♪ iPhone 8 မှာ စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်ချက်များ ပါဝင်လာမည်မဟုတ် ♫


၂၀၁၇ နှစ်အတွင်း မှာ ဖြန့်ချိလာမဲ့ Apple ထုတ်ကုန်အသစ် iphone8 မှာ စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်ချက်တွေ တစ်ခု မှ ပါဝင်လာမှာ မဟုတ်ဘူး လို့ businessweek  မဂ္ဂဇင်း ရဲ့ ရုံးခွဲတစ်ခု ဖြစ်တဲ့ Bloomberg ကနေ ဖောက်သည်ချ ပြောကြားထားပါတယ်။
.
၂၀၁၇ ခုနှစ်၊ စက်တင်ဘာ လမှာ ထုတ်လုပ်မယ် လို့ တစ်ကြိုသတင်းတွေ အဖွခံနေရတဲ့ iphone 8 ဟာ ၄.ရ လက်မ LCD မျက်နှာပြင်၊ iPhone 8 plus ဟာ ၅.၅ လက်မ LCD မျက်နှာပြင် နဲ့ iPhone8 plus Premium version ကတော့ ၅.၅ လက်မ၊ OLED panel မျက်နှာပြင်တွေ ပါဝင်ထည့်သွင်းပြီး ထုတ်လုပ်မယ် လို့ နာမည်ကြီးနေပါတယ်။
.
OLED မျက်နှာပြင် ဟာ ဖန်တီးထုတ်လုပ်ဖို့ ခက်ခဲလျက်ရှိပြီး အရည်အသွေးမြင့် OLED မျက်နှာပြင်ကောင်းကောင်း ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီ ဟာလည်း အလွန်နည်းပါးလှတယ် လို့ သိရပါတယ်။ တစ်ကိုယ်တော် အရည်အသွေးတွေနဲ့ ခပ်တင်းတင်းနေနိုင်ခဲ့တဲ့ Apple ကုမ္ပဏီဟာ ဒီတစ်ခါတော့ ကမ္ဘာ့စံချိန်မှီ OLED မျက်နှာပြင်တွေကို ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီအဖွဲ့အစည်း (၄) ခု ထဲမှာ အပါအ၀င်ဖြစ်တဲ့ ဆမ်ဆောင်းကုမ္ပဏီ ၊ LG ကုမ္ပဏီ၊ Sharp ကုမ္ပဏီ  နဲ့ Japan Display Inc တွေထဲက ကုမ္ပဏီတစ်ခုခု နဲ့ လက်တွဲရလိမ်ယ့် လို့ ဆိုပါတယ်။ လတ်တလောမှာ Apple ဟာ OLED မျက်နှာပြင်ရရှိဖို့အတွက် နှစ်ပေါင်းများစွာ ရန်သူဖြစ်ခဲ့ရတဲ့ ဆမ်ဆောင်းကုမ္ပဏီ နဲ့ ချိတ်ဆက်လက်တွဲသွားဖို့ ရှိနေပေမယ့် ဆမ်ဆောင်းကလည်း သူရဲ့ ပရိသတ်အမြောက်အများ ရရှိထားတဲ့ ထုတ်ကုန်ကောင်းတွေ အများအပြား ထွက်ရှိဖို့ အရင်ဦးစားပေးရမှာ ဖြစ်တဲ့အတွက် Apple ရဲ့ ၀ယ်လိုအား ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး လို့ OLED suppliers တွေက ဆိုပါတယ်။
.
ကုမ္ပဏီတစ်ခုရဲ့ ဖုန်းအမျိုးအစားသစ် ဟာ ပုံမှန်ခန့်မှန်းခြေအားဖြင့် တစ်နှစ်အကြာမှာ တစ်ခါ အသစ်ထွက်လေ့ရှိတဲ့အတွက် တချို့ကတော့ ဒီသတင်းဟာ ကိုယ့်စိတ်ကြိုက်ဖုန်းတစ်လုံးမရမချင်း ဖုန်းအမျိုးအသစ်တစ်ခု ထွက်ပေါ်လာချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေ့ရှိတဲ့ အိုင်ဖုန်း ပရိသတ်တွေကို လက်ရှိထွက်ရှိပြီးသား iPhone 7 တွေကို ၀ယ်ယူစေဖို့နဲ့ iPhone7 အရောင်းစွံစေဖို့ အချိန်ကိုက် ထုတ်လွှင့်တဲ့ သတင်းဖြစ်နိုင်တယ် လို့လည်း ဆိုပါတယ်။
.
(ဖော်ပြထားတဲ့ ပုံကတော့ iPhone 8 ဖြစ်လာဖွယ်ရှိတယ် ဆိုတဲ့ Concept အမြင် နဲ့ ဖုန်းတစ်ခု သာ ဖြစ်ပါတယ်။)


Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment