♪ Huawei ရဲ့ MediaPad M3 တက်ဘလက်တွေကို စတင်တင်ပို့တော့မည် ♫


Huawei ရဲ့ ပြီးခဲ့တဲ့ လပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ MediaPad M3 တက်ဘလက်ဟာ ယခုအခါ အမေရိကန်ပြည်ထောင်စုအပါအဝင်၊ တခြားဈေးကွက်တွေကို ဖြန့်ချိဖို့အတွက် ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီအတွက် ပြည်ထောင်စုထဲမှာ Amazon ကနေတစ်ဆင့် မှာယူနိုင်မှာ ဖြစ်ပါတယ်။

MediaPad M3 ဟာဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃၀၀ ရှိမှာဖြစ်ပြီး လက်ရှိမှာ ငွေရောင်တစ်မျိုးထဲကိုပဲ Amazon ကနေတစ်ဆင့် လာမယ့် နိုဝင်ဘာ ၂၀ရက်နေ့မှာ ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ္စည်းရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ ၈.၄လက်မအရွယ်ရှိတဲ့ 2560×1600 Touchscreen ပါဝင်မှာဖြစ်ပြီး Huawei ရဲ့ Kirin 950 SoC နဲ့ Octa-core CPU, 2.3 GHz Cortex-A72 core ရယ်၊ 1.8 GHz Cortex-A53 core ၄ခုအသုံးပြုထားပြီး၊ 3GB RAM, 32GB Storage, 8 MP ကင်မရာတွေပါဝင်ပြီး၊ 5100 mAh ဘက်ထရီတွေပါဝင်ပါတယ်။ Android 6.0 Marshmallow နဲ့ Huawei ရဲ့ EMUI 4.1 ကိုအသုံးပြုထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Huawei အနေနဲ့ တက်ဘလက်အသစ်မှာ Stereo စပီကာနဲ့ Metal Body ကိုအခြေခံတည်ဆောက် ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment