battery နဲ့ စမတ်ကျ တဲ့ စွမ်းအင်ချွေတာသော နည်းပညာကြောင့် အားအပြည့်သွင်းထားရင် ၂ ရက်ကြာအသုံးခံပါတယ်။

<၂၀ မိနစ် အားသွင်းရုံဖြင့် တစ်နေ့တာလုံးအသုံးခံခြင်း>

4.5V Low-Voltage Input နဲ့ 5A Charging Current ကြောင့် Huawei SuperCharge နည်းပညာဟာ ကမ္ဘာ့အမြန်ဆုံးအားသွင်းစနစ်ထဲမှာ ပါဝင် ပါတယ်။ Mate 8 ထက် ၅၀ ရာခိုင်နှုန်းပိုမြန်ပါတယ်။ Voltage , Current, Temperature တို့အတွက် အလွှာ ၅ ခုဖြင့် ထိန်းချုပ်ထားတဲ့အတွက် အားသွင်း ရာမှာလုံခြုံစိတ် ချရပြီး Mate 9 ကို လျင်မြန်စေပါတယ်။ Huawei Mate 9 ရဲ့ အလွန်ကြီးမားတဲ့ 4000mAh Battery က စမတ်ဖုန်းဘက်ထရီစံနှုန်းကိုအဆင့် တစ်ဆင့် တိုးမြှင့်ပေးပါတယ်။ ဘက်ထရီနဲ့အတူ Huawei ရဲ့ စမတ်ကျသည့် စွမ်းအင် ချွေတာတဲ့ နည်းပညာထည့်ပေးထား ပါတယ်။ အလုပ်များကို အချိန် ကြာကြာလုပ်နိုင်မှာပါ။ အားအပြည့်သွင်းထားရင် ၂၀ နာရီကြာဗီဒီယို ကြည့်နိုင် ပါတယ်။ ၁၀၅ နာရီကြာသီချင်းနားထောင်ခြင်း၊ ၃၀ နာရီကြာ 3G Voice Call ပြုလုပ်ခြင်း၊ ၂၀ နာရီကြာ 4G Browsing လုပ်နိုင်ခြင်းတို့ကိုပံ့ပိုးပေး ပါတယ်။

<ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံနည်းပညာ>

Huawei Mate 9 ဟာအလွန်ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံများကိုဖမ်းယူ ပေးပါတယ်။ သူ့ရဲ့ ဒုတိယမျိုးဆက် Leica Dual Camera ကဘယ်တုန်း ကမှ မရခဲ့ဘူးတဲ့အသေးစိတ်ကျလှပသော ဓာတ်ပုံများကိုရိုက်ကူးနိုင်ပါတယ်။

<ဒုတိယမျိုးဆက် Leica Dual Camera>

Mate 9 မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor ၂ လုံး ကိုအနောက်ဘက်မှာပူးတွဲတပ်ဆင် ထားတဲ့ ဒုတိယမျိုးဆက် Leica Dual Camera ပါပါတယ်။ RGB Sensor က အရောင်စုံရိုက်ကူးပေးနိုင်ပြီး Monochrome Sensor က အသေးစိတ်ကျစွာဖမ်းယူပေးပါတယ်။

<Leica အရည်အသွေးဓာတ်ပုံ>

စွမ်းဆောင်ရည်မြင့် ကင်မရာက ဓာတ်ပုံတိုင်းကို Leica စံနှုန်းနဲ့ ကိုက်ညီစေ ပါတယ်။ Mate 9 မှာဓာတ်ပုံရိုက် ကူးသည့် စွမ်းရည်များစွာပါတဲ့အတွက် ဘယ်လိုအချိန်မှာဖြစ်ဖြစ် ပရော်ဖက်ရှင်နယ် အရည်အသွေးဓာတ်ပုံ များကို ဖမ်းယူပေးပါတယ်။

<Hybrid Zoom>

ကောင်းမွန်တဲ့ Hybrid Zoom စွမ်းရည်ပါတဲ့အတွက် Mate 9 က Leica အရည်အသွေးဓာတ်ပုံများကို Focal Length ကြီးကြီးဖြင့် ရိုက်ကူးပေးပါတယ်။

<Refocusing စွမ်းရည်>

လူနဲ့အရာဝတ္ထုများကိုဓာတ်ပုံရိုက်ကူးပြီးမှ နောက်ခံကို Blur လုပ်နိုင်ပါတယ်။ အဲဒီအတွက် အဓိကကျတဲ့လူနဲ့ အရာဝတ္ထုများကိုထင်ရှားစွာမြင်ရမှာပါ။ စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးမှ Focus ကိုနောက်မှာအေးအေးဆေးဆေး လုပ်နိုင် ပါတယ်။

<Autofocus ပါတဲ့ 8MP Selfie Camera>

Mate 9 မှာ Autofocus ပါတဲ့ 8MP Selfie Camera ပါပါတယ်။ ကင်မရာမှာ စွမ်းဆောင်ချက်များစွာပါတဲ့ အတွက် Selfie များကို လျင်မြန်စွာရိုက်ကူးနိုင် ပါတယ်။ သင်ပြုံးလိုက်တာနဲ့ ကင်မရာကဓာတ်ပုံရိုက်ပေးဖို့ သတ်မှတ်နိုင်ပါ တယ်။ Fingerprint Sensor ပေါ် လက်တင်လိုက်တာနဲ့ ဓာတ်ပုံရိုက်နိုင် ပါတယ်။ မျက်နှာကိုလှပစွာ ရိုက်ကူးပေးတဲ့ စွမ်းရည်ကသင့်မျက်နှာကို အာရုံခံပြီး လှပမှုများကို ဖြည့်စွက်ပေးပါတယ်။

<အံ့မခန်းခံစားမှု အတွေ့အကြုံ>

Mate 9 ရဲ့ EMUI 5.0 နဲ့ လှပစမတ်ကျတဲ့ User Interface က အလွန် ဆန်းသစ် ပါတယ်။ စမတ်ဖုန်းနယ်ပယ်မှ ပညာရှင်အဖွဲ့ရဲ့ဆန်းသစ်တဲ့ ဒီဇိုင်းက Mate 9 ကိုအခြားစမတ်ဖုန်းများထက်သာလွန်စေတာပါ။

<လှပတဲ့ ဒီဇိုင်း>

Mate 9 မှာအလွန်လှပတဲ့ Animations များ၊ Transitions များနဲ့ အသံစွမ်းရည် များကိုခံစားရမှာပါ။

<စွမ်းရည်ကောင်းမွန်ဖို့ အာရုံစိုက်ထားတဲ့ Interface>

အဆင့်သုံးဆင့်တည်းနဲ့ သင်နှစ်သက်ရာ Menu Options အားလုံးကို သုံးနိုင် ပါတယ်။ EMUI 5.0 က သင့်ရဲ့ Message, Alerts, Photos, Videos များကို နေရာချပေးပါတယ်။ အသုံးဝင်တဲ့ Shortcuts များကWiFiကိုဖွင့် ခြင်း၊ Apps များရှာခြင်း၊ Notifications များကို Block ခြင်းများအား လျင်မြန်စွာပြုလုပ် ပေးပါတယ်။ သုတေသနပြုလုပ်တဲ့အခါမှာမှားယွင်းနှိပ်မိခြင်းများမရှိတာ ကိုတွေ့ရပါတယ်။

<တစ်ကမ္ဘာလုံးအတွက် ဆက်သွယ်မှု>

တစ်ကမ္ဘာလုံးမှ ကွန်ရက်များစွာကိုထောက်ပံ့ပေးခြင်းနဲ့ Dual SIM ထည့်သုံး နိုင်ခြင်းက Mate 9 ဟာတစ်ကမ္ဘာ လုံးမှာသုံးနိုင်တဲ့စမတ်ဖုန်းပါ။ ဖုန်းပြောတဲ့ အသံအရည်အသွေးကောင်းမွန်ခြင်း၊ တည်ငြိမ်တဲ့အင်တာနက် ဆက်သွယ်မှု၊ စွမ်းအင်စားသုံးမှုနည်းပါးခြင်းစတဲ့ စွမ်းရည်တွေကိုပိုင်ဆိုင်ထားပါတယ်။

<ကျယ်ပြန့်တဲ့ကွန်ရက်>

Mate 9 ဟာFive 2G Bands , 10 3G Bands , 20 4G Bands အပါအ၀င် Frequency Bands များစွာကို ထောက်ပံ့ပါတယ်။ နိုင်ငံပေါင်း ၂၁၇ နိုင်ငံမှ Carrier ပေါင်း ၁၃၃၄ ခုကိုထောက်ပံ့ပေးတဲ့အတွက် ဘယ်နေရာ သွားသွား ဆက်သွယ်နိုင်ပါတယ်။

<Dual SIM>

Mate 9 မှာ SIM Slot ၂ ခုပါပါတယ်။ Nano SIM*+MicroSD Slot နဲ့ ဒုတိယ တစ်ခုကတော့ WCDMA, GSM တို့ကိုထောက်ပံ့ပါတယ်။

<လျင်မြန်တဲ့ အင်တာနက်>

Mate 9 မှာ LTE-Advanced Cat. 12 Network Chip တပ်ဆင်ထားတဲ့ အတွက် 600Mbps အမြန်နှုန်း အထိဒေါင်းလုပ်လုပ်နိုင်ပါတယ်။

<လုံခြုံရေးစွမ်းရည်များ>

<Fingerprint Unlock Speed>

Mate 9 မှာ4 Level Fingerprint နဲ့ 3D Fingerprint Recognition နည်းပညာ များပါပါတယ်။ ဖိုင်များကို ဖွက်ထားနိုင်ပြီးသင့် လက်ဗွေရာနဲ့မှ ဖွင့်နိုင်ပါတယ်။ လက်ဗွေရာစနစ်က Mate 8 ထက် ၂၀ ရာခိုင်နှုန်းပိုမို မြန်လာပါတယ်။

<Privacy Space>

သင့်ရဲ့ Contacts , Photos, Apps များကို Privacy Space မှာသိမ်းထား နိုင်ပြီးလက်ဗွေရာတစ်ချက်တည်းနဲ့ သုံးနိုင်ပါတယ်။ Privacy Space ၂ နေရာ ကိုလက်ဗွေရာ ၂ ခုဖြင့် ၀င်နိုင်ပါတယ်။

<ဒီဇိုင်း ၅.၉ လက်မမျက်နှာပြင်>

Mate 9 ကိုအလွန်ပါးလွှာအောင် ဒီဇိုင်းထုတ်ထားပြီးအလွန်ကြည်လင် ပြတ်သားတဲ့ 2.5D Glass Screen တပ်ဆင်ထားပါတယ်။

<ကျစ်လျစ်တဲ့ ဒီဇိုင်း>

Mate 9 မှာလှပတဲ့ သတ္တုကိုယ်ထည် တပ်ဆင်ထားတာကလူတိုင်းကိုမှင်သက် သွားစေမှာပါ။ Display ရဲ့ ဘေး ဘောင်များဟာလည်း Mate 8 ထက် ၃၀ ရာခိုင်နှုန်းပါးလွှာပါတယ်။ ဖုန်းရဲ့ဘေးဘက်များကိုလည်း လှပ တောက်ပြောင် အောင် ဖန်တီးထားပါတယ်။

<ထူးခြားတဲ့ စွမ်းဆောင်ချက်များ>

Mate 9 မှာစိတ်လှုပ်ရှားစရာကောင်းတဲ့ စွမ်းဆောင်ချက်များစွာပါလာပါတယ်။ အသုံးပြုရတာလည်းလွယ်ကူ လှပါတယ်။

<လျင်မြန်စွာ မျှဝေနိုင်ခြင်း>

EMUI 5.0 ထည့်ထားတဲ့ Huawei စမတ်ဖုန်းတွေကြားမှာ လျင်မြန်လွယ်ကူ စွာဖိုင်များ မျှဝေဖို့ Huawei Share ကိုသုံးပါ။ ဖုန်းများကိုသင်ကိုယ်တိုင် Pair လုပ်စရာမလိုပါဘူး။

<Directional Audio Capture in Video Recording>

ဗီဒီယိုရိုက်ကူးတဲ့အခါမှာ Lens မျက်နှာလှည့်နေတဲ့ ဘက်မှ အသံများကိုသာ ဖမ်းယူ ပေးနိုင်ပါတယ်။

<အသံဆူညံမှုကိုဖယ်ရှားပေးတဲ့ မိုက်ကရိုဖုန်း ၄ လုံး>

Mate 9 မှာမိုက်ကရိုဖုန်း ၄ လုံးတပ်ဆင်ထားပါတယ်။ မိုက်ကရိုဖုန်းများမှာ ဖုန်းပြောဆိုမှု အသံအရည်အသွေးကို တိုးတက်စေဖို့ အသံဆူညံမှု ဖယ်ရှား ပေးတဲ့ နည်းပညာကိုအသုံးပြုထားပါတယ်

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment