♪ Ooredoo မှ ညသုံး အင်တာနက်အစီအစဉ်များကို မိတ်ဆက် ♫


Ooredoo Myanmar မှ ညဘက်မှာ အင်တာနက်သုံးတဲ့သူတွေအတွက် မြန်ဆန်ပြီး ဈေးနှုန်းချိုသာတဲ့ အင်တာနက်အစီအစဉ်တွေကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

Ooredoo User တွေအနေနဲ့ ညဘက် (၁၁) နာရီကနေ နောက်တစ်နေ့ မနက် (၇) နာရီအတွင်းမှာ ဂိမ်းဆော့ခြင်း၊ အွန်လိုင်းက သီချင်းတွေ နဲ့ ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်ရှုနားထောင်ခြင်း ၊ Download ရယူခြင်း စတာတို့ကို 1MB ကို ပြား(၈၀) နှုန်းနဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ညသုံးအင်တာနက်အစီအစဉ်တွေအနေနဲ့ကတော့ တစ်ညတာအတွက် 250MB ကို (၃၀၀) ကျပ်၊ တစ်ပတ်စာအတွက် 1GB ကို (၁၀၀၀)ကျပ် နဲ့ တစ်လစာအတွက် 4GB ကို (၃၀၀၀)ကျပ် နှုန်းတို့ဖြစ်ပြီး ကြိုက်နှစ်သက်ရာအစီအစဉ်ကို *133# ကိုဖုန်းခေါ်ဆိုကာ ဝယ်ယူနိုင်တယ်လို့သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကိုထပ်မံသိရှိလိုပါက 444 သို့ အခမဲ့ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) http://bit.ly/NightMm မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့သိရပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment