♪ Samsung Galaxy A7(2017) ရဲ့ Specs များပေါက်ကြား ♫


မကြာခင်ထွက်ရှိတော့မယ့် Samsung Galaxy A7(2017) ရဲ့ Specification အချက်အလက်တွေ သတင်းပေါက်ကြားလျက်ရှိတယ်လို့သိရပါတယ်။

သတင်းပေါက်ကြားချက်တွေအရ Samaung Galaxy A7 ဟာ 1920 x 1080 pixels (Full HD) ရုပ်ထွက်ကိုအပြည့်အဝထောက်ပံ့ထားတဲ့ 5.68 inch display နဲ့ ထွက်ရှိလာဖွယ်ရှိပြီး Android 6.0, 1.8GHz Samsung Exynos 7880 processor, 3GB RAM နဲ့ 32GB Storage တို့ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

External Storage အတွက် microSD card slot ပါဝင်ပြီး USB Type C နဲ့ 3600 mAh battery တို့ ပါဝင်လာမှာလို့လည်း ဆိုပါတယ်။ ထူးခြားချက်ကတော့ ရှေ့ကင်မရာအတွက်ရော နောက်ကင်မရာ အတွက်ပါ 16 megapixel ကင်မရာတွေကို အသုံးပြုမယ်ဆိုတာပါပဲ။

Samsung Galaxy A7(2016) ကို (၂၀၁၅) ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ထုတ်လုပ်ရောင်းချခဲ့သလိုပါပဲ အခု A7(2017) ကိုလည်း လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment