♪ “Mobile Photographer လမ်းညွှန်” ♫


မိုဘိုင်းဖုန်းတွေဟာလူတွေအတွက်အရေးပါတဲ့ နေ့စဉ်သုံးတစ်ကိုယ်ရေ အသုံးအဆောင်တစ်ခု ဖြစ်လာရတဲ့အကြောင်းအရင်းကတော့စမတ်ဖုန်း ကုမ္ပဏီတွေကဖုန်းတွေရဲ့အသုံးဝင်မှုကိုအဆုံးအစွန်အထိ မြှင့်တင်လိုက်နိုင် လို့ပါပဲ။မိုဘိုင်းဖုန်းတွေဟာဖုန်းပြောရုံ၊မက်ဆေ့ပို့ရုံဆိုတဲ့ ဘောင်တွေကို ကျော်လွန်ပြီးဒီဘက်ခေတ်မှာ လူတွေနဲ့ပိုပိုပြီးတစ်သားတည်းကျလာပါပြီ။အထူးသဖြင့်စမတ်ဖုန်းတွေပေါ့။ကျွန်တော်တို့တွေဟာ ဓာတ်ပုံဆရာတွေနဲ့ဓာတ်ပုံရိုက်တဲ့ခေတ်ကိုလှလှပပကျော်ဖြတ်လာခဲ့တာအထင်အရှားပါပဲ။စမတ်ဖုန်း ကင်မရာ တွေကလူတွေကိုအပျော်တမ်းဓာတ်ပုံဆရာတွေ ဖြစ်လာစေပါတယ်။ ကိုယ်တွေနိုင်ငံမှာလည်းမိုဘိုင်းဖုန်းတွေပေါလာပြီးတဲ့နောက်မှာSelfie ရိုက်တာ ကနေစပြီးPro ရိုက်တာအထိစမတ်ဖုန်းနဲ့ရိုက်ကြတာတွေအလွန်ခေတ်စားလာ ပါတယ်။စမတ်ဖုန်းကင်မရာတွေကိုအသုံးဝင်အံကျလှတဲ့Photo Editing App လေးတွေနဲ့တွဲဖက်အသုံးပြုလိုက်ရင်သိပ်ကောင်းတဲ့ဓာတ်ပုံတွေကိုဖန်တီးလို့ရ ပါတယ်။တစ်ခုပဲလိုတာပါကျွန်တော်တို့မှာဘယ်လောက်ဖန်တီးနိုင်တဲ့စွမ်းရည်ရှိလဲဆိုတဲ့အချက်ပါပဲ။ ဒီအချက်ကလူတိုင်းစမတ်ဖုန်းနဲ့ဓာတ်ပုံရိုက်ကြပေမယ့် ထွက်ရှိလာတဲ့ပုံခြင်းကွဲပြားရခြင်းရဲ့အကြောင်းအရင်းပါပဲ။ဖန်တီးနိုင်စွမ်းဆို တာကလည်း မွေးရာပါပင်ကိုယ်အသိဥာဏ်နဲ့ လေ့လာထားတဲ့အသိပညာတွေ အပေါ်မှာအခြေခံထားပါတယ်။
ဓာတ်ပုံရိုက်တာနဲ့ပတ်သက်ပြီးသိထားသင့်တဲ့ဗဟုသုတလေးတွေကို လေ့လာ ထားရင် တော်ရုံပုံကောင်းကောင်းထွက်လာမှာကတော့အမှန်ပါပဲ။
ဥပမာ အနေနဲ့ ပြောရရင်စမတ်ဖုန်းနဲ့ပဲရိုက်ရိုက်DSLR နဲ့ပဲရိုက်ရိုက် ဓာတ်ပုံ ရိုက်မယ်ဆိုရင်Camera Lens ကိုအရင်သန့်ရှင်းထားသင့်ပါတယ်။ နောက်ပြီး ပုံတစ်ပုံရိုက်ဖို့အတွက်အချိန်လည်းယူသင့်ပါတယ်။အချိန်ယူFocus ဖြတ်ပြီး စနစ်တကျရိုက်တာကပုံကောင်းကောင်းတွေပိုထွက်စေပါတယ်။နောက်ပြီး စမတ်ဖုန်းတွေနဲ့ဓာတ်ပုံရိုက်ရင်အတတ်နိုင်ဆုံးZoom မသုံးသင့် ပါဘူး။စမတ်ဖုန်းတွေမှာပါဝင်တဲ့Zoom တွေဟာတကယ့်Professional Camera တွေကZoom တွေလိုမဟုတ်ပါဘူး။Digital Zoom သက်သက်သာ ဖြစ်ပါတယ်။ဒါကြောင့်Zoom ဆွဲတယ်ဆိုတာပုံရိပ်ကိုအနီးအနားကိုဆွဲယူတာ မဟုတ်ဘဲသတ်မှတ်ဘောင်ထဲကပုံရိပ်ကိုဆွဲဖြဲလိုက်တဲ့သဘောသာဖြစ်ပါတယ်။ဒါကြောင့် စမတ်ဖုန်း တွေမှာ Zoom ဆွဲလိုက်ရင်ပုံက၀ါးသွားတတ်တာပါ။
နောက်ပြီးကင်မရာကိုကိုင်တွယ်ရာမှာလည်းတည်တည်ငြိမ်ငြိမ်ကိုင်သင့်ပါ တယ်။ကင်မရာမငြိမ်ရင်ပုံရိပ်တွေမပြတ်သားတာ၊ေ၀၀ါးတာဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ခါကျရင်ရိုက်နေစဉ်မှာသတိမထားမိပေမယ့်ရိုက်ပြီးမှလက်မငြိမ် တာ၊လှုပ်မိတာသတိထားမိလို့ပုံကောင်းမထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာမိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်သူတွေအများဆုံးကြုံရတဲ့ ပြဿနာပါ။
နောက်ပြီးပုံရိုက်စဉ်မှာတစ်ခါတည်းစိတ်ချရတဲ့အထိခပ်များများရိုက်ထားသင့် ပါတယ်။တစ်ပုံအဆင်မပြေရင်တစ်ပုံအဆင်ပြေအောင် ပြန်ရွေးချယ်လို့ ရပါ တယ်။တချို့တွေကပုံအများကြီးရိုက်ရတာကိုမနှစ်သက်ကြပါဘူး။ဒါပေမယ့် ဓာတ်ပုံရိုက်ရင်တစ်ပုံဆိုတစ်ပုံပဲရိုက်လေ့ရှိတာကတကယ်လို့အဲဒီဓာတ်ပုံအဆင်မပြေရင်အဲအနေအထားကို အတိအကျပြန်ရဖို့အဆင်မပြေတော့တာကြောင့် နှမြောစရာပါ။ဒါကိုလည်းသတိထားသင့်ပါတယ်။
နောက်ပြီးမိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်သူအများစုဟာEffect တွေအများအပြား သုံးလေ့သုံးထရှိကြပါတယ်။ဒါဟာ ကောင်းတဲ့အချက်တွေလည်းရှိသလို မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းအများကြီးပါ။Photo Editing App တွေဟာကွန်ပျူတာပေါ်ကPhoto Editing Software တွေလိုပုံတွေကို အသေးစိတ် ပြုပြင်ပေးတာမဟုတ်ဘဲနဲ့မွမ်းမံပေးရုံသာတတ်နိုင်ပါတယ်။ ဒါကို သတိထားဖို့လိုပါတယ်။တကယ်လို့မဖြစ်မနေအသုံးပြုဖို့လိုအပ်တယ်။အသုံးပြုရတာဝါသနာပါတယ်ဆိုရင် ကိုယ့်အကြိုက်ပေါ်မူတည်ပြီးကိုယ်နဲ့ကိုက်ညီမယ့်App ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။App တိုင်းကကိုယ့်အကြိုက်နဲ့ ကိုက်ညီ မှာမဟုတ်ပါဘူး။အလင်းအမှောင်ပိုင်းကို ကောင်းကောင်းပြုပြင်ချင်တာ ဆိုရင်Adobe Photoshop Express လိုApp မျိုးအသုံးပြုသင့်ပါတယ်။Adobe Photoshop ဟာကွန်ပျူတာနဲ့ဓာတ်ပုံပြုပြင်ဖန်တီးမှုလောကမှနတ်ဘုရား တစ်ပါးလိုအရှိန်အ၀ါကြီးမားလှပါတယ်။ဒါပေမယ့်လူတိုင်းလက်လှမ်းမီတဲ့ စမတ်ဖုန်းတွေပေါ်မှာတော့အဲဒီလိုထပ်တူညီတဲ့ အောင်မြင်မှုမျိုးရရှိဖို့ကိုတော့ သူတို့မစွမ်းဆောင်နိုင်သေးပါဘူး။သို့သော်လည်းသူတို့ထုတ်ထားတဲ့Adobe Photoshop Express ဆိုတဲ့App ကတော့ တော်တော်စွမ်းလှပါတယ်။ အဆင့်မြင့် App တစ်ခုဖြစ်ပေမယ့်အသုံးပြုရရိုးရှင်းလွယ်ကူပြီးတော့ တခြား Adobe ရဲ့ထုတ်ကုန်တွေနဲ့ချိတ်ပြီးအသုံးပြုနိုင်တာကြောင့်အဆင်ပြေလှ ပါတယ်။
Auto-enhance tools တွေနဲ့sophisticated filters တွေ ပြည့်ပြည့်စုံစုံ အသုံးပြု ချင်ရင်Polarr Photo Editor လိုApp မျိုးအသုံးပြုသင့်ပါတယ်။ဒီApp ကလည်း တစ်ကမ္ဘာလုံးကMobile Photographer အများစုကအသုံးပြုနေကြတဲ့Editing App တစ်ခုလည်းဖြစ်ပါတယ်။လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးနဲ့Professional ဆန်ဆန်အသုံးပြုချင်ရင်Fotor Photo Editor လိုဟာမျိုးအသုံးပြုသင့်ပါတယ်။ သူကမိုဘိုင်းဖုန်းပေါ်မှဓာတ်ပုံပြုပြင်တဲ့App ဆိုတာထက်photo နဲ့ပတ်သက်တဲ့ one-stop platform တစ်ခုလို့ကိုညွှန်းဆိုလို့ရပါတယ်။editing လုပ်တာအပြင် ဓာတ်ပုံရိုက်တာ၊Social Media တွေအပေါ်ကိုတိုက်ရိုက်မျှဝေတာနဲ့ တိုက်ရိုက် ရောင်းချချင်ရင်လည်း ရောင်းချနိုင်အောင်ဖန်တီး ပေးထားပါတယ်။ဒီApp ကိုမိုဘိုင်းဖုန်းပေါ်ကPhotoshop လို့ဓာတ်ပုံပညာရှင်တွေကညွှန်းဆိုကြတဲ့ အထိအသုံးပြုရအဆင်ပြေပါတယ်။လူငယ်ဆန်ဆန်ကာလာ အရောင်ဆန်းတွေ နဲ့အရမ်းFun ဖြစ်တဲ့အနေအထားမျိုးနဲ့အသုံးပြုချင်ရင်Photo Editor Pro ကိုအသုံးပြုသင့်ပါတယ်။သူကတော့Effect တွေFilter တွေsticker တွေ အပြည့်စုံဆုံးထည့်သွင်းပေးထားတဲ့Photo Editing App ဆိုပြီးနာမည်ကျော်ပါ တယ်။Effect များများကလိချင်သူတွေအကြိုက်တွေ့မယ့်App မျိုးပါ။ နောက်ပြီး Memes တွေလည်းလုပ်လို့ရပါတယ်။ဒီလိုApp တွေကအသုံးဝင်ပေ မယ့်လိုတာထက်ပိုအသုံးပြုရင်ပုံကိုဖျက်ဆီးသလိုပါပဲ။ ဖြစ်နိုင်ရင် အတန် အသင့်ပဲအသုံးပြုသင့်ပါတယ်။လက်ရှိပြည်တွင်းမှာလည်းကင်မရာစွမ်းဆောင် ရည်မြင့်တဲ့မိုဘိုင်းဖုန်းတွေပိုများလာတဲ့အပြင်Mobile Photography ပြိုင်ပွဲတွေ Smartphone Film ပြိုင်ပွဲတွေလည်းကျင်းပနေတာကြောင့်ဝါသနာရှင်တွေ ဘယ်လောက် များတယ်သိသာပါတယ်။အပျော်တမ်းပဲရိုက်ရိုက်ပြိုင်ပွဲအတွက်ပဲ ရိုက်ရိုက်ဓာတ်ပုံပညာရဲ့အခြေခံအချက်တွေကိုဂရုစိုက်သင့်ပါတယ်။ဒါမှသာ ရိုက်လိုက်တဲ့ဓာတ်ပုံတိုင်းဟာအရည်အသွေး မြင့်မြင့်နဲ့လှလှပပဖြစ်နေမှာပါ။ ဓာတ်ပုံဆိုတာအမှတ်တရဖြစ်တာကြောင့်ကိုယ့်ရဲ့အမှတ်တရတွေလှလှပပ ဖန်တီးနိုင်အောင်အကြံပေးလိုက်ရပါတယ်။

မောင်မိုးဇွန်
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment