♪ Huawei, ZTE တို့အပါအဝင် တန်ဖိုးနည်းဖုန်းတွေက သုံးစွဲသူရဲ့ဒေတာတွေကို ခိုးယူနေ ♫


တန်ဖိုးနည်း Android စမတ်ဖုန်းတွေဟာ အသုံးပြုသူတွေကို တိတ်တဆိတ်ထိန်းချုပ်နိုင်တဲ့ Software တွေကို တပ်ဆင်ထားပြီး သင့်ဆီက၊ ရှာဖွေတဲ့ အချက်အလက်တွေ၊ Message တွေကို ၇၂နာရီတိုင်းမှာ ခိုးယူနေတယ်လို့ Kryptowire လုံခြုံရေးရဲ့ သုတေသနအရ သိရှိရပါတယ်။

တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Shanghai Adups နည်းပညာကုမ္ပဏီက ထုတ်လုပ်ရေးသားထားတဲ့ Software ဟာ အသုံးပြုသူတွေရဲ့ ဒေတာ၊ ဖုန်းပြောဆိုမှုနဲ့ စာဆက်သွယ်မှုတွေကို ခိုးယူနိုင်အောင်ပြုလုပ် ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက ရည်ရွယ်ချက်ကတော့ ကြော်ငြာကဏ္ဍမှာ အဓိက အသုံးပြုနိုင်ဖို့ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ Tom Karygiannis ကိုယ်တိုင်က The Verge ကိုပြောကြားခဲ့တာပါ။

သတင်းဟာ အရင်ဆုံးအနေနဲ့ New York Times သတင်းစာကြီးက ဖောက်သည်ချလိုက်တာဖြစ်ပြီး Android ဖုန်းသုံးစွဲသူတွေကြားမှာ တုန်လှုပ်စရာဖြစ်ခဲ့ကြပါတယ်။

ဒီ Software ဟာ ဖုန်းအလုံးရေ သန်း ၇၀၀မှာ အလုပ်လုပ်နေပြီး အထူးသဖြင့် ပါတနာအနေနဲ့ ပြုလုပ် ထားတဲ့ Huawei နဲ့ ZTE တန်ဖိုးနည်းစမတ်ဖုန်းတွေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲကို တပ်ဆင်ထားတဲ့ နယ်ပယ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ (ဒီအတွက်ကိုလည်း Huawei နဲ့ ZTE တို့က မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး)

huawei-phone1

အဲ့ဒီအပြင် လတ်တလော သတင်းမွှေးနေတဲ့ အမေရိကန်ရဲ့ တန်ဖိုးနည်းစမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ BLU ရဲ့ ထုတ်ကုန်တွေတောင်မှ ဒီဆော့ဖ်ဝဲရန်က မလွတ်ကင်းနိုင်ပဲ အနည်းဆုံး BLU စမတ်ဖုန်းအလုံးရေ ၁၂၀,၀၀၀ မှာ ဆော့ဖ်ဝဲတပ်ဆင်ထားခြင်းခံရနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

blu-phone1

“လတ်တလော BLU ရဲ့မိုဘိုင်းဖုန်းတချို့မှာ Third Party App တစ်ခုကနေ စာရိုက် Messages တွေ၊ Call Log တွေ၊ Contacts တွေအပါအဝင် ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို တရားမဝင် ခိုးယူနိုင်အောင်ပြုလုပ် ထားတာကို ကြုံတွေ့ခဲ့ရပြီး လုံခြုံရေးပြဿနာကို အမြန်ဆုံး ဖယ်ရှားရှင်းလင်း ထားပြီ ဖြစ်တာကြောင့် BLU ထုတ်ကုန်တွေဟာ အရည်အသွေးပြည့်မှီသွားခဲ့ပြီ ဖြစ်ပါတယ်” လို့ ကုမ္ပဏီက ဖော်ပြထားပါတယ်။

Android ရဲ့ Google က ပြောရေးဆိုခွင့်ရှိသူကတော့ ကုမ္ပဏီအနေနဲ့ Kryptowire နဲ့ ဆက်သွယ်မှုမရခင်အထိ ပြဿနာကိုမဖြေရှင်းနိုင်သေးကြောင်းဆိုခဲ့ပါတယ်။ Huawei, ZTE တို့လိုကုမ္ပဏီတွေ အပါအဝင် ဒီ Software ကိုထုတ်လုပ်တဲ့ Kryptowire နဲ့ ဘယ်စမတ်ဖုန်း Brand တွေလက်တွဲနေတယ် ဆိုတာတော့ သေချာမသိရှိရသေးပါဘူး။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment