♪ Ooredoo က Smart 12 Series ဟန်းဆက်များကို စတင်ရောင်းချ ♫


Ooredoo မြန်မာအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မိတ်ဆက်ပေးခဲ့တဲ့ Smart 12 Series 4G ဟန်းဆက်များကို စတင်ရောင်းချလိုက်ပြီဖြစ်ပါတယ်။

နိုဝင်ဘာ(၁၁) ရက်နေ့ မနက်(၁၁) နာရီကနေ ညနေ (၇) နာရီအတွင်း မြန်မာပလာဇာက Ooredoo အရောင်းပြခန်းမှာ စတင်ရောင်းချခဲ့တာဖြစ်ပြီးဝယ်ယူအားပေးသူများအတွက် ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ နဲ့ ကံစမ်းမဲအစီအစဉ်များကို လည်းပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။

ရောင်းချခဲ့တဲ့ 4G စမတ်ဖုန်း (၃)မျိုးကတော့ Smart 12 4G Plus, Smart 12 4G Super Star နဲ့ Smart 12 4G Lux Star တို့ဖြစ်ပြီး (၈၀၀၀၀) ကျပ် ၊ (၁၀၀၀၀၀) ကျပ် ဈေးနှုန်းတွေနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ 3G Handset ဖြစ်တဲ့ Smart 12 3G Plus ကိုတော့ ပျှမ်းမျှ ကျပ် (၆၀၀၀၀) သောင်းကျပ်ဈေးနှုန်းနဲ့ ရောင်းချ ခဲ့တာဖြစ်ပါတယ်။

 အဆိုပါ Smart 12 အမျိုးအစား အူရီဒူးအမှတ်တံဆိပ် ဟန်းဆက်တွေကို ၀ယ်ယူအသုံးပြုသူများ အနေနဲ့ တစ်လတစ်ကြိမ်ငွေဖြည့်သွင်းတိုင်းမှာ အပိုငွေဖြည့်လက်ဆောင်ကို (၁၂) လ တိတိရရှိမှာဖြစ်ပါတယ်။ အဆိုပါ ဟန်းဆက်တွေကို အာမခံ (၁) နှစ် ပေးထားပြီး ဝယ်ယူပြီး (၃)လ အတွင်း မှာ စက်ချို့ယွင်းချက် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  ဟန်းဆက်အသစ်နဲ့ ပြန်လည်လဲလှယ် ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အဆိုပါ ဟန်းဆက်များကို နိုင်ငံတစ်ဝှမ်းရှိ Ooredoo အရောင်းဆိုင်တွေမှာဝယ်ယူရရှိနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။



Credit to ==> Digital Times
 




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment