♪ ကွေးညွတ်လို့ရတဲ့ဖုန်းတွေ အတွက် ပုံရိပ်အချို့ကို Samsung ထုတ်ဖော် ♫


တကယ်လို့ မျက်နှာပြင်ကွေးတာနဲ့တင်မလုံလောက်လို့ ကွေးညွတ်လို့ရတဲ့ ဖုန်းတွေကိုပါ လိုချင်တယ် ဆိုရင်တော့ နောက်ထွက်မယ့် Samsung ရဲ့ မျိုးဆက်ဖုန်းသစ်တွေဟာ သင့်အတွက် ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီအကြောင်းကို ပုံတွေတင်ပြီး Teaser လုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်ကို ပြန်သွားမယ်ဆိုရင် Samsung ဟာ ဒီလိုပုံစံတူ ပစ္စည်းတစ်မျိုးကို ဒီနှစ်ထဲမှာ ထုတ်လုပ်မယ်လို့ သတင်းထွက်ထားခဲ့ပေမယ့် ထွက်လာခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် Samsung အနေနဲ့ ထုတ်လုပ်နေတဲ့ ဖုန်းနဲ့ ပါတ်သက်တဲ့ ပုံရိပ်တစ်ချို့ကို ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပြီး ဒီပုံတွေအရဆို မျက်နှာပြင်ကို အကြီးအကျယ်ခေါက်ထားလို့ ရနိုင်တဲ့ ပုံစံတစ်မျိုးကို အခြေခံပြီး ဒီဇိုင်းထုတ်ထားတာကို တွေ့ရမှာပါ။

ဒီဒီဇိုင်းဟာ Microsoft ရဲ့ Surface Book လက်ပ်တော့တွေမှာ အသုံးပြုခဲ့တဲ့ ပုံစံနဲ့ဆင်တူပြီး Samsung ရဲ့ထုံးစံအတိုင်း Home Button, Menu နဲ့ Back ကီးတွေလည်း ပါဝင်ပါတယ်။ မျက်နှာပြင်ဟာ အချိုးအနေနဲ့ ၂၁:၉ နဲ့ပဲ ထုတ်လုပ်ဖွယ်ရှိနေပြီး မျက်နှာပ်ြင်အနေနဲ့ ဘယ်လောက်အကျယ်ရှိမယ်ဆိုတာတော့ မပြောထားပါဘူး။

ဒါပေမယ့် ကွေးညွှတ်မျက်နှာပြင် Project Valley စမတ်ဖုန်းကို Galaxy X ဆိုတဲ့ မော်ဒယ်နာမည်သစ်နဲ့ ဈေးကွက်ကို ဖြန့်ချိနိုင်ကြောင်း ဆိုထားကြပါတယ်။


Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment