♪ " Meizu မှ Pro 6S အား အဓိကကင်မရာအသစ်ဖြင့် ထုတ်လုပ် " ♫


Meizu Pro 6S အား တရုတ်တွင်ကြေညာသွားခဲ့ပြီး အဆိုပါဖုန်းသည် Pro 6 အား ပိုမိုအဆင့်မြှင့် ထားခြင်းဖြစ်ကာ ပိုမိုကောင်းသောကင်မရာနှင့် ဘက်ထရီတို့ပါဝင်မည်ဖြစ်သည်။ Pro 6 အတိုင်းပင် Pro 6S သည် အလူမီနီယံကိုယ်ထည်အားသုံးထားပြီး ဒီဇိုင်းအရဆင်တူခဲ့သည်။

5.2" Super AMOLED screen အား 1080p resolution နှင့် 3D press စွမ်းရည်အား တွဲဖက်ပေးထားသည်။ Helio x 25 chipset အားသုံးစွဲထားပြီး core ၁၀ ခုပါသည်။ Processors (2 x A72 2.5 GHz, 4 x A53 5 GHz, 4 x A53 1.4 GHz) အားသုံးထားပြီး Mail T880 MP4 GPU အားသုံးထားသည်။

RAM 4GB နှင့် 64GB storage ပါဝင်ပြီး micro SD သုံးစွဲနိုင်စွမ်းမရှိပေ။ အဓိကကင်မရာမှာ ထူးခြားခဲ့ပြီး Pro 6S တွင် 23MP IMX 386 sensor အား သုံးထားကာ 4-axis optical image stabilization, laser assistance နှင့် Phase detection auto-focus တို့ပါဝင်သည်။ 10 LED dual-tone ring flash ကိုလည်း တွေ့နိုင်သည်။

 ရှေ့ကင်မရာမှာ 5MP ဖြစ်ကာ 1.4µm pixels ရှိသည်။ နောက်ထပ်အဆင့်မြှင့်တင်မှုတစ်ခုမှာ ဘက်ထရီဖြစ်ပြီး 3060mAh ဖြစ်လာကာ Charge 3.0 ကိုလည်း ထောက်ပံ့ပေးခဲ့သည်။ Pro 6S တွင် LTE Cat 6 ပါဝင်ပြီး dual -SIM, dual-band WiFi, Bluetooth စသည်တို့ကို အဆင့်မြှင့်တင်ပေးထားသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment