♪ " Windows 10 မှာ လိုအပ်မယ့် Shortcut တွေ " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫


Keyboard shortcut ဆိုတာက တကယ်သုံးတတ်ရင် တစ်ချက်တည်းနဲ့ ကိုယ်လိုရာကို ရောက်တယ်။ အချိန်ကုန်သက်သာပြီး အလုပ်တွင်ပါတယ်။ Copy and paste ဆိုပါစို့။ Ctrl + C နဲ့ Ctrl + V နှစ်ချက်နဲ့တင် အလုပ်ဖြစ်တယ်ဆိုတာ သုံးဖူးသူတွေသိပါတယ်။ ဒါက သိသူများတဲ့ shortcut ပါ။ တကယ်သုံးမယ်ဆိုရင် Windows ထဲမှာ shortcut ရာချီပြီး ရှိပါတယ်။ 

Windows 10 ထဲမှာတော့ Shortcut အသစ်တွေ ပိုပြီးထည့်ပေးလာပါတယ်။ ဒါကြောင့် System ထဲ လှည့်ပတ်သွားလာရာမှာ Window တွေ အဖွင့်အပိတ်လုပ်ရာမှာ Organise လုပ်ရာမှာ desktop ကို customize လုပ်ရာမှာ အထောက်အကူ ပိုပြီးရလာပါတယ်။ ဒါကြောင့် PC ထဲမှာ လုပ်ချင်သမျှအလုပ်တွေကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် လုပ်နိုင်ဖို့အတွက် အကောင်းဆုံးအသုံးအတည့်ဆုံး shortcut တွေကို ခေါင်းစဉ်တွေခွဲပြီး လေ့လာကြည့်ကြပါမယ်။

Setting Menu And Apps
Windows version အသစ်တစ်ခုထွက်တိုင်း Microsoft က feature အသစ် တွေ ထပ်ထည့်ပါတယ်။ Windows 10 က နောက်ဆုံးထွက်ဆိုတော့ feature လည်း အများဆုံးပါ။ ဒါကြောင့် Windows ထဲမှာ လူကြိုက်အများဆုံး Action Centre ၊ setting app ၊ Connect panel နဲ့ Cortana စတာတွေကို shortcut တွေသုံးပြီး တိုက်ရိုက်ခေါ်တင်နိုင်ပါတယ်။ Shortcut အသစ်တွေအတွက် အများဆုံးသုံးရမှာက Window key ပါ။ ကီးဘုတ်ပေါ်မှာ သူ့ကိုရုပ်ပုံလေးအနေနဲ့ ထူးထူးခြားခြား တွေ့ရပါမယ်။ 


ပထမဆုံး Windows Key နဲ့ A ကို တွဲနှိပ်မယ်။ Action Centre ပေါ်လာမယ်။ အဲဒီကနေပြီး notification တွေကို ကြည့်နိုင်တယ်။ နောက်တစ်ခါ Windows key နဲ့ I ကိုတွဲပြီးနှိပ်မယ်။ Windows 10 မှာအသစ်ပါလာတဲ့ setting app ပွင့်လာမယ်။ Windows key နဲ့ k ကိုတွဲနှိပ်ရင် Connect panel ပွင့်လာမယ်။ PC နဲ့ တခြား device တွေ ဥပမာပြောရရင် smart TV လိုဟာမျိုးနဲ့ ကွန်ရက်ချိတ်ပြီး ဆက်သွယ်နိုင်ပါမယ်။ Windows key နဲ့ X ကို တွဲနှိပ်ရင် alternative smart menu ပေါ်လာမယ်။ ဒီ menu က သာမန်အားဖြင့်ဆိုရင် start button ပေါ်မှာ ညာကလစ်ထောက်ပြီးခေါ်မှ ရတာမျိုးပါ။ ဒီ menu ကနေ control panel နဲ့ Device Manager ဆီ အလွယ်တကူ သွားနိုင်ပါတယ်။


ဖိုင်တွေနဲ့ပတ်သက်ပြီးကြည့်ချင်ရင် Windows key နဲ့ E ကို တွဲပြီးနှိပ်ရပါမယ်။ File explorer Window ပေါ်လာမယ်။ သူ့ထဲမှာ Quick access tab က ရွေးပြီးသားဖြစ်ပါတယ်။ Windows key နဲ့ H ကို တွဲပြီးနှိပ်ရင် Share Charm ပေါ်လာပါမယ်။ သူကတော့ Windows 8 မှာတွေ့ခဲ့တဲ့ fearture ပါ။ ဒီနေရာကနေ Website ၊ Video ၊ Photo တွေကို တခြားလူဆီ အီးမေးလ်ကတစ်ဆင့် Share နိုင်ပါတယ်။ Windows 10 မှာပါတဲ့ Massaging app နဲ့ Social media တွေဆီလည်း အလွယ်တကူ သွားနိုင်ပါတယ်။ Shortcut သုံးပြီးခေါ်နိုင်တဲ့အထဲမှာ Windows 10 ရဲ့ accessibility setting လည်းပါတယ်။ Screen ပေါ်က စာတွေဖတ်ဖို့ အခက်အခဲဖြစ်နေလား။


Windows key နဲ့ enter ကိုတွဲနှိပ်ပါ။ Narrator app ပေါ်လာပါမယ်။ Screen ပေါ်မှာ ပေါ်လာသမျှစာသားတွေကို အသံထွက်ပြီးဖတ်ပြပါမယ်။ Windows key နဲ့ u ကို တွဲပြီးနှိပ်ရင် Ease of access panel ပေါ်လာပါမယ်။ Windows key နဲ့ အပေါင်းလက္ခဏာကို တွဲပြီးနှိပ်ရင် Magnifier ကို ဖွင့်ပေးပါမယ်။ screen ပေါ်က စာလုံးတွေ ကောင်းကောင်းမြင်ရပြီလား။ မမြင်ရသေးရင် အဲဒီကီးနှစ်ခုကို ထပ်နှိပ်ပေးပါ။ စာလုံးတွေကို ထပ်ပြီး အကြီးချဲ့ပေးပါမယ်။ စာလုံးတွေ ပြန်ချုံ့ချင်ရင် Windows key နဲ့ အနှုတ်လက္ခဏာကို တွဲပြီးနှိပ်ပါ။ မှန်ဘီလူးထဲကနေ ထွက်ချင်ရင် Windows key နဲ့ Escape ကို တွဲနှိပ်ပါ။

Open Windows
Windows 10 မှာ ထူးခြားလာတာက Snap assist ပါ။ Screen ကို လေးပိုင်း ညီညီညာညာပိုင်းပြီး Explorer Window လေးခု ပွင့်လို့ရစေပါတယ်။ Windows 7 မှာတုန်းက screen ကို နှစ်ပိုင်းပိုင်းပြီး Explorer Window နှစ်ခု ပွင့်ခွင့်ပြုတာ အခြေအနေပိုပြီးကောင်းလာပါတယ်။ Explorer Window တစ်ခုကို mouse နဲ့ ဖိဆွဲပြီး screen ရဲ့ ထောင့်တစ်ခုထဲကို တွန်းသွင်းလိုက်ရင် screen ရဲ့ လေးပုံတစ်ပုံစာ နေရာယူပြီး ပွင့်လာပါမယ်။


ဒီလိုမလုပ်ချင်ဘဲ ကီးဘုတ်ပေါ်ကတစ်ဆင့် နေရာချမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ Explorer Window တစ်ခုကို ဖွင့်ထားပါ။ Windows key နဲ့ arrow key လေးခုထဲက တစ်ခုခုကိုသုံးပြီး သူ့ကို ကြိုက်တဲ့ထောင့်တစ်ထောင့်ကို ပို့ပစ်လို့ရပါတယ်။ အဲဒီ Windows ကို maximize ပြန်လုပ်ချင်သလား၊ Windows key နဲ့ up arrow key ကို တွဲနှိပ်ပါ။ Minimize လုပ်ချင်ရင် Windows key နဲ့ down arrow key ကိုတွဲနှိပ်ပါ။ တကယ်လို့ Windows key နဲ့ Shift + up arrow key ကို တွဲနှိပ်မယ်ဆိုရင် လက်ရှိ width ကို မပြောင်းလဲစေဘဲ Explorer Window ကို အကြီးချဲ့ပေးမှာဖြစ်ပါတယ်။


Windows key နဲ့ tab ကိုတွဲနှိပ်ရင် Windows 10 ထဲမှာ အသစ်ပါလာတဲ့ Task view ကို မြင်ရပါမယ်။ ဒါဆိုရင် ကိုယ်ဖွင့်ထားသမျှ Window တိုင်းကို သေသေသပ်သပ်မြင်ရပါမယ်။ တကယ်လို့ desktop ပေါ်မှာ pin လုပ်ထားတဲ့ note တစ်ခုခုကိုအလွယ်ကြည့်ချင်ရင် Windows key နှင့် Comma key ကိုတွဲနှိပ်ပါ။ လက်ရှိဖွင့်ထားတဲ့ Window တွေကို minimize လုပ်စရာမလိုဘဲ အဲဒီ note ကို မြန်မြန်ဆန်ဆန်ကြည့်နိုင်ပါမယ်။ Windows 10 မှာ Shortcut အသစ်တွေ အများကြီးပါလာတယ်ဆိုပေမယ့် ဖွင့်ထားတဲ့ Window တွေနဲ့ပတ်သက်ပြီး သုံးလို့ရတဲ့ အရင် shortcut အဟောင်းတွေလည်း ရှိပါတယ်။ ဥပမာပြောရရင် တစ်ခုထက်မက ပိုဖွင့်ထားတဲ့ Window တွေကို တစ်လှည့်စီကူးတဲ့နည်းပါ။ Desktop ပေါ်မှာ Edge browser ၊ Office နဲ့ PDF reader တွေကို အစဉ်အတိုင်းဖွင့်ထားတယ်ဆိုပါစို့။ Windows key နဲ့ 1 ကိုတွဲနှိပ်ရင် Edge ပွင့်လာပြီး Windows key နဲ့ 2 ကိုတွဲနှိပ်ရင် Office ပွင့်လာတာမျိုး ဖြစ်ပါတယ်။


Windows key နဲ့ D ကိုတွဲနှိပ်ရင် ဖွင့်ထားတဲ့ Window အားလုံးကို minimize လုပ်ပေးပြီး Desktop ကိုပဲ မြင်ရပါတယ်။ အဲဒီ key အတွဲကို ပြန်နှိပ်ရင် ဖွင့်ထားတဲ့ Window တွေ ပြန်ပေါ်လာပါမယ်။ ဒီကီးအတွဲအဖက် ကိုတော့ Windows XP လောက်ကတည်းက မြင်ဖူးကြမှာပါ။ Windows key နှင့် L ကိုတွဲနှိပ်ရင် PC ကို lock ချပေးမှာပါ။ Account တွေ ဖွင့်ထားပြီး password ခံသုံးမယ်ဆိုရင် PC ပြန်သုံးဖို့အတွက် Password ထည့်ပေးရပါလိမ့်မယ်။ Windows key နဲ့ R ကိုတွဲနှိပ်ရင် Run dialogue box ပေါ်လာပါမယ်။


သူကတော့ PC ထဲမှာ search လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ဖုံးကွယ်နေတဲ့ program တွေ (ဥပမာ - Registry Editor) လိုဟာမျိုးကို ခေါ်ဖွင့်ဖို့အတွက် လိုအပ်ပါတယ်။ Windows key နဲ့ Home ကို တွဲနှိပ်မယ်ဆိုရင် လောလောဆယ်မသုံးတဲ့ non-active Window တွေအားလုံးကို minimize လုပ်ပေးပါမယ်။ သုံးလက်စတစ်ခုပဲ ကျန်မယ်ပေါ့။ အဲဒီကီးအတွဲကိုပဲပြန်နှိပ်ရင် ဖွင့်လက်စ Windows တွေအားလုံး နဂိုအခြေအနေပြန်ရောက်လာပါမယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment