♪ " Mi Note 2 ကို စရံငွေ ငါးသောင်းကျပ်ပေးသွင်းကာ အွန်လိုင်းဈေးနှုန်းအတိုင်း Pre-Order မှာယူနိုင်ပြီ " ♫


Mi Home များတွင် Mi Note 2 ကို စရံငွေ ငါးသောင်းကျပ်ပေးသွင်းကာ အွန်လိုင်းဈေးနှုန်းအတိုင်း Pre-Order မှာယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ 

Mi Note 2 (RAM 4GB, ROM 64GB) ကို ငွေကျပ် (၅၃၀၀၀၀) ဖြင့်လည်းကောင်း၊ Mi Note 2 (RAM 6GB, ROM 128GB) ကို ငွေကျပ် (၆၂၀၀၀၀) ဖြင့်လည်းကောင်း ကြိုတင်မှာယူနိုင်သည်။ Pre-Order များကို ယခုလ (၇) ရက်နေ့မှ (၂၀) ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ကာ ပစ္စည်းအပ်နှံမှုများကို (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာ (၃၀) ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်သည်။ သတ်မှတ်ရက်တွင် ပစ္စည်းအပ်နှံမှုမရှိခဲ့ပါက စရံငွေ၏ (၂) ဆကို ပြန်ပေးသွားမည်ဖြစ်ကာ ရန်ကုန်မြို့ရှိ Mi Home အချို့တွင် Mi Note 2 နှင့် Mi Mix တို့ကို စမ်းသပ်ကြည့်ရှုနိုင်ရန် ခင်းကျင်းပြသပေးထားလျက်ရှိသည်။


Pre-Order မှာယူခြင်းများနှင့်ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-01225649, 0931000010 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment