♪ “Meizu က ကင်မရာအသစ်တပ်ဆင်ထားတဲ့ Pro 6s ကိုမိတ်ဆက်” ♫


Meizu က တရုတ်မှာPro 6s ကိုမိတ်ဆက်လိုက်ပြီး Pro 6 ရဲ့ မျိုးဆက်ဖြစ်ပါ တယ်။ ကင်မရာနဲ့ ဘက်ထရီအပိုင်း ကိုအဆင့်မြှင့်ထားပါတယ်။ Pro 6s ကို အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ အညို၊ ရွှေ၊ ငွေနဲ့ နှင်းဆီ ရွှေရောင်များထုတ်လုပ်ထားပါတယ်။ 

၅.၂ လက်မ Super AMOLED Full HD Display, 4GB RAM, 64GB Internal Storage တပ်ဆင်ထားပါတယ်။ Core ၁၀ လုံးပါတဲ့ Helio X25 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ Pro 6 မှာထက် ပိုမိုကောင်းမွန်တဲ့ အနောက်ကင်မရာတပ်ဆင်ထားပါတယ်။ Pro 6s မှာ 4-Axis Optical Image Stabilizaion နည်းပညာ ပါတဲ့ 12MP IMX386 Sensor တပ်ဆင်ထားပါတယ်။

ကင်မရာမှာ Laser-Assistance, Phase-Detection Autofocus နည်းပညာများလည်းပါပါတယ်။ အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။ ဘက်ထရီအပိုင်းမှာလည်း မျိုးဆက်သစ်ဟာ ပိုမို ကောင်းမွန် လာပြီး 3060mAh Battery တပ်ဆင်ထားပါတယ်။ ယခင် မျိုးဆက်မှာ 2560mAh Battery သာပါရှိတာပါ။

Pro 6s မှာ လျင်မြန်စွာ အားသွင်းနိုင်တဲ့ mCharge 3.0 ပါပါတယ်။ လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာ မြှပ်နှံထားတဲ့ mTouch Front Key ပါပါတယ်။ 4G LTE Cat.6, Dual-SIM Connectivity, Dual-Band WiFi, Bluetooth 4.1, GPS ဆက်သွယ်မှု များပါ ရှိပါတယ်။ Android OS ကိုFlyme Launcher နဲ့ ပေါင်းစပ်ထားပါတယ်။ တရုတ်မှာဒေါ်လာ ၃၉၉ ၀န်းကျင်ဖြင့် ရောင်းချမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment