♪ “Intex Aqua View” ♫


ပြည်တွင်းဈေးကွက်ထဲရှိ စမတ်ဖုန်းတံဆိပ်များစွာထဲတွင် Intex ဟန်းဆက် များကိုလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ Intex ဟာ Aqua A2, Y2, Q3, Power နှင့် အခြားဟန်းဆက်များစွာကို ထုတ်လုပ်ရောင်းချပေးထားသလို Smart Watch တစ်မျိုးကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခု Aqua View ကတော့ မျက်နှာပြင်အကျယ်အ၀န်း 5 inches ရှိပြီး အရည်အသွေးမြင့် ကြည်လင်ပြတ်သားမှုအပြည့်နှင့် ကွေးညွှတ်သော ပုံစံမျက်နှာပြင် ပါရှိသော ဖုန်းမှာ အသုံးပြုနိုင်မယ့် Network အမျိုးကတော့ 2G, 3G, 4G တို့ဖြစ်ပါတယ်။ 

ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 124 × 64 × 10.3 mm ရှိပြီး အလေး ချိန်မှာ 146g ရှိပါတယ်။ ပုံရိပ်များကို ကြည်လင်စွာကြည့်ရှုနိုင်စေဖို့ အတွက် ဖုန်းမျက်နှာပြင်ကို 720 × 1280 pixels ပမာဏနဲ့ ဖွဲ့စည်းပေးထား ပါတယ်။ Finger Print System ပါရှိသည့်အတွက် ပိုမိုမြန်ဆန်စွာ Unlock လုပ်နိုင်ပါမယ်။ လက်ဗွေရာစနစ်ကို လက်ငါးချောင်းအထိ အသုံးပြုနိုင်ပါမယ်။ Application များကို လက်ဗွေရာစနစ်အသုံးပြုပြီး Lock ချနိုင်ပါမယ်။ လက်ဗွေရာ အသုံးပြုပြီး မိမိ Contact List မှ Contact များကို တိုက်ရိုက် ခေါ်ဆိုနိုင်ခြင်း စသည့်အားသာချက်များအပြင် Google မှ အသိအမှတ်ပြု ထားသော VR Cardboard ကို လက်ဆောင်အဖြစ် ရရှိနိုင်ပါမယ်။

ထို့ကြောင့် Google Cardboard App မှ VR Game များ၊ VR Video များ၊ 360 VR Video များအပြင် 3D ရုပ်ကြွရုပ်ပုံ ဗီဒီယိုများကို အလွယ်တကူ ကြည့်ရှုနိုင် ပါမယ်။ အသုံးပြုနိုင်မယ့် OS ကတော့ Lollipop ဖြစ်ပါတယ်။ Flash မီး အသုံးပြု နိုင်မယ့် အနောက်ဘက် ကင်မရာရဲ့ စွမ်းရည်ဟာ 8 MP ဖြစ်ပြီး ရှေ့ကင်မရာ ငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ RAM ပမာဏအပိုင်းတွင် 2GB ထည့်သွင်းပေးထားပြီး ROM မှာတော့ 16GB ပါရှိအောင် ဆောင်ရွက်ပေးထား ပါတယ်။ အသုံးပြုပေးထားသော Processor ကတော့ 64 Bit Quad-core ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 2200 mAh ပါ။

<Specification>

Network - 2G/3G/4G
Memory - 16 GB
CPU - 64 Bit Quad Core
Camera - 8 MP
Screen - 5 inches
OS - Android OS,v5.1
Contact - 09-797222999

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment