♪ OnePlus 3 ကိုဆက်ခံတဲ့ ဒေါ်လာ ၄၄၀တန် OnePlus 3T ဖုန်းသစ်ကို ထုတ်လုပ် ♫


Teaser Campaign တွေကို တစ်ပတ်ကြာပြုလုပ်ပြီးနောက်မှာ OnePlus 3T ကို ယခုအခါ တရားဝင်ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။ OnePlus 3T ဟာ ပထမမော်ဒယ် OnePlus 3 နဲ့ ပုံစံတူပဲဖြစ်ပြီး အရောင်ပိုင်းမှာတော့ “Gunmetal” လို့ခေါ်တဲ့ အသစ်တစ်မျိုး ထပ်မံထည့်သွင်းလာခဲ့ပါတယ်။

အတွင်းပိုင်းမှာဆိုရင်တော့ အနည်းငယ်ပြောင်းလဲသွားခဲ့ပြီး ကောလာဟလတွေအတိုင်းပဲ 3T ဟာ OnePlus 3 ရဲ့ SD820 ကို ဖြုတ်ပြီး Qualcomm ရဲ့ Snapdragon 821 Processor ကိုအသုံးပြုလာခဲ့တာပါ။  3T ကို Storage ဗားရှင်းနှစ်မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး 64GB နဲ့ 128GB ဆိုပြီး ဖြစ်ပါတယ်။

ဖုန်းအသစ်အနေနဲ့ ကျောဘက်ကင်မရာကို အရင်မော်ဒယ်အတိုင်း မပြောင်းလဲပဲ 16MP ရှိမှာဖြစ်ပြီး F/2.0 ရှိမှာပါ။ တခြားတစ်ဖက်မှာလည်း Selfie ကင်မရာကို Resolution ပိုင်း အကြီးအကျယ်မြှင့်တင်လာခဲ့ပြီး 8MP ရှိတဲ့ Sony ရဲ့ ဆင်ဆာက 1080p ဗီဒီယိုတွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကာဗာကိုတော့ Sapphire Crystal ကာဗာမှာ အစင်းရာကာကွယ်နိုင်တဲ့ ကာဗာအဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။


နောက်ဆုံးအနေနဲ့ တိုးတက်လာတဲ့ အရာတစ်ခုကတော့ ဘက်ထရီပမာဏပါပဲ။ OnePlus 3T ဖုန်းဟာ 3400 mAh cell ကိုအသုံးပြုထားပြီး OnePlus 3 ထက် 400mAh ပိုသွားခဲ့ပါတယ်။ ဒါဟာဆိုရင် ပိုမိုများပြားတဲ့ ဘက်ထရီသက်တမ်းကို ပိုင်ဆိုင်ထားတယ်ဆိုတာကတော့ သေချာပါတယ်။ 20W OpePlus Dash Charge ကို ထောက်ပံ့ထားပြီး အားသွင်းရတာ ပိုမိုမြန်ဆန်စေနိုင်မှာပါ။ လက်ရှိအချိန်အထိတော့ Android 6.0 Marshmallow နဲ့သာ အလုပ်လုပ်မှာဖြစ်ပါတယ်။

OnePlus 3 ဟာ အရောင်အနေနဲ့ Silver, Soft Gold ဆိုပြီး ထုတ်လုပ်မှာဖြစ်ကာ Gunmetal ဆိုပြီးတော့လည်း အရောင်ပါဝင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် နိုဝင်ဘာ ၂၂ရက်နေ့မှာ မြောက်အမေရိကမှာ ဖြန့်ချိမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ၄၄၀ (64GB Storage), ရှိမှာဖြစ်တာကြောင့် OnePlus 3 ထက် ဒေါ်လာ ၄၀ ပိုများသွားပါတယ်။ 128GB Storage ကတော့ ဒေါ်လာ ၄၈၀ရှိမှာဖြစ်တယ်လို့ သိရပါတယ်။



Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment